တစ်ဦးနဲ့တစ်ဦး ချစ်ကြပြီဆိုကတည်းက မျှော်လင့်ချက်တွေ ရှိလာစမြဲပဲဖြစ်ပါတယ်။ တစ်ဦးက တစ်ဦးအပေါ် မျှော်လင့်မှုတွေ ပါဝင်သလို နှစ်ဦးစလုံးအတွက် ဘဝမျှော်လင့်ချက်တွေလည်း ပါဝင်ပါတယ်။ လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်ကြတာပဲ မို့ ချစ်သူထားတဲ့ အခါမှာလည်း မျှော်လင့်မိတာတွေ ရှိတတ်ပါတယ်။ မိန်းကလေးတွေဘက် ကိုယ့်ချစ်သူအပေါ် မျှော်လင့်မိတာတွေ ရှိနေသလို ကောင်လေးတွေကလည်း ချစ်သူမိန်းကလေးတွေအပေါ် ဒီလိုမျိုး မျှော်လင့်မိတတ်ကြပါတယ်နော်။
(၁) လွတ်လပ်မှု
များသောအားဖြင့် ယောက်ျားလေးတွေက သူတို့ချစ်သူကောင်မလေးကို တစ်ဖက်သားကို မှီခိုနေရတဲ့ ဘဝမျိုးကို မလိုချင်ကြပါဘူး။ အမှီအခိုကင်းပြီး လွတ်လပ်တဲ့ ဘဝနဲ့ ချစ်သူကောင်မလေးက ပျော်ရွှင်နေတာကို မျှော်လင့်ကြပါတယ်။ ချစ်သူကောင်မလေးက သူ့အလုပ်၊ သူ့စိတ်ဝင်စားမှုနဲ့ သူ့ဝါသနာပါရာကို လုပ်နေတာမျိုးကို မျှော်လင့်ကြပါတယ်။ အပြန်အလှန်အားဖြင့်လည်း သူတို့အပေါ် ချစ်သူကောင်မလေးက အဲ့သလိုစိတ်ထားပေးတာကိုလည်း မျှော်လင့်ကြပါတယ်။

(၂) ချစ်သူကောင်မလေးက သူတို့အတွက် ဖွင့်ထားတဲ့ စာအုပ်တစ်အုပ်
ယောက်ျားလေးတွေက ချစ်သူကောင်မလေးကို နားလည်ရခက်တဲ့၊ လျှို့ဝှက်ဆန်းကျယ်ပြီး မြိုသိပ်တတ်တဲ့စိတ်ထားမျိုးရှိတာကို သိပ်နှစ်သက်လေ့မရှိကြပါဘူး။ အဲ့ဒီအစား သူတို့ကို ပွင့်ပွင့်လင်းလင်းပြောတာ၊ မကျေနပ်တာရှိရင် တည့်ပြောတာနဲ့ ခံစားချက်ကို ထိန်ချန်မထားတာမျိုးကို မျှော်လင့်ကြပါတယ်။ သူတို့အနေနဲ့ လက်ခံထားတာကတော့ ပွင့်လင်းမှုမရှိတဲ့ သမီးရည်းစားဆက်ဆံရေးတစ်ခုဟာ သဲနဲ့တည်ဆောက်ထားတဲ့ အိမ်တစ်ခုလိုပါပဲ။ ဒါကြောင့် သူတို့ဟာ ချစ်သူကောင်မလေးကို သူတို့အပေါ် ဖွင့်ထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ဖို့ မျှော်လင့်တတ်ကြပါတယ်။

(၃) သူတို့ရဲ့နဂိုရှိရင်းစွဲပုံစံကို လက်ခံဖို့ မျှော်လင့်ကြတယ်
ချစ်သူကောင်မလေးဘက်က အမြင်နဲ့ သူတို့ဘဝကို ပြောင်းလဲပစ်ရတာကို ကောင်လေးအများစုက မလိုချင်ကြပါဘူး။ အစမှတော့ ချစ်တဲ့အတွက် သူတို့ပုံစံကို ပြောင်းလဲဖို့ ကြိုးစားကြပေမယ့် နောက်ပိုင်းတော့ စိတ်မွန်းကြပ်လာပြီး ချစ်သူကောင်မလေးက အရာရာကို ချုပ်တည်းနေတယ်လို့ ခံစားလာကြရပါတယ်။ အဲ့ဒီအစား သူတို့က သူတို့စိတ်အလိုအလျောက် သိမြင်နားလည်ပြီး ပြင်တာနဲ့ သူတို့ရဲ့ ရှိရင်းစွဲပုံစံကို ချစ်သူကောင်မလေးဘက်က လက်ခံပေးဖို့ မျှော်လင့်ကြပါတယ်။

(၄) အလုပ်အတူ လုပ်ကြဖို့
အလုပ်တစ်ခုကို အတူတူ လုပ်ကိုင်ကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးတာ၊ တစ်ယောက်ရဲ့အမြင်ကို တစ်ယောက်က စဉ်းစားလက်ခံပေးတာနဲ့ အခက်အခဲတစ်ခုကို အတူတူ ကျော်လွှားတာ စတဲ့ အချက်တွေကို ကြုံရပါတယ်။ နှစ်ဦး ဘုံဝါသနာပါတဲ့ အလုပ်ဖြစ်ဖြစ် ဝါသနာဖြစ်ဖြစ် အကောင်အထည်ဖော်ပြီး အတူလုပ်ကိုင်ရတာမျိုးကို ကောင်လေးတွေက ချစ်သူကောင်မလေးနဲ့အတူ လုပ်ဖို့ မျှော်လင့်မိတတ်ကြပါတယ်။ ဒါအချက်က နှစ်ယောက်ပေါင်းရင် ဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို တိုးစေတယ်လို့ ကောင်လေးတွေက ဆန္ဒရှိကြတာမျိုး ဖြစ်ပါတယ်။

(၅) စိတ်လှုပ်ရှားမှု
ယောက်ျားလေးအများစုအနေနဲ့ သမီးရည်းစားဆက်ဆံရေးတစ်ခုကို ငြီးငွေ့လာတာဟာ လက်တွဲဖော်ကောင်မလေးဘက်က စိတ်လှုပ်ရှားမှုတွေ မရရှိတော့လို့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ ချစ်သူကောင်မလေးဘက်က သူတို့အပေါ် စိတ်လှုပ်ရှားမှုတွေ ပေးစွမ်းနိုင်ဖို့ မျှော်လင့်ကြပါတယ်။ နီးနီးကပ်ကပ် ရှိနေရတာ၊ ရုပ်ရှင်အတူကြည့်ကြရတာ၊ အတူတူ ချက်ပြုတ်စားသောက်ရတာ စတာတွေကနေတဆင့် စိတ်လှုပ်ရှားမှုတွေကို ချစ်သူကောင်မလေးဆီကနေ မျှော်လင့်တတ်ကြပါသေးတယ်။
Kham