ရည်းစားဟောင်းတွေအပေါ် ဘယ်တော့မှ မပြုလုပ်သင့်တဲ့ အမူအကျင့်(၅)ခု

Pixabay-cocoparisienne
Sponsored

လူတိုင်းလူတိုင်းမှာ ရည်းစားဟောင်း တစ်နည်းအားဖြင့် Ex ဆိုတာ ရှိကြမှာပါပဲ။ တစ်ချို့ Ex တွေဟာ ကိုယ့်ဘဝအတွက် အရမ်းအရေးပါခဲ့သလို တစ်ချို့တွေကျတော့ ကိုယ့်အတွက် အရမ်းကို Toxic ဖြစ်စေခဲ့သူတွေပါပဲ။ ဘာပဲဖြစ်ဖြစ် Ex ဆိုတာ လက်ရှိအချိန်မှာ ကိုယ်နဲ့ မသက်ဆိုင်တော့တဲ့ လူတွေပါပဲ။ တစ်ကယ်တော့ Ex ဆိုတာ တစ်ချိန်တုန်းက ပန်းတိုင်တစ်ခုကို တစ်လှေတည်းစီး၊ တစ်ရေတည်းသောက်ပြီး ဘဝဆိုတဲ့ ခရီးကြီးကို နှင်ခဲ့ကြပေမယ့် ပန်းတိုင်မရောက်ခင် ပင်ပန်းလို့၊ ဆက်မသွားချင်တော့လို့၊ နောက်လှေတစ်စီးနဲ့ လမ်းကြုံလိုက်ချင်လို့ အစရှိတဲ့ အကြောင်းပြချက် ပေါင်းစုံနဲ့ ခရီးတစ်ဝက်တောင် မကျိုးသေးခင် လှေပေါ်ကနေ ခုန်ဆင်းသွားကြတဲ့ လူတွေပါပဲ။ လူတိုင်းမှာတော့ ကိုယ့်အပေါ် အရမ်းကောင်းခဲ့တဲ့ Ex တွေရှိသလို အရမ်းဆိုးဝါးခဲ့တဲ့ Ex တွေလည်း ရှိကြမှာပါပဲ။ ဒါ့ကြောင့် ဒီနေ့မှာတော့ Ex တွေအပေါ် လုံးဝမလုပ်သင့်တဲ့ အမူအကျင့် ၅ ခုကို ပြောပြပေးချင်ပါတယ်။

Pixabay-Wokandapix

၁။ အကြောင်းပြချက်တစ်ခုခုနဲ့မှ မဆက်သွယ်ပါနဲ့

Sponsored

တစ်ချို့လူတွေဟာ တစ်ချိန်တုန်းက ကိုယ်နဲ့ ပတ်သတ်ခဲ့တဲ့ ရည်းစားဟောင်းကို တစ်ခါတစ်လေကျရင် သတိရတတ်ပါတယ်။ ကိုယ်ကထားခဲ့ခံရတဲ့ လူဆိုရင်တော့ တစ်မျိုးပေါ့။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က မတွဲချင်လို့ ထားခဲ့ပြီးမှ အကြောင်းပြချက်ပေါင်းစုံပေးပြီး ဆက်သွယ်လာတတ်ကြပါတယ်။ ဥပမာ- သင့်ရဲ့ Ex တစ်ယောက်က “မနေ့ညက အိမ်မက်ထဲမှာ နင့်ကို အိမ်မက်မက်တယ်။ အိမ်မက်ထဲမှာ နင်က ငါ့ကိုဖက်ပြီး ရှိုက်ကြီးတငင်ငင်နဲ့ ငိုနေတာ။ အဲဒါ နင်အဆင်ပြေလားသိချင်လို့”ဆိုပြီး conversation တစ်ခုနဲ့ ဆက်သွယ်လာပြီဆိုရင် သင်ဘယ်လိုပြန်ဖြေမှာလဲ။ အကောင်းဆုံးကတော့ သင့် Ex က သင့်ကို ဘယ်လိုနည်းလမ်းနဲ့ ဆက်သွယ်လာပါစေ၊ ignore လုပ်ထားလိုက်ပါ။

READ
Yoo In Na ပေးတဲ့ V -day လက်ဆောင်ကို ထုတ်ပြလိုက်တဲ့ Lee Dong Wook

၂။ မူးလာတိုင်း ဖုန်းမဆက်ပါနဲ့

တစ်ချို့ကျပြန်တော့လည်း မူးလာပြီး နည်းနည်းလေး ခပ်ထွေထွေဖြစ်လာပြီဆိုရင် Ex ဆီကို ဖုန်းဆက်ပါတော့တယ်။ အဲဒီဟာက တစ်ကယ်ကို မကောင်းတဲ့ အကျင့်တစ်ခုပါ။ ဘယ်လောက်မူးမူး သင့်ရဲ့ Ex ဆီကို ယောင်လို့တောင် ဖုန်းမဆက်မိပါစေနဲ့။ ဘာကြောင့်လဲဆိုတော့ သူကိုယ်တိုင်လဲ ဘဝအသစ်မှာ ပျော်နေပြီဖြစ်သလို သင်ကိုယ်တိုင်ဟာလည်း သူမရှိတဲ့ ဘဝမှာ နေနိုင်အောင် ကြိုးစားနေသူတစ်ယောက်မို့လို့ပါ။

