အချစ်ရေးတစ်ခုမှာ ကိုယ့်ချစ်သူဆီကနေ ကောင်လေးတွေ လိုချင်တတ်ကြတဲ့ အရာ (၅) မျိုး

prostooleh/Freepik
Sponsored

မိန်းကလေးတွေ အများစုက အချစ်ရေးမှာ သူတို့က ဘယ်လိုပုံစံမျိုး ဖြစ်စေချင်တယ်ဆိုတဲ့ ပုံစံမျိုး ရှိတတ်ကြပါတယ်။ ဒီလိုပဲ ကောင်လေးတွေမှာလည်း သူတို့ရဲ့ အချစ်ရေးမှာ လိုချင်တဲ့ ပုံစံမျိုးတွေ ရှိပါတယ်။ မိန်းကလေးတွေကလည်း အကြောင်းပြချက် ကိုယ်စီနဲ့ ကိုယ့်ချစ်သူဆီက လိုချင်တာမျိုးတွေ ရှိသလို ကောင်လေးတွေကလည်း သူတို့ရဲ့ ကောင်မလေးတွေဆီက အခုလို အရာတွေကို လိုချင်မိတတ်ကြပါတယ်။ ဒီအချက်တွေပဲ ရှိနေရုံနဲ့ သူတို့က ကျေနပ်တတ်ကြပါတယ်။

(၁) ကိုယ်ပိုင်အချိန် လိုချင်တယ်

Sponsored

ကောင်လေးတွေက အချစ်ရေးတစ်ခုမှာ အကြောက်ဆုံးက သူတို့ရဲ့ ကိုယ်ပိုင်အချိန်လေးတွေ ပျောက်သွားမှာကိုပဲ ဖြစ်ပါတယ်။ ကောင်လေးတွေက ကိုယ်ပိုင်အချိန် လိုအပ်ကြပြီး ဒီအချိန်မှာ သူတို့က အနားယူတာမျိုး၊ အားအင် ပြန်ယူတာမျိုါ်တွေ လုပ်တတ်ကြပါတယ်။ ဒီလိုအချိန်လေးတွေကိုတောင် မပေးဘဲ သူတို့ကို ချုပ်ချယ်မှာမျိုးထက် သူတို့က ကိုယ်ပိုင်အချိန် ယူတာကို နားလည်ပေးစေချင်ကြပါတယ်။

marymarkevich/Freepik

(၂) ကွေ့ကောက်ပြီး မပြောစေချင်ဘူး

ကောင်လေးတွေရဲ့ သဘာဝက စကားကို ပုံမှန် အရှိအတိုင်း တဲ့တိုး ပြောတတ်တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် သင် ဘာကို စိတ်ဆိုးလဲ သူတို့က မသိရင် မသိဘူးဖြေကြတာ ဖြစ်ပါတယ်။ သူတို့ကိုလည်း ဘာကို စိတ်ဆိုးကြောင်း ပြောပြစေချင်တတ်ကြပါတယ်။ ဒါမှသာ သူတို့ဘက်က ပြင်သင့်တာ ပြင်ပြီး ချော့သင့်တာကို ချော့မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့ ဖြစ်မှန်းမသိရတဲ့ အခြေအနေမျိုးကို သူတို့က မကြိုက်တတ်ကြပါဘူး။

READ
လွတ်လပ်မှုကို မြတ်နိုးတန်ဖိုးထားတဲ့ မိန်းကလေးတွေမှာသာ ရှိနေတဲ့ ခံယူချက်လေးများ
Freepik.com

(၃) မပြောင်းလဲချင်ကြဘူး

ကောင်လေးတွေက ကိုယ့်ပုံစံကို ပြောင်းလဲရတာကို မကြိုက်ပါဘူး။ ပြောင်းလဲခဲ့ရင်တောင် သင့်အတွက် ပြောင်းလဲပေးတာပဲ ဖြစ်ပါတယ်။ တကယ် ပြောင်းလဲသွားတာမျိုးတော့ မဟုတ်ပါဘူး။ သင့်ရဲ့ အရှိအတိုင်းကို သူက ချစ်ပေးနိုင်သလို သူ့ကိုလည်း အရှိအတိုင်း ချစ်ပေးတာကို လိုချင်တတ်ကြပါတယ်။ ဒါကိုမှ အတင်း ပြောင်းလဲဖို့ ကြိုးစားနေတယ်ဆိုရင် သူက သင်နဲ့ လိုက်ဖက်တဲ့သူ မဟုတ်ဘူးလို့ပါ ယူဆသွားမိတတ်ကြပါတယ်။

pressmaster/Freepik

(၄) သူတို့ လုပ်ချင်တာတွေအတွက် အပြစ်ရှိသလို မခံစားရချင်ဘူး

ကောင်လေးတွေတိုင်းမှာ စိတ်ဖိစီးမှုတွေကို ဖြေရှင်းဖို့ ဝါသနာလေးတွေ ကိုယ်စီ ရှိနေတတ်ကြပါတယ်။ ဒီလိုမျိုး သူတို့ကို စိတ်သက်သာရစေတဲ့ အရာတွေကို လုပ်ခွင့် မပေးဘဲ တင်းကြပ်ထားမယ်ဆိုရင် သူတို့က ကိုယ် လုပ်ချင်တာလေး လုပ်နေရတာတောင်ကို အပြစ်ရှိသလို ခံစားနေရတတ်ပါတယ်။ ဒီလို မခံစားချင်တဲ့အတွက် သူတို့ ဝါသနာတွေကို ချစ်သူကောင်မလေးက နားလည်မှုပေးတာကို လိုချင်တတ်ကြပါတယ်။

READ
ကိုယ်တိုင်လုပ်မှန်းမသိ လုပ်မိနိုင်တဲ့ သင့်ရဲ့တန်ဖိုးကို ကျဆင်းစေတဲ့လုပ်ရပ်များ
yanalya/Freepik

(၅) သူတို့ကို ဖိအားပေးတာ မကြိုက်ဘူး

ကောင်လေးတွေက အရာရာကို အေးဆေးပဲ ဖြေရှင်းချင်ကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ကို အတင်း တွန်းအားပေးတာမျိုး၊ ဖိအားပေးပြီး လုပ်ခိုင်းတာမျိုးတွေကို မနှစ်သက်ကြပါဘူး။ ဘဝအတွက် ကြိုးစားနေချိန်မှာ လက်ထပ်ဖို့အတွက် အတင်း တိုက်တွန်းနေတာမျိုး၊ ကလေးယူချင်နေတာမျိုးကို အတင်းတောင်းဆိုနေတယ်ဆိုရင် ကောင်လေးတွေက ကိုယ့်ကို နားလည်မပေးဘူးလို့ ခံစားရတတ်ပါတယ်။ ဒါ့အပြင် ဒီလို ဖိအားပေးခံရတဲ့ အခြေအနေကနေ ရုန်းထွက်ချင်တာမျိုးပါ ဖြစ်တတ်ကြပါတယ်။

Kham

sponsored