သင့်ရဲ့ဖခင်က သင်နဲ့ပတ်သက်ပြီး ဘယ်တော့မှထုတ်ပြောမှာမဟုတ်တဲ့ ခံစားချက်များ

Sponsored

စိတ်ခံစားချက်နဲ့ ပတ်သက်လာတဲ့အခါ ယောက်ျားလေးတွေဟာ မိန်းကလေးတွေလောက် ဖော်ပြနိုင်စွမ်း မရှိပါဘူး။ တစ်ချို့ကလည်း ဖော်ပြစရာမလိုဘူးလို့ ထင်တယ်၊ တစ်ချို့ကျတော့လည်း မဖော်ပြတတ်ဘူး။ ဖခင်ဆိုတာ လူတိုင်းရဲ့ဘဝမှာ အရေးကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်နေတဲ့သူတွေဖြစ်ပါတယ်။ သင့်ရဲ့ဖခင်ဟာ တခြားဖခင်တွေလို မပြည့်စုံတာလည်း ဖြစ်ကောင်းဖြစ်မယ်၊ အားနည်းချက်၊ ချို့ယွင်းချက်တွေ အများကြီးရှိမယ်။ ဒါပေမယ့် သင့်ကို သူအရမ်းချစ်ပါတယ်။ သင့်ရဲ့ဖခင်က သင်နဲ့ပတ်သက်ပြီး ဘယ်တော့မှ ထုတ်ပြောမှာမဟုတ်တဲ့ ခံစားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒါလေးကို ဖတ်ပြီး သင့်ဖခင်ရဲ့ ခံစားချက်တွေကို သူမပြောရင်တောင် နားလည်ပေးလိုက်ပါနော်။

(၁) သင့်အမေဗိုက်ထဲမှာကတည်းက သင့်အတွက်ကြိုတင်ပြင်ဆင်ထားတယ်

Sponsored

ကိုယ့်ရဲ့ ရင်သွေးတစ်ယောက် လူ့လောကကို ရောက်လာပြီဆိုတာနဲ့ ဖခင်တစ်ယောက်အတွက် တာဝန်ဆိုတာကြီးက ကြီးလေးလွန်းတဲ့ အရာတစ်ခုဖြစ်ပါတယ်။ တစ်ဘက်မှာ ဝမ်းသာတာက မှန်ပေမယ့်၊ ဒီကလေးကို ကျွေးမွေးစောင့်ရှောက်ဖို့၊ လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို့ တာဝန်ယူဖို့ ဖခင်တွေမှာ တာဝန်ရှိလာပါပြီ။ ဒီတာဝန်ကြီးကို မယူချင်လို့ လူယုတ်မာတွေက ရှောင်ပုန်းတတ်ကြပေမယ့်၊ သင့်ဖခင်ကတော့ သင့်အမေဗိုက်ထဲမှာ စရှိပြီဆိုတာနဲ့တစ်ပြိုင်နက် သင့်ရဲ့တစ်ဘဝလုံးစာအတွက် တာဝန်ယူဖို့ ဆုံးဖြတ်ချက်ကိုလည်း တစ်ပြိုင်တည်းမှာ ချလိုက်ပါတယ်။

READ
ကမ္ဘာပေါ်က အမေတိုင်းမှာရှိတဲ့ တူညီတဲ့အချက်များ

(၂) သင့်အတွက် သူခြွေတာတယ်

သင့်ရဲ့ဖခင်ဟာ သူများတွေလိုပဲ ကားအကောင်းစားတွေ၊ အဝတ်အစားကောင်းတွေ၊ နေရာကောင်းတွေ၊ အစားအသောက်ကောင်းတွေကို သိပါတယ်။ ဒါပေမယ့်လည်း သူကောင်းစားဖို့၊ သူပျော်ရွှင်ဖို့၊ သူ့ရဲ့ဆန္ဒတွေ ပြည့်ဝဖို့ထက် သင့်မျက်နှာမှာ အပြုံးတွေဝေဆာနိုင်ဖို့၊ သင့်ရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့အတွက် သူ့ရဲ့ဆန္ဒတွေကို ချိုးနှိမ်ကာ အရာရာကို ခြွေတာခဲ့ပါတယ်။ ဥပမာ သူငယ်ချင်းတွေက မင်းကားက ဒိတ်အောက်နေပြီလို့ ပြောရင်တောင် စီးလို့ရပါသေးတယ်၊ အဆင်ပြေပါတယ်ဆိုပြီး သားသမီးအရေးကိုသာ ဦးစားပေးခဲ့ပါတယ်။

