သင့်ဘဝမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေလုပ်သင့်ပြီဖြစ်ကြောင်း ပြနေတဲ့လက္ခဏာ (၅) ရပ်

By Africa Studio/ Shutterstock
Sponsored

သင့်ရဲ့လက်ရှိအခြေအနေ၊ လက်ရှိဘဝမှာ မပျော်တော့ဘူးဆိုရင် ဘာကြောင့်လဲဆိုတာ စဉ်းစားဖို့ အချိန်တန်လာပါပြီ။ သင့်ဘဝမှာ မလုပ်သင့်တာကိုလုပ်နေမိတာ၊ လုပ်သင့်တာကို မလုပ်ပဲနေမိတာမျိုးတွေကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။ ခုဖော်ပြပေးမယ့် ခံစားချက်တွေ သင်ခံစားနေရပြီဆိုရင်တော့ သင့်ဘဝမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေကို သင်ကိုယ်တိုင်လုပ်သင့်နေကြောင့်း ပြနေတာဖြစ်ပါတယ်။ လက်ရှိနေရာမှာရပ်မနေတော့ပဲ သင့်ဘဝအတွက်လိုအပ်တဲ့ အရာတွေကိုလုပ်ကိုင်ရင်း ကောင်းမွန်တိုးတက်တဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါစေနော်။

(၁) အတိတ်ကိုပဲ ခဏခဏပြန်တွေးနေမိတယ်

By Africa Studio/ Shutterstock

သင့်ရဲ့အတိတ်တုန်းကအကြောင်းတွေကိုပဲ ခဏခဏပြန်တွေးနေမိတယ်ဆိုရင်တော့ အတိတ်ကနေ ရုန်းထွက်လိုက်သင့်ပါပြီ။ အတိတ်တုန်းကအမှားတွေကြောင့် ကိုယ့်ကိုယ်ကိုခဏခဏ အပြစ်ပြန်တင်နေတာမျိုး၊ ကိုယ့်ကိုယ်ကို ဘဝင်မကျဖြစ်နေတာမျိုး၊ အတိတ်ကြောင့် ပစ္စုပ္ပန်ကိုစိတ်ကုန်နေတာမျိုးတွေဖြစ်နေတယ်၊ ခံစားနေရတယ်ဆိုရင်တော့ သင့်ကိုချည်နှောင်နေတဲ့ အတိတ်ကကြိုးတွေကို သင်ကိုယ်တိုင် ဖြတ်ပစ်လိုက်ဖို့ အချိန်တန်နေပါပြီနော်။

(၂) မပျော်တော့ဘူး၊ ငြီးငွေ့လာတယ်

Sponsored

သင်ကြုံတွေ့နေရတဲ့အရာတွေ၊ သင့်ဘေးနားမှာရှိနေတဲ့အရာတွေကအစ သင့်အတွက် ငြီးငွေ့စရာကောင်းနေတယ်၊ ပျော်စရာမကောင်းတော့သလို ခံစားနေရမှာပါ။ တစ်နေ့တစ်နေ့ ကြုံတွေ့သမျှအရာတွေ၊ မြင်နေကြားနေရသမျှ အရာတွေအားလုံးဟာ သင့်အတွက် စိတ်ညစ်စရာကောင်းနေတယ်၊ ပျော်စရာမကောင်းတော့ဘူးဆိုရင်တော့ ဘာကြောင့်လဲဆိုတာ သင်ကိုယ်တိုင်စဉ်းစားပြီး ပြောင်းလဲမှုတွေကို စတင်လိုက်ပါ။

READ
မျက်ကပ်မှန်တပ်ခါမှ မျက်လုံးပါဆုံးရှုံးလိုက်ရတဲ့ သင်ခန်းစာယူစရာအမျိုးသမီး...

(၃) တခြားသူတွေရဲ့ဘဝကိုအားကျနေမိတယ်

သင့်ရဲ့ ဘဝထက် တခြားသူတွေရဲ့ ဘဝတွေက ပိုပြီးသာယာနေတယ်၊ ပျော်ရွှင်နေတယ်၊ အားကျနေမိတယ်ဆိုရင်တော့ ဒါဟာလည်း တစ်ခုခုလွဲနေတဲ့ လက္ခဏာဖြစ်ပါတယ်။ ဘယ်သူမှတော့ကိုယ့်ဘဝကို အမြဲတမ်းကျေနပ်နေတယ်လို့တော့ မရှိပေမယ့် ကိုယ့်ဘဝကို အမြဲတမ်းအားမလိုအားမရဖြစ်နေတယ်၊ သူများတွေကို အားကျနေမိတယ်ဆိုတာကတော့ လုံးဝကို လွဲနေပါပြီ။ လက်ရှိဘဝမှာမပျော်တော့ဘူးဆိုရင် ဒီထက်ပိုကောင်းတဲ့ ဘဝမျိုးဖြစ်အောင် ဘယ်လိုကြိုးစားရမလဲဆိုတာ သင်ကိုယ်တိုင် စဉ်းစားလုပ်ဆောင်သင့်ပါပြီ။

(၄) ကိုယ့်အတွက်ကိုယ်မစဉ်းစားတော့ဘူး

By Pixel-Shot/ Shutterstock

သင်ဟာ သင့်ရဲ့အသွင်အပြင်ကို ဒီထပ်ပိုလှလာအောင် ကြိုးစားချင်စိတ်လည်းမရှိတော့ဘူး၊ ခန္ဓာကိုယ်အလှအပ ထိန်းသိမ်းဖို့လည်း ဂရုမစိုက်နိုင်တော့ဘူး၊ ဘာဆိုဘာမှ စိတ်မဝင်စားတော့ဘူးဆိုရင်တော့ သင့်ရဲ့ လက်ရှိအခြေအနေကို ကောင်းမွန်စွာ စဉ်းစားသင့်ပါပြီ။ သင့်ဘဝမှာ သင့်ကိုယ်သင်တောင် မချစ်နိုင်တော့ရင် ဘယ်တော့မှ ပျော်ရွှင်ရတော့မှာ မဟုတ်တာကြောင့် ကြီးမားတဲ့ပြောင်းလဲမှုတွေကို လုပ်သင့်နေပါပြီ။

READ
ဘော်ဒီကိတ်ပြီး ခန္ဓာကိုယ်လှတဲ့ မိန်းကလေးတိုင်း ရင်ဆိုင်ရတဲ့ အခက်အခဲများ

(၅) လမ်းဟောင်းတွေပြန်လျှောက်နေတယ်

သင်ဟာ အရင်က စွန့်လွှတ်လိုက်ပြီဖြစ်တဲ့ အကျင့်ဆိုးတွေ၊ လမ်းဟောင်းတွေကို ပြန်လျှောက်နေပြီဆိုရင်တော့ ဒါဟာ လုံးဝမဖြစ်သင့်ဘူးဆိုတာ သင်လည်း သိနေပြီးသားဖြစ်မှာပါ။ သင့်ကိုဘယ်အရာကို ပြန်ပြီးလဲကျစေတာလဲဆိုတာ ပြန်စဉ်းစားပြီး ပြုပြင်ပြောင်းလဲဖို့ သင်ကိုယ်တိုင် ကြိုးစားသင့်ပါတယ်။

Em Em

 

sponsored