ကိုယ့်အတွက် စစ်မှန်တဲ့ သူတစ်ယောက်နဲ့ ဆုံတွေ့နိုင်ဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေ

shutterstock/Edvard Nalbantjan
Sponsored

ဘဝမှာ ကိုယ်ရွေးချယ်မယ့်သူဟာ ကိုယ့်အတွက် စစ်မှန်တဲ့သူဖြစ်ဖို့ အရေးကြီးပါတယ်။ ကိုယ်ရွေးချယ်လိုက်မိတဲ့ သူမှားယွင်းသွားတာနဲ့ ကိုယ့်ရဲ့ဘဝတစ်ခုလုံးကလည်း ဇောက်ထိုးမိုးမျှော်ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘဝအတွက် စစ်မှန်တဲ့ သူကို ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ ဘဝရဲ့ စစ်မှန်တဲ့သူနဲ့ ဆုံတွေ့နိုင်ဖို့ ဒီအချက်လေးတွေကို လိုက်နာသင့်ပါတယ်နော်။

ကိုယ့်အတွက် တစ်စုံတစ်ယောက်ကို မရှာဖွေပါနဲ့

shutterstock/Masson

အချစ်ဆိုတာ ရှာဖွေခြင်းမဟုတ်ပါဘူး သူ့အလိုလို တွေ့ရှိလာခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘဝအတွက် တစ်စုံတစ်ယောက်ကို ရှာဖွေတာမျိုးတွေ မလုပ်ပါနဲ့။ ဒီလို ရှာဖွေခြင်းက သင့်ကိုစစ်မှန်တဲ့ သူနဲ့ တွေ့ဆုံဖို့ဆိုတာ မသေချာပါဘူး။ အချိန်တန်ရင် တစ်စုံတစ်ယောက်က သင်တကူးတက ရှာဖွေနေစရာမလိုပဲကို သင့်ဆီအလိုလို ရောက်လာမှာ ဖြစ်ပါတယ်။

ဖြစ်ပြီးခဲ့တဲ့ အမှားတွေအတွက် နောင်တရမနေပါနဲ့

Sponsored

အရင်က မှားယွင်းစွာ ရွေးချယ်ခဲ့ဖူးတဲ့သူ၊ နာကျင်စရာတွေ ကြုံခဲ့ရတဲ့ အချစ်နဲ့ပတ်သက်တဲ့ အရာတွေကို တွေးပြီး နောင်တရမနေပါနဲ့။ ဖြစ်ပြီးသွားခဲ့ပြီမို့ ပြန်တွေးနေလို့လည်း ဘာမှပြန်ပြင်ဆင်ခွင့် မရှိတော့ပါဘူး။ ပြန်တွေးမိတိုင်းသာ ကိုယ့်ကိုယ်ကို ထိခိုက်စေနိုင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အတိတ်ထဲမှာ ပိတ်မိမနေပါနဲ့ ဖြစ်ပြီးသွားတာတွေက သင်ခန်းစာတွေ ယူပြီး လက်ရှိမှာ အကောင်းဆုံးနေထိုင်ပါ။ အရင်က လုပ်ခဲ့ဖူးတဲ့ အမှားတွေကို ထပ်မမှားမိအောင် လုပ်တာကမှ ကိုယ့်အတွက် အကောင်းဆုံးဖြစ်ပါတယ်။

READ
သင့်ချစ်သူက ဒီလိုအမူအရာတွေ လုပ်နေတယ်ဆိုရင် သင်လူရွေးမှားနေပါပြီ

ဒုတိယအခွင့်အရေးဆိုတာကို မပေးမိပါစေနဲ့

shutterstock/ Cookie Studio

ကိုယ့်ရဲ့ အရင်က ex ကို ထပ်ပြီး ဒုတိယအခွင့်အရေးဆိုတာ မပေးမိပါစေနဲ့။ ပြီးပြတ်သွားခဲ့ပြီဖြစ်တဲ့ ဇာတ်လမ်းတစ်ခုကို ပြန်ဆက်ဖို့ ကြိုးစားရင်လည်း အရင်အတိုင်းပဲ ထူးမခြားနား ဖြစ်လာမယ်ဆိုတာကို သတိရပါ။ တစ်ဖက်က ဘယ်လောက်ပဲ နောင်တတွေရနေပါပြီ၊ အရင်ကထက် ပိုချစ်နိုင်ပါပြီ ပြောပြော ကွဲအက်သွားတဲ့ အရာကအကောင်းအတိုင်း မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ဒုတိယအခွင့်အရေးမျိုးကို မပေးမိပါစေနဲ့။

ပြီးပြည့်စုံတဲ့ တစ်စုံတစ်ယောက်ကို မမျှော်လင့်ပါနဲ့

ပြီးပြည့်စုံတဲ့ လူရယ်လို့ မရှိပါဘူး လူတိုင်းမှာ အပြစ်အနာအဆာဆိုတာ ရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘဝအတွက် ရွေးချယ်မယ့်သူကို ပြီးပြည့်စုံတဲ့ လူဖြစ်ဖို့ မမျှော်လင့်ပါနဲ့။ ဒီလိုလူမျိုးကို မျှော်လင့်မိရင်တော့ တစ်ယောက်တည်း အပျိုကြီးဘဝနဲ့ပဲ အရိုးထုတ်ဖို့ကိုပဲ အကြံပြုချင်ပါတယ်။ အဲဒီ့လိုလူမျိုး ဒီကမ္ဘာမှာ မရှိသေးတဲ့အတွက်ကြောင့်ပါ။ ပြီးပြည့်စုံတဲ့သူထက် ကိုယ့်ကိုယ်တကယ်ချစ်ပြီး ကိုယ့်အတွက် သင့်တော်တဲ့ သူမျိုးကိုသာ ရွေးချယ်သင့်ပါတယ်နော်။

READ
ကောင်လေးတစ်ယောက် သင့်ကို ကြိတ်ကြွေနေမှန်းသိနိုင်မယ့် အချက်(၅)ချက်

အချစ်က ပြီးပြည့်စုံတယ်လို့ တွေးမထင်ထားပါနဲ့

shutterstock/artlana

ဇာတ်ကားတွေ၊ ဝတ္ထုတွေထဲမှာလို အချစ်ကို ပြီးပြည့်စုံမှုလို့ တွေးထင်ထားရင်တော့ သင်လုံးဝမှားသွားပါပြီ။ အချစ်က ဘဝအတွက်ရော၊ ကိုယ့်အတွက်ပါ မပြီးပြည့်စုံနိုင်ပါဘူး။ ချစ်မိလို့ရှိရင် စကားများရန်ဖြစ်တာတွေလည်း ရှိမယ်၊ နာကျင်ဝမ်းနည်းရတာတွေလည်း တွေ့ကြုံရတတ်ပါတယ်။ နောက်ပြီး အချစ်ရှိနေရုံနဲ့ ဘဝတစ်ခုလုံး သာယာအေးချမ်းသွားတာ မဟုတ်ပဲ ဘဝရဲ့ လိုအပ်ချက်တွေက ရှိနေအုံးမှာပါပဲ။ အချစ်ကို ပြီးပြည့်စုံတယ်လို့ တွေးထင်ထားမိပြီး ကိုယ်တွေးသလို မဖြစ်လာခဲ့ရင် စိတ်ပျက်သွားနိုင်ပါတယ်။ ဒါကြောင့် အချစ်ကို ပြီးပြည့်စုံခြင်းလို့ တွေးထင်ထားတာမျိုး မဖြစ်သင့်ပါဘူး။

Khin

sponsored