(၃) သင့်ကို အမြဲဂရုစိုက်တယ်

သင်မွေးလာပြီးတဲ့နောက်ပိုင်းမှာ သင့်ရဲ့ဖခင်ဟာ သူ့မှာ အခက်အခဲတွေ ဘယ်လောက်ရှိရှိ၊ အပြောင်းအလဲတွေ ဘယ်လောက်များများ သင်မွေးဖွားလာခြင်းကို ဘယ်တော့မှ အပြစ်မြင်မယ့်သူမဟုတ်ပါဘူး။ သင့်အတွက်ဆို ဓားတောင်ကိုပဲ ဖြတ်ရဖြတ်ရ ရအောင် ဖြတ်မယ့်သူဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ဖခင်ဟာ သင့်ကို အမြဲစောင့်ရှောက်ပေးနေမယ့်၊ ကာကွယ်ပေးနေမယ့် ကိုယ်စောင့်နတ်တစ်ပါးဖြစ်ပါတယ်။

(၄) သင့်အတွက် သူပိုပြီးကြိုးစားလာတယ်

ဖခင်တွေဟာ သားသမီးတွေနားမှာ အချိန်ပြည့်နေချင်ကြတဲ့သူတွေချည်းပါပဲ။ ဒါပေမယ့် သင့်ကို အချိန်တွေ သိပ်မပေးနိုင်ဘူး၊ သင့်အနားမှာမရှိပေးနိုင်တဲ့အချိန်တွေမှာ သူ့ကို အပြစ်မတင်သင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ့ဖခင်ဟာ မိသားစုရဲ့ စားဝတ်နေရေးအတွက် နားချိန်တောင်မရှိဘဲ ရုန်းကန်နေရတာမို့လို့ပါ။ သင်လူ့လောကထဲကို မရောက်လာခင်တုန်းက သင့်ရဲ့ဖခင်ဟာ အခုလောက် အလုပ်မကြိုးစားသေးပါဘူး။ ဒါပေမယ့် သင်ရှိလာပြီဆိုတာနဲ့ သင့်ကို လိုလေးသေးမရှိထားနိုင်အောင်လို့ သင့်အဖေမှာ ချွေးပြိုင်းပြိုင်းကျပြီး ရုန်းကန်နေရတာဖြစ်ပါတယ်။

READ
ဘဝမှာ တစ်ခါလောက်တော့ အမေနဲ့အတူ လုပ်ကြည့်သင့်တဲ့ အမှတ်တရလေးတွေ

(၅) သင့်ကြောင့်သင့်အမေကို ပြန်ချစ်လာတယ်

ကိုယ်ဝန်ဆောင်ကာလဟာ အချစ်တွေ တိုးပွားလာတဲ့အချိန်ဖြစ်ပါတယ်။ သင့်ရဲ့ဖခင်ဟာ သင့်ရဲ့မိခင် သင့်ကို လွယ်ထားစဉ်အတွင်းမှာ အပြည့်အဝ စောင့်ရှောက်ပေးတယ်၊ အားပေးတယ်၊ ဝေယျာဝစ္စတွေကို လုပ်ကိုင်ပေးခဲ့ပါတယ်။ ဒီလိုတစ်ယောက်နဲ့တစ်ယောက်ကြားက နွေးထွေးမှုလေးတွေက သင့်ဖခင်ရဲ့စိတ်ထဲမှာ သင့်မိခင်ကို ချစ်တဲ့စိတ်တွေကို ပိုပြီးတိုးလာစေသလို၊ သင့်ကို မွေးဖွားပြီးတဲ့အချိန်မှာ သင့်မိခင်ဟာ သင့်ဖခင်ရဲ့ မျက်လုံးထဲမှာ အလှဆုံးမိန်းမအဖြစ် မြင်ပြီး အချစ်စိတ်တွေကို တဖန်ပြန်ပြီး လှုပ်နှိုးလိုက်ပါတယ်။

Em Em

sponsored