(၃၁)ဘုံမှာ ရိုမန့်အဆန်တတ်ဆုံး ရာသီခွင် (၅) ခု

Photo by Trung Nguyen from Pexels
Sponsored

ကိုယ်မွေးဖွားတဲ့ ရာသီခွင်တွေကနေ ကိုယ်က ဘယ်လို အကျင့်တွေ အပြုအမူတွေ ရှိနေလဲဆိုတာကို သိနိုင်ပါတယ်။ ကိုယ့်ချစ်သူက ဘယ်လိုပုံစံရှိတဲ့သူလဲဆိုတာကိုလည်း သိနိုင်ပါသေးတယ်။ ရာသီခွင်တွေထဲမှာဆိုရင် အခုဖော်ပြမယ့် ရာသီခွင်သမားတွေက အချစ်ရေးမှာ သိပ်ကို ရိုမန့် ဆန်တတ်လွန်းကြပါတယ်။

(၁) Pisces ( ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့အထိ)

Sponsored

ရိုမန့်စ်အဆန်တတ်ဆုံး လူသားတွေ လို့ တင်စားရလောက်တဲ့ ရာသီခွင် ဖြစ်ပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်း ရှိတဲ့သူတွေ ဖြစ်သလို အချစ်ရေးမှာလည်း ချစ်သူကို ရိုဆန်ဆန် ခံစားစေတဲ့ သူတွေလည်း ဖြစ်ပါတယ်။ အမှတ်တရ ရက်စွဲတွေကိုလည်း ဘယ်တော့မှ မေ့မသွားတတ်ကြသလို တစ်ခု မဟုတ်တစ်ခုနဲ့ surprise လုပ်တတ်ကြပါသေးတယ်။ အပြင်အတူသွားရင်တောင်မှ အမြဲ ရိုဆန်ဆန်လေး ဖြစ်နေတာမို့ ဒီရာသီခွင်ဖွားတွေကတော့ ချစ်သူအဖြစ် သိပ်ကို အရည်အချင်းရှိသူတွေလို့ ဆိုရမှာပါ။

Photo by İbrahim Hakkı Uçman from Pexels

(၂) Leo (ဇူလိုင်လ ၂၂ ရက်နေ့ မှ သြဂုတ်လ ၂၂ ရက်နေ့ အထိ)

READ
Hailey Baldwin နဲ့ JB တို့ရဲ့ Wedding Date ထွက်ပေါ်လာ

ဒီရာသီခွင်သမားတွေကို တစ်ကိုယ်ကောင်းဆန်တယ်၊ အတ္တကြီးတယ်လို့ သိကြတာများပေမယ့် Leo တွေက သူတို့ ချစ်တဲ့သူအတွက်တော့ တကယ့်ကို အကောင်းဆုံး လူတွေ ဖြစ်ပါတယ်။ ချစ်မိသွားတဲ့အခါ အနူးညံ့ဆုံးသူတွေ ဖြစ်သွားပြီး အရမ်း ဂရုစိုက်တတ်ပြီး ရိုအဆန်ဆုံး လက်တွဲဖော်တစ်ယောက် အဖြစ် တွေ့ရတတ်ပါတယ်။ သူတို့ရဲ့ အချစ်ကို ရရှိတဲ့သူတွေကလည်း သူတို့ရဲ့ အချစ်ကြောင့် လုံခြုံနေသလို ခံစားရမှာပါ။

Photo by Jonathan Borba from Pexels

(၃) Libra (စက်တင်ဘာလ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်နေ့အထိ)

ချစ်တတ်လွန်းတဲ့ အတွေးတွေနဲ့ ပြီးပြည့်စုံအောင် ချစ်တတ်သူတွေကတော့ Libra တွေပဲ ဖြစ်ပါတယ်။ ကိုယ့်အနားမှာ ချစ်သူခင်သူတွေ အများကြီး ရှိနေတာကို သဘောကျသူတွေလည်း ဖြစ်ပါတယ်။ သူတို့က သူတို့ ချစ်တဲ့သူတွေကို ဂရုစိုက်တတ်သလို Dinner ပွဲ အတူလုပ်တာ၊ ရိုမန့်ဆန်တဲ့ အလှအပတွေကို ပြင်ဆင်တာမျိုးတွေမှာ စိတ်အားထက်သန်ကြပါတယ်။ နှစ်လိုဖွယ်ရာ အချက်တွေ ရှိနေတဲ့ သူတွေလည်း ဖြစ်ပါတယ်။

READ
ချစ်သူအပေါ် ဘယ်လောက်ထိ ချစ်လဲ ဆိုတာ ရင်ဖွင့်ခဲ့ကြတဲ့ ထိုင်းဆယ်လီမမ များ
Photo by Trung Nguyen from Pexels

(၄) Virgo (သြဂုတ်လ ၂၃ ရက်နေ့မှ စက်တင်ဘာ ၂၂ ရက်နေ့အထိ)

Virgo လေးတွေကတော့ ဂရုစိုက်တတ်တဲ့သူတွေ အဖြစ်ကို မွေးဖွားလာကြတာပါ။ ကိုယ့်ချစ်သူအနားက ဘယ်တော့မှ ထွက်သွားမယ့် အပြုအမူမျိုးကို မပြသတတ်သူတွေ ဖြစ်ပါတယ်။ ချစ်သူကို ယုံကြည်မိသွားတာနဲ့ ချစ်သူနဲ့ အမြဲ ဘဝတစ်ခုကို အတူတည်ဆောက်ဖို့ ကြိုးစားတတ်ကြပါတယ်။ ချစ်သူနဲ့ ပတ်သတ်ရင် အသေးအမွှားလေးတွေကအစ အမှတ်ရနေပေးပြီး သူတို့ရဲ့ အားလပ်ချိန်တိုင်းက ချစ်သူအတွက် အသင့် ဖြစ်နေတတ်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။

Photo by Josh Hild from Pexels

(၅) Taurus (ဧပြီလ ၁၉ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိ)

သီချင်းတွေ ကဗျာတွေကို နှစ်သက်တတ်ကြတဲ့သူတွေ ဖြစ်ပြီး ချစ်သူတွေ ကဗျာတွေ စာတွေနဲ့ ချစ်ပြတတ်သူတွေလည်း ဖြစ်ပါတယ်။ ဂီတာတီးတတ်တဲ့သူတွေဆိုရင် ဂီတာတီးပြရင်း သင့်ကို တဖြုတ်ဖြုတ်ကြွေအောင် ပြုလုပ်တတ်ကြပါတယ်။ သူတို့ရဲ့ ချစ်သူတွေကို ရင်ခုန်အောင် လုပ်ပေးနိုင်တဲ့သူတွေပါပဲ။

Kham

 

 

sponsored