Relationship တစ်ခုကို စိတ်ကုန်လာတဲ့ အခါ ကြုံရတတ်တဲ့ အခြေအနေ(၅) မျိုး

Image:freepik.com/goffkein
Sponsored

Relationship  တစ်ခုကို စိတ်ကုန်လာတဲ့ အနေ အထား မျိုး ကို တော့ ချစ်သူ စုံတွဲ တော်တော်များများ မှာ ခံစားရ လေ့ ရှိပါတယ်။ဒီလို ခံစားရတယ် ဆိုတာ အဓိက အ ကြောင်းအရင်းက နှစ်ခုပဲ ရှိပါတယ်။နံပါတ် တစ်က တော့ တကယ် မချစ်ကြလို့ပါ၊နံပါတ်နှစ်က တော့ ဒီ Relationship မှာ အပြစ် အနာအဆာ တွေ အရမ်းများလာလို့ပါ။ နံပါ တ်နှစ် လို အခြေအ နေ မျိုးက တော့ နှစ်ယောက် မှာ တစ်ယော က်က လျစ်လျူရှုခံရတာ တွေ များလာ ရင် လည်း ဖြစ်တတ်ပါတယ်။ချစ်သူဘက်က ကိုယ့်ကို အရေးမစိုက်ပဲ ပစ်ထားတာတွေ များလာရင် သူ မရှိလဲ ကိုယ် နေ နိုင် သွားတာ ၊သူက ကိုယ့်ဘ၀ အတွက် အရေး မပါ တော့ သလို ခံစားလာရတာမျိုးတွေ လည်းရှိပါတယ်။Relationship တစ်ခု ကို စိတ်ကုန်လာပြီ ဆိုရင် ကြုံရတဲ့ အခြေအ နေ မျိုးတွေ က တော့…….

(၁)အကြာကြီး အဆက်အသွယ်မလုပ်ပဲ နေနိုင်လာတယ်

Image:pixabay.com/users/chuotanhls

Relationship တစ်ခုမှာက တစ်ခါ တလေ ကျတော့ လည်း အပိုတွေ လုပ်ပြ၊သဲသဲလှုပ်ပြတာ မျိုးတွေ က လိုပါတယ်။ခေတ် စကား နဲ့ ဆိုရင် တော့ ရို တာ မျိုးတွေပါ။အချစ်တွေ နုပျို လတ်ဆတ် နေဖို့က အပြန်အလှန် ဂရုစိုက်မှုတွေ လိုပါတယ်။အပြန်အလှန် မဟုတ်ပဲ တစ်ဖက် သတ် တွေ ဖြစ်နေရင်တော့ လိုက်ဂရုစိုက်နေ၊ချစ်နေရတဲ့ သူက နာကျင်ရတတ်ပါတယ်။တစ်ယောက် နဲ့ တစ်ယောက် အကြာ ကြီး အဆက်အသွယ် မလုပ်ပဲ နေတာမျိုးတွေ က လုံးဝ မလုပ်သင့်ပါဘူး။ဘာလို့လဲ ဆိုရင်တော့ ကြာရင် အကျင့်ပါ သွားတတ်ပါ တယ်။ အဆက်အသွယ် မလုပ်ပဲ ကြာ ကာနေနိုင်လာ တာတွေ အကြိမ် ရေ သိပ်များလာရင် တော့ သင့်ရဲ့ Relationship က အ ခြေအ နေ သိပ် မကောင်းတော့ပါဘူး။

READ
အထာကျကျဒီဇိုင်းအထာတွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်တဲ့ ကျော်ဆု

(၂)တိတ်ဆိတ်လာတယ်

Image:freepik.com/beststudio
Sponsored

ဒါက လည်း အပေါ်က အခြေအနေ နဲ့ တူပါတယ်။မတူတာ တစ်ခုက တော့ အဆက်အသွယ်တော့ လုပ်ပေမယ့် နှစ်ယောက် ဆုံ ရင် ပြောစရာ စကား နည်းလာတာပါ။တစ်ယောက်နဲ့ တစ်ယောက် တွေ့တဲ့ အချိန်၊ဒါမှမဟုတ် ဖုန်းပြောတဲ့ အခါမျိုးတွေ မှာ ပြောစရာ စကား ပျောက် နေတဲ့ အနေ အထားမျိုးတွေ နဲ့ ကြုံ နေရပြီလား..?ဘယ်သူက ဘယ်သူ့ အ ပေါ် တိတ်ဆိတ်လာ တာလဲ.? ဆိုတဲ့ မေးခွန်း တွေကို ပြန်စမ်းစစ်ပါ ။ပြန်ပြင်လို့ ရနိုင်သေးလား၊အဖတ်ဆယ်လို့ ရနိုင်သေးလား သေချာ ပြန်စဉ်းစားပါ။ အဖြေရလာရင်လည်း ပြတ်ပြတ်သားသားဆုံးဖြတ်ပါ။

