နာကျင်ရတဲ့အချိန်တိုင်းမှာ အားပါးတရ ငိုလိုက်သင့်တဲ့ အကြောင်းအရင်း (၅) ချက်

Shutterstock/Monkey Business Images
Sponsored

လူတိုင်းမှာ ပင်ပန်းရတဲ့ အချိန်တွေဆိုတာ ရှိပါတယ်။ ပင်ပန်းတဲ့အချိန်တိုင်းမှာ မြိုသိပ်ထားတာမျိုးက ကောင်းတဲ့အလုပ်တစ်ခုလို့ ထင်ရပေမယ့်လည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။ စိတ်ပင်ပန်းတာတွေ၊ ဝမ်းနည်းလာတာတဲ့အချိန်မှာ ငိုချင်မိတာမျိုး ရှိပါတယ်။ ဒီအချက်က သဘာဝက ကိုယ့်ကို ဝေဒနာကနေ သက်သာအောင် ပြုလုပ်ပေးထားတဲ့အချက် ဖြစ်ပါတယ်။ ယောင်္ကျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် နာကျင်ရတဲ့ အချိန်တွေမှာ ငိုလိုက်တာက အကောင်းဆုံး ဖြစ်ကြောင်းကို ဒီအချက်တွေ ကြည့်ရင် သိနိုင်ပါတယ်နော်။

(၁) စိတ်အရမ်း မဖိစီးစေဖို့

Sponsored

စိတ်ဖိစီးမှုဆိုတာ ဖြေဖျောက်ပေးဖို့ လိုကို လိုအပ်ပါတယ်။ စိတ်ညစ်စရာ မှန်သမျှကို ရင်ထဲမှာ သိမ်းထားတာမျိုးက စိတ်ညစ်မှု မပြေပျောက်သွားဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ ဖြစ်လာနိုင်သလို ကိုယ်ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ ကိုယ်က နာကျင်လာတဲ့အခါ ငိုချင်မိရင် လူတွေကို ကိုယ့်ရဲ့ နာကျင်မှုတွေ မမြင်စေချင်ဘူးဆိုရင် တစ်ယောက်တည်း ဖြစ်ဖြစ် ငိုလိုက်မယ်ဆိုရင် သင့်မှာ ဖိစီးနေတာတွေက တစ်ဝက်လောက်နီးပါး သို့ အကုန်လုံး သက်သာသွားစေနိုင်ပါတယ်။

READ
အတွေးများပြီးခံစားတတ်လွန်းသူတွေ ဘဝမှာပျော်ရွှင်နိုင်ဖို့ ချက်ချင်းစွန့််လွှတ်ပစ်သင့်တဲ့အရာ (၇)မျိုး
rolencino/Freepik

(၂) ခေါင်းမကိုက်ဖို့

စိတ်ထဲနာကျင်လာတာတွေ အရမ်းများလာရင် ကိုယ်က ထွက်ပေါက်တစ်ခု မလုပ်ပေးဘူးဆိုရင် ကိုယ့်ခန္ဓာကိုယ်ကို လက္ခဏာတစ်ခုအနေနဲ့ ထွက်လာတတ်ပါတယ်။ အထူးသဖြင့် ခေါင်းကိုက်တာမျိုးနဲ့ အများဆုံး ပေါ်ထွက်လာတတ်ပါတယ်။ တစ်ချို့တွေကတော့ အစာအိမ်အောင့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီအတွက် ကိုယ် နာကျင်ရတဲ့အခါတွေမှာ ကိုယ့်အတွက် တွေးပြီး စိတ်တင်းမထားဘဲ ငိုချလိုက်တာက အကောင်းဆုံးပါပဲ။

wirestock/Freepik

(၃) သက်သာသွားဖို့

စိတ်ညစ်ရတဲ့ ခံစားချက်က ဘယ်လောက် ဆိုးဝါးတယ်ဆိုတာကို ခံစားဖူးသူတိုင်း သိကြပါတယ်။ ဘာပဲလုပ်နေပါစေ စိတ်ဖိစီးမှုက ကိုယ်နဲ့ မကွာ ရှိနေပြီး နာကျင်ခံစားရနေစေမှာပါပဲ။ ဒီအတွက် စိတ်သက်သာရာရမှသာ ကိုယ်လည်း ခံစားရသက်သာသွားမှာ ဖြစ်ပါတယ်။ ဒီလို သက်သာဖို့အတွက် အလွယ်ကူဆုံးနည်းကတော့ ခက်ခဲ ပင်ပန်းလွန်းလို့ ငိုချင်လာတဲ့အချိန်မှာ ငိုလိုက်တာပဲ ဖြစ်ပါတယ်။

READ
နေ့စဉ်ဘ၀ဖြတ်သန်းမှုမှာ ကြုံရလေ့ရှိတဲ့ပြဿနာ (၇)မျိုးနဲ့ ၎င်းတို့ကိုဖြေရှင်းနိုင်မယ့် နည်းလမ်းများ
dragonimages/Freepik

(၄) အိပ်ပျော်စေတယ်

ကလေးတွေ ငိုပြီးရင် မောပြီး အိပ်သွားတယ်ဆိုတာ ဒီသဘောပါပဲ။ နာကျင်ရလို့ အားပါးတရ ငိုလိုက်မယ်ဆိုရင် သင့်ရဲ့ ဖိစီးမှုတွေကို သက်သာသွားစေပါတယ်။ စိတ်ဖိစီးမှုတွေက ဦးနှောက်ကို ပိုအလုပ်လုပ်စေပြီး ညအိပ်မပျော်ခြင်းတွေပါ ဖြစ်စေတတ်ပါတယ်။ ငိုလိုက်တာမျိုးက ကလေးတွေမှာလိုပဲ လူကြီးတွေအပေါ်မှာ သက်ရောက်မှု ရှိနေတာကို သုတေသနတွေကနေ တွေ့ရှိထားပါတယ်။ ငိုလိုက်တာနဲ့ အကျိုးဆက်အနေနဲ့ စိတ်တည်ငြိမ်မှုတွေနဲ့ သက်သာရာရမှုတွေနဲ့ နာကျင်မှုတွေ လျော့ကျသွားလို့ အိပ်ပျော်စေတာ ဖြစ်ပါတယ်။

Pixabay/Pexels

(၅) အမြင်အာရုံတွေကို ပိုကောင်းစေတယ်

မျက်ရည်ကျတာက မျက်စိကျန်းမာရေးအတွက်လည်း ကောင်းမွန်နေပါသေးတယ်။ မျက်လုံးထဲမှာ မလိုအပ်တဲ့ ဘတ်တီးရီးယားတွေကို မျက်ရည်တွေနဲ့အတူ ပါသွားစေပါတယ်။ ဒါ့အပြင် ငိုလိုက်တာက မျက်လုံးတွေကို အစိုဓာတ်ဖြည့်ပေးပြီး မျက်လုံးခြောက်တာမျိုးကို ကာကွယ်ပေးပါတယ်။ ဒီအတွက် အမြင်အာရုံကို ပိုပြီး ကြည်လင်လာစေပါတယ်နော်။

Kham

sponsored