ကလေး ဘဝမှာ လူတိုင်း ကြုံခဲ့ရတဲ့ အကြောင်းအရာ (၅) ခု

javi_indy/Freepik
Sponsored

ကလေးဘဝကတော့ ဘဝမှာ အမြဲ အမှတ်ရနေတတ်တဲ့ အတိတ်တစ်ခု ဖြစ်ပါတယ်။ ဆိုးသည် ဖြစ်စေ၊ ကောင်းသည် ဖြစ်စေ၊ ကလေးဘဝကိုတော့ လူတိုင်းက နှလုံးသားထဲ စွဲနေလေ့ ရှိပါတယ်။ ကလေးတိုင်းက မတူညီတဲ့ ဘဝမှာ ရှိကြပေမယ့်လည်း တူညီတဲ့ အကြောင်းအရာ အချို့ကိုတော့ ပိုင်ဆိုင်ထားကြပါတယ်။ အားလုံးရဲ့ ငယ်ဘဝကို ပြန်တွေးပြီး ကြည်နူးစရာ တစ်ခုခု တွေ့နိုင်စေဖို့ ဒီတူညီတဲ့ အရာတွေကို အန်တီမေကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

မိဘတွေကို ချစ်တယ်

Sponsored

ကလေးတွေရဲ့ တူညီတဲ့ အရာတစ်ခုက မိဘကို အရမ်း ချစ်ပြီး မိဘကလည်း ကိုယ့်ကို အရမ်းချစ်တာကို လိုချင်တာပဲ ဖြစ်ပါတယ်။ မိဘတွေက ငါ့သားလေး ငါ့သမီးလေးဆိုပြီး ချစ်စနိုးနဲ့ ထွေးပွေ့တာ ခံရတဲ့ အခိုက်အတန့်က ပြန်စဉ်းစားရင်တောင် ဘာနဲ့မှ မလဲနိုင်တဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ်။

pixabay/pexels

စူပါဟီးရိုးတွေကို ကြိုက်တယ်

များသောအားဖြင့် ၈၀ ရာစုနဲ့ ၉၀ ရာစု ပတ်ဝန်းကျင်မှာ မွေးတဲ့ ကလေးတွေမှာ ကာတွန်းတွေ ကာတွန်းကားတွေနဲ့ အချိန်တော်တော်များကို ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေ ရှိပါတယ်။ ဒီကနေ ကိုယ်နှစ်သက်တဲ့ ဇာတ်ကောင်တွေ အပြင် စူပါဟီးရိုးတွေလည်း ပါဝင်လာပါတယ်။ များသောအားဖြင့်ကတော့ စူပါဟီးရိုး တစ်ယောက်ယောက်ကို ကလေးတိုင်းက သူတို့ရဲ့ Idol အဖြစ် သတ်မှတ်ထားလေ့ ရှိပါတယ်။ ဒီအမှတ်တရတွေကတော့ ကြီးတဲ့အထိ ပြန်တွေးတိုင်း သဘောကျစရာ အခိုက်အတန့်ကို ဖြစ်စေပါသေးတယ်။

READ
မိဘတွေ ဆုံးမနေတဲ့ကြားက ရိုင်းစိုင်းတဲ့ကလေးတစ်ယောက် ဖြစ်သွားစေနိုင်တဲ့ အချက် (၅)ချက်
alexander_safonov/Freepik

လိုချင်တာတွေ ရရင် အရမ်း ပျော်တယ်

ကလေးဘဝမှာ ရှိတဲ့ အတ္တ တစ်ခုက လိုချင်တဲ့ ပစ္စည်းတွေကို ရလိုမှုပဲ ဖြစ်ပါတယ်။ လိုချင်တဲ့ ပစ္စည်းကတော့ အရုပ်လည်း ဖြစ်နိုင်သလို အစိတ်အပိုင်း တစ်ခုခုလည်း ဖြစ်နိုင်ပါတယ်။ သူတို့ သဘောကျတဲ့အရာက သူတို့အတွက် တန်ဖိုးအရှိဆုံး ဖြစ်ပြီး အဲ့အရာကို ရတဲ့အခါ ပျော်ရွှင်သွားတာကို လူကြီးတွေမှာ ရှိတဲ့ အပျော်နဲ့ နှိုင်းယှဉ် မရအောင် ဖြူစင်နေတာကိုလည်း ပြန်တွေးရင် သတိထားမိကြမှာပါ။

pixabay/pexels

တယောက်တည်း နေရတာ မကြိုက်ဘူး

ကလေးတွေကို အရုပ်တွေနဲ့ တစ်ယောက်တည်း ထားကြတာတွေ ရှိပါတယ်။ ဘယ်လိုပဲ ကလေးက တစ်ယောက်တည်း ကစားတယ်ဆိုစေကာမူ ကလေးတွေက အဖော်မက်တတ်ကြပါတယ်။ သူတို့ကတော့ တစ်ယောက်တည်း ရှိရတာကို မကြိုက်လို့ အရုပ်လေးတွေကို အဖော်လုပ်တာ၊ မိဘတွေကို ဆော့ဖို့ ခေါ်တာနဲ့ သူငယ်ချင်းတွေကို မင်တတ်ကြတာ ဖြစ်ပါတယ်။ ကိုယ့် ငယ်ဘဝကို ပြန်ကြည့်မိရင်လည်း အခုလို ချစ်ဖို့ ကောင်းတဲ့ အချက် ရှိနေမှာပါနော်။

READ
ငွေကြေးကြောင့် လမ်းမှားမရောက်စေဖို့ ကလေးတွေကို ငယ်စဉ်ကတည်းက ဒါတွေသင်ပေးပါ
pixabay/pexels

အသိအမှတ်ပြုခံချင်တယ်

လူကြီးတွေလည်း အသိအမှတ်ပြု ခံလိုစိတ် ရှိကြပေမယ့်လည်း ကလေးတွေဘဝမှာလည်း ဒါ ငါ့သား ငါ့သမီးဆိုပြီး မိတ်ဆက်ပေးရင် သိပ်ကို ပျော်မိတတ်ကြတာပါ။ ကောက်ရထားတာဆိုပြီး စခံထားရပြီဆိုရင်လည်း သံသယ ဖြစ်နေတတ်ပြီး ပြန်အသိအမှတ်ပြုလိုက်ရင်လည်း ရိုးရှင်းစွာ ပျော်သွားတာ ကလေးဘဝရဲ့ အဖြစ်အပျက်တွေထဲက တစ်ခုပါပဲ။

Kham

sponsored