(၃)ခဏခဏ ရန်ဖြစ်

Image:freepik.com/freepik

ဒါကလည်း သိပ် ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ပြန်ချစ်ဖို့ ရန်ဖြစ်တာလား၊စိမ်းကားလာ လို့ ရန်ဖြစ်တာ လား ဆိုတာက တော့ အရမ်းကို သိသာပါတယ်။စကား (၁၀)ခွန်းမှာ (၇) ခွန်း (၈) ခွန်းလောက်က အဆင် မပြေပဲ ရန်ပဲ ဖြစ် နေ ရင်တော့ ဒီ Relationship မှာ အချစ် ပျောက် နေလို့ပါ။ပြန်အဆင်ပြေ တာလည်း မဟုတ်၊မပြေတာလည်း မဟုတ်၊ပြဿနာ က အဖြေ ရယ်လို့ မယ်မယ် ရရ ထွက် မလာ ပဲ ပြီးဆုံး သွားရတဲ့ ရန်ပွဲတွေ က သိပ်များလာရင်တော့ ဒီ Relationship က အ ခြေအ နေ သိပ် မ ကောင်းပါဘူး။

READ
သတင်းထောက်တွေ မေးသမျှ ကို ပြန်မပြောပဲ စစ်မှုထမ်းသွားတဲ့ Seungri

(၄)တစ်ယောက်တည်းပဲ နေချင်တော့တာ

အရင် Single ဘ၀ကို ပြန် လွမ်းနေတာပါ။သင့်စိတ်ထဲမှာ လက်ရှိ အနေ အထားကို မပျော်ဘူး။အရင် တစ်ယောက် တည်း နေရတဲ့ ဘ၀ ကိုပဲ ပြန်လွမ်း နေတဲ့ အကြိမ် ရေ တွေ များလာပြီ ဆိုရင်တော့ ဒီ Relationship ပြိုကွဲ ဖို့က ရာခိုင်နှုန်းများနေပါပြီ။ဒီလို ခံစားနေရရင် တော့ ဘယ်နေရာက စမှားနေလဲဆိုတာကို ပြန်စဉ်း စားပါ။မိန်းက လေး အများစုက တော့ ချစ်သူဆီ က အချစ်တွေ ၊ဂရုစိုက်မှုတွေ မရတဲ့ အကြိမ် တွေ များလာရင် ဒီလို မျိုး ခဏခဏ တွေးမိတတ်ပါတယ်။

(၅)ပျော်ရွှင်မှု ပျောက်ဆုံး

Image:pixabay.com/users/chuotanhls

ကိုယ်နဲ့ အဆင်မပြေတဲ့ ဖိနပ်ကို စီးမိရင် ဖိနပ်ပေါက်သလိုမျိုးပါပဲ။ကိုယ်နဲ့ အဆင်မပြေတဲ့ Relationship တစ်ခု မှာ ကြာကြာ နေလာရင် သင့်ရဲ့ ပျော်ရွှင်မှု တွေ တဖြည်းဖြည်း ပျောက်ဆုံး လာပါလိမ့်မယ်။ပုံမှန်ဆိုရင် ကိုယ်ချစ်တဲ့ သူနဲ့ အတူရှိနေရင် ပျော် နေ ရမှာပါ။ဒါပေမယ့် အဲ့လို မခံစားရဘူး။သူ့အနား ရှိရင် လဲ မပျော်ရဘူး၊ သူနဲ့စ ကားပြောနေရတာ၊တွေ့နေရတာ  ကိုယ့် အတွက် ၀န်ထုပ် ၀န် ပိုး ကြီး တစ်ခု လို ဖြစ်နေတ ယ်ဆိုရင်တော့ ဒီ relationship ကို ပြန်သုံးသပ်ပါ။အပေါ်မှာ ပြောခဲ့သလိုပဲ ဘာကြောင့် ဒီလို ဖြစ်တာလဲ. ၊ဘယ်နေရာ က စ မှားနေလဲဆိုတာကို သူနဲ့ အတူရော၊သင်တစ်ယောက်တည်းရော အဖြေရှာ စမ်းစစ်ကြည့်ပါ ။ပြန်ပြင်လို့ ရတယ်ဆိုရင်တော့ ပြန် တည်ဆောက် ကြည့်ပါ။မရတော့တာ သေချာ ရင်တော့ ကိုယ့်ကိုယ်ကို ဆက်ညာမ နေပါနဲ့။လွှတ်ချ သင့်တဲ့ အရာတွေကို လွှတ်ချ လိုက်ပါ။

#AUNTYMAY

sponsored