Pixabay-LoboStudioHamburg

၃။ နောက်တစ်ယောက်ရနေမှန်း Ex သိအောင်ဆိုရှယ်မီဒီယာမှာ ပို့စ်တိုင်းကို Public ကြီးတင်ပြီး ဖုန်မထပါနဲ့

တစ်ချို့တွေကျပြန်တော့လည်း အရင်တုန်းက ဆိုရှယ်မီဒီယာမှာ ဘာပို့စ်တင်တင် Friends only နဲ့ တင်ပြီး ရည်းစားအသစ်တွေ ဘာတွေရတဲ့ အချိန်မှာမှ ထူးထူးဆန်းဆန်း သူ့ရည်းစားအသစ်နဲ့ ပတ်သတ်ပြီး တင်သမျှပို့စ်ကို Public နဲ့ တင်တဲ့ လူမျိုးတွေလည်း ရှိပါတယ်။ အဲဒီလိုလူတော်တော်များများဟာ သူတို့အနေနဲ့ ရည်စားဟောင်းတွေနဲ့ ပတ်သတ်ပြီး ဘာမှမခံစားရတော့တဲ့ ပုံစံတွေ၊ ရည်းစားအသစ်က ရည်းစားဟောင်းထက် ဘာတွေသာသလဲဆိုတာ လူတွေကို သိစေချင်တဲ့ ပုံစံတွေ၊ သူ့ရဲ့ ရည်းစားအသစ်က ဘယ်လောက်အထိ သူ့ကိုဂရုစိုက်လဲဆိုတာကို သိစေချင်တဲ့ ပုံစံတွေ အစရှိတာတွေကြောင့် ဒီလိုမျိုးတင်တာပဲ ဖြစ်ပါတယ်။ အကြောင်းမသိတဲ့ လူနည်းစုကသာ ဒီဟာတွေကို အထင်ကြီးကောင်းအထင်ကြီးနေပေမယ့် အကြောင်းသိတဲ့ လူအများစုကတော့ သင့်ကို နောက်ကွယ်မှာ ထိုင်ခွီနေတယ်ဆိုတာ သင်သိထားသင့်ပါတယ်။

READ
မိန်းကလေးပရိတ်ကြား ရေပန်းစားလာတဲ့ စိုးစံအောင်

၎။ နောက်ကွယ်ကနေ Ex အကြောင်းကို တိတ်တဆိတ်လိုက်ပြီး မစုံစမ်းနေပါနဲ့

ကိုယ့်ရဲ့ Ex ဘာတွေလုပ်နေလဲ၊ ဘယ်သူနဲ့တွဲနေလဲ အစရှိသဖြင့် လူတော်တော်များများ စုံစမ်းဖူးပါတယ်။ တစ်ချို့လူတွေဆိုရင် ဆိုရှယ်မီဒီယာအကောင့်တွေကနေ သူတို့ကို block ထားလို့ သူများဖုန်းတွေယူပြီး Ex ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေကို ဝင်ဝင်ကြည့်ရတာ အမောပါပဲ။ ဘာလုပ်မှာလဲ။ ကိုယ်တောင် မလိုချင်လို့၊ မလိုအပ်လို့ ထားခဲ့တဲ့ လူတစ်ယောက်ကို ဘာကိစ္စနဲ့ သိဖို့ ကြိုးစားနေတာလဲ?

Pixabay-Pixabay-Modman

၅။ တစ်ခြားရည်းစားအသစ်တွေနဲ့အဆင်မပြေတိုင်းပြန်လာတွဲဖို့ မကြိုးစားပါနဲ့

တစ်ချို့တွေကျပြန်တော့လည်း ရည်စားအသစ်နဲ့ အဆင်မပြေလို့ Ex ဆီကို မယောင်မလည်ပြန်လာပြီး အရင်လို ပြန်တွဲချင်တဲ့ အရိပ်အယောင်တွေ ပြတတ်ပါတယ်။ အဲဒီလိုလူမျိုးကို ဘယ်လောက်ချစ်ချစ် လုံးဝပြန်မတွဲပါနဲ့။ ဘာလို့လဲဆိုတော့ အဲဒီလိုလူမျိုးတွေဟာ လူလူချင်း ကိုယ်ချင်းစာစိတ် လုံးဝမရှိတဲ့ လူမျိုးတွေ ဖြစ်လို့ပါ။ သူသာ ကိုယ့်ကို တစ်ကယ်ချစ်တယ်ဆိုရင် နောက်တစ်ယောက်တွဲသွားမှာ မဟုတ်သလို ကိုယ့်ကို ခံစားအောင် လုပ်မယ့်လူ မဟုတ်ပါဘူး။ တစ်ကယ်မချစ်လို့ 2nd person ပေါ်လာတာနဲ့ ဟန်တောင်မဆောင်နိုင်ပဲ အမြီးလေးနန့်ပြီး လိုက်သွားတာပဲ ဖြစ်ပါတယ်။

phk

sponsored