ချစ်သူက သင့်ကိုသတိရနေရင် သင့်ဆီမှာဖြစ်လာမယ့် နိမိတ်လက္ခဏာ(၅)မျိုး

shutterstock/Photographee.eu
Sponsored

ချစ်သူက သင့်ကိုသတိရနေပြီဆိုရင် သင့်ဆီမှာ ဒီလိုလက္ခဏာလေးတွေ ဖြစ်လာနိုင်ပါတယ်။ သင်နဲ့သူ့ကြားက စိတ်ခံစားချက်တွေရဲ့ လေးနက်ခိုင်မာမှုတွေပေါ်မှုတည်ပြီး ဒီလက္ခဏာလေးတွေက သင့်ဆီမှာ အစွမ်းပြပုံတွေ ကွာခြားသွားပါလိမ့်မယ်။ ဒါကြောင့် သူ့ဘက်က သင့်ကိုသတိရနေရင် သင့်ဆီမှာ ဘယ်လိုလက္ခဏာမျိုးတွေ ဖြစ်မလဲဆိုတာ လေ့လာကြည့်ရအောင်နော်…

(၁) ကြို့ထိုးမယ်

shutterstock/Nicoleta Ionescu
Sponsored

တစ်ကယ်လို့ သင်က ရုတ်တရက် ကြို့ထိုးလာမယ်ဆိုရင်တော့ သင့်အကြောင်းကို သူ့ဘက်က စဉ်းစားနေလို့ပါ။ ဒီကြို့ထိုးတာကို ပျောက်အောင် သင့်ဘက်က နည်းအမျိုးမျိုးနဲ့ လုပ်နေပေမယ့် ပျောက်မသွားပဲ အချိန်အတိုင်းအတာတစ်ခုကြာမှ သူ့အလိုလို ပျောက်သွားတာမျိုးကို ကြုံဖူးမှာပါပေါ့နော်။ ဖြစ်နိုင်တာကတော့ သူ့ဘက်က သင့်ကိုလွမ်းနေလို့ သင့်အကြောင်းတွေ စဉ်းစားနေတာမျိုး၊ သင့်ဆီက အဆက်အသွယ်ကို မျှော်နေတာမျိုး အစရှိတဲ့ သင်နဲ့ပတ်သတ်တာတွေကို တွေးနေမိလို့ သင့်က ကြို့ထိုးနေရတာပါတဲ့။

READ
အဆက်ဟောင်းနဲ့ ပြန်တွေ့တဲ့အခါ တည်ငြိမ်စွာလုပ်ဆောင်ရမယ့် အရာများ

(၂) ငှက်မွှေးတွေ့မယ်

သွားရင်းလာရင်းနဲ့ အမှတ်မထင် ငှက်မွှေးလေးပဲဖြစ်ဖြစ် တွေ့မိရင် သင့်အကြောင်းကို သူ့ဘက်က စဉ်းစားနေလို့ပါ။ စစ်တမ်းတွေအရ အဲဒီလူက သင့်အကြောင်းကို သူ့ခေါင်းထဲက ထုတ်မရအောင် အချိန်တိုင်းစဉ်းစားမိနေပါတယ်တဲ့။

(၃) သတိရမိသွားမယ်

shutterstock/Svitlana Sokolova

သင့်ဘက်က တစ်ခုခု လုပ်နေရင်း ဘာအကြောင်းပြချက်မှမရှိပဲ သူ့အကြောင်းက သင့်ခေါင်းထဲမှာ အလိုလျောက်ပေါ်လာရင်တော့ သူ့ဘက်ကလည်း သင့်အကြောင်းကို စဉ်းစားနေလို့ပါတဲ့။ ပြောရရင် နှစ်ယောက်လုံးက တိုက်တိုက်ဆိုင်ဆိုင် သတိရနေတာမျိုးပေါ့။ ဒီလိုအချိန်မျိုးမှာ သူ့အကြောင်းကို သင့်ဘက်က ပိုစဉ်းစားလေ သူ့ဘက်ကလည်း သင့်အကြောင်းကို ပိုစဉ်းစားမိလေပါပဲတဲ့။ စစ်တမ်းတွေအရ နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာတွေက အရမ်းလေးနက်နေလို့ စိတ်စွမ်းအင်တွေ အရမ်းကောင်းမွန်ပြီး ဒီလိုတိုက်တိုက်ဆိုင်ဆိုင် သတိရမိနေတာမျိုးပါတဲ့။

(၄) အိမ်မက်မက်တယ်

ဒါကတော့ စိတ်ဆွဲလို့ မက်တာမျိုးလည်းဖြစ်နိုင်သလို သူ့ဘက်က သင့်ကိုသတိရနေရင်လည်း သင့်အိမ်မက်ထဲက သူ့ကိုမြင်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မင်းသားတစ်ယောက်ကို အိမ်မက်ထဲထည့်မက်တာကတော့ သူ့ဘက်က သင့်ကိုသတိရနေတယ်ဆိုပြီး ကောက်ချက်ချလို့မရဘူးပေါ့။ ဒါကတော့ စိတ်ဆွဲခြင်းတစ်မျိုးပါ။ ဒါပေမယ့် သင်နဲ့ပတ်သတ်ဖူးတဲ့ လူတစ်ယောက်ကို ဘာအကြောင်းပြချက်မှမရှိပဲ ရုတ်တရက် အိမ်မက်မက်ရင်တော့ သူ့ဘက်က သင့်ကိုအရမ်းသတိရနေတယ်ဆိုတာ ယုံကြည်လိုက်ပါနော်။

READ
မိန်းကလေးနဲ့ ယောကျာ်းလေးကြား အကြီးအကျယ်ကွဲလွဲတတ်တဲ့ အချစ်ရေးသဘောထားများ

(၅) ဘေးမှာရှိနေတယ်လို့ ခံစားရတယ်

shutterstock/Sergiy Borakovskyy

သင်တစ်ယောက်ထဲဖြစ်နေတဲ့အချိန် သင့်ဘေးနားမှာ သူရှိနေတယ်လို့ ခံစားနေရရင်တော့ သူ့စိတ်ထဲမှာ သင့်အကြောင်းတွေးနေပြီး သင့်ဘေးနားမှာ ရှိနေချင်လို့ပါ။ ဒါကလည်း နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာတွေ အရမ်းကို ခိုင်မာနေပြီး စိတ်ထဲမှာ အရမ်းနေရာယူထားမိနေကြလို့ပါ။

ET

sponsored