သာယာတဲ့ ကမ္ဘာကြီးဖြစ်လာစေဖို့ လူသားတိုင်းမှာ မဖြစ်မနေ ရှိနေသင့်တဲ့ အရာ (၅) မျိုး

wayhomestudio/Freepik
Sponsored

လူသားတွေ အဆင်ပြေပြေ နေထိုင်နေနိုင်ခြင်းက ကောင်းတဲ့ အချက် တစ်ခုပါပဲ။ အမုန်းတွေ၊ အငြိုးတွေ၊ မကောင်းမှုတွေ ပြည့်နေတဲ့ ပတ်ဝန်းကျင်က ပူလောင်မှုတွေ၊ အဆင်မပြေမှုတွေနဲ့အတူ ပြည့်ပြီး စိတ်မချမ်းသာတွေပဲ ရှိနေစေမှာပါ။ ဒါကြောင့် လူသားတွေ ရှင်သန်နေရတဲ့ အခိုက်အတန့်မှာ ပျော်ရွှင်ပြီး သာယာတဲ့ ကမ္ဘာကြီး ဖြစ်ဖို့ လူသားတိုင်းမှာ ရှိနေသင့်တဲ့ အချက်မျိုးတွေ ရှိပါတယ်။ ဒီအတွက်လည်း တစ်ယောက်တစ်လက်နဲ့ ထိန်းသိမ်းကြတာ ရှိသလို ပညာရေး၊ နိုင်ငံရေး အခန်းကဏ္ဍတွေကနေလည်း ပြန့်ပွားအောင် လုပ်နေလျက် ရှိပါတယ်။ ဒီလို လူတိုင်းမှာ မဖြစ်မနေကို ရှိနေသင့်တဲ့ အချက်တွေကတော့…

(၁) မိသားစုကို ချစ်ခင်ခြင်း

Sponsored

မိသားစုဆိုတာ ကိုယ့်ရဲ့ သွေးသားတော်စပ်မှု ရှိနေတဲ့ အသိုက်အဝန်းလေး တစ်ခုပါ။ ဒီလိုမျိုး မိသားစုက သူစိမ်းတွေထက် ပိုပြီး နွေးထွေးမှုလည်း ပေးနိုင်သလို သံယောဇဉ်တွေနဲ့ အတူ ဂရုစိုက်မှုလည်း ပေးနိုင်တဲ့သူတွေပါ။ မိသားစုဆိုတာ အစားထိုးလို့ မရသလို အပြန်အလှန်သာ ချစ်ကြရင် ပျော်စရာ အကောင်းဆုံး နေရာပါ။ ဒါကြောင့် မိသားစုဝင်တွေကို ပိုပြီး ချစ်ခင်တဲ့စိတ်ရှိမယ်ဆိုရင် ကိုယ့်မှာ စိတ်ချမ်းသာရတဲ့ နေ့ရက်တွေလည်း ပိုတိုးလာမှာ ဖြစ်ပါတယ်။

READ
Talk It အစီအစဉ်မှာ တွေ့ရမယ့် အဆိုတော် ၀ိုင်းလေး
wavebreakmedia_micro/Freepik

(၂) ဂရုစိုက်တတ်ခြင်း

ဂရုစိုက်တယ်ဆိုတာ လူတွေ အချင်းချင်းကြားမှာ တကယ်ပဲ လိုအပ်ပါတယ်။ လူတိုင်းမှာ သူတို့အတွက် ဂရုစိုက်ခံချင်တဲ့ အချိန်မျိုးတွေ ရှိသလို ဂရုစိုက်မှုကြောင့် ပိုပြီး အင်အားရှိသွားတာ၊ စိတ်ဓာတ်တွေ တက်သွားတာမျိုး ဖြစ်သွားနိုင်လို့ ဂရုစိုက်ခြင်းက လူသားတွေကြားမှာ တကယ်ပဲ လိုအပ်ပါတယ်။ ဒါကြောင့် တချို့နိုင်ငံမှာဆိုရင် မူလတန်း အရွယ်တည်းကနေ ကျောင်းမှာ ဂရုစိုက်တတ်တဲ့ အကျင့်ကို လေ့ကျင့်ပေးလေ့ ရှိပါတယ်။

gpointstudio/Freepik

(၃) လေးစားမှု ရှိခြင်း

လူတိုင်းမှာ သူ့တန်ဖိုးနဲ့ သူ ရှိပါတယ်။ လူသားချင်းဆိုတဲ့ စိတ်ကလွဲရင် ချမ်းသာခြင်း၊ အသားဖြူခြင်းမဲခြင်း၊ ရုပ်ဆိုးခြင်း၊ ရုပ်ချောခြင်း စတာတွေကို မူတည်ပြီး ခွဲခြားဆက်ဆံတာမျိုး မလုပ်သင့်ပါဘူး။ လူတိုင်းမှာ သူ့ဂုဏ်သိက္ခာ ဆိုတာမျိုး ရှိလို့ လေးစားသမှု အပြန်အလှန် ပေးမယ်ဆိုရင် လူ့ပတ်ဝန်းကျင်က မခံချင်စရာတွေ၊ အမုန်းစရာ စိတ်အခြေအနေမျိုးတွေ လျော့နည်းလာပြီး ပိုပြီး စိတ်ချမ်းသာရတဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်လာမှာ ဖြစ်ပါတယ်။

READ
ပရိသတ်ချစ်တဲ့ တရုတ်မင်းသမီးလေး Liu Yifei ရဲ့ အကြောင်း
anatoliy_cherkas/Freepik

(၄) သူငယ်ချင်း ဆက်ဆံရေးကို တန်ဖိုးထားခြင်း

သူငယ်ချင်းဆိုတာ မိသားစုပြီးရင် ကိုယ့်အတွက် ဒုတိယ အဖိုးတန်တဲ့ အရင်းနှီးဆုံး သူစိမ်းတွေ ဖြစ်ပါတယ်။ ကိုယ် ခက်ခဲတဲ့အချိန်၊ ကိုယ် လိုအပ်တဲ့အချိန်၊ ကိုယ် စိတ်အားငယ်နေရတဲ့ အချိန်တွေမှာ သူငယ်ချင်းတွေက ကိုယ့်အတွက် အမြဲ ရှိပေးတတ်ကြပါတယ်။ ဒီလိုမျိုး သူငယ်ချင်း ဆက်ဆံရေးကို တန်ဖိုးထားပြီး ခင်မင်မှုတွေကို မရပ်တန့်သွားအောင် လက်ဆောင်ပေးတာ၊ အတူဆုံတာမျိုးတွေ လုပ်ပေးမယ်ဆိုရင် သူငယ်ချင်း ကိုယ်စီနဲ့ ပျော်ရွှင်စရာ အချိန်တွေ ရှိနေမှာပဲ ဖြစ်ပါတယ်။

bilahata/Freepik

(၅) ယုံကြည်မှုကို တန်ဖိုးထားခြင်း

တစ်ယောက်နဲ့ တစ်ယောက် မယုံကြည်ရဘဲ သံသယပွားနေရတဲ့ အခြေအနေမျိုးထက် ယုံကြည်မှု အပြည့်နဲ့ နေလို့ ရတဲ့ ပတ်ဝန်းကျင်က ပိုပြီး နေလို့ ကောင်းပါတယ်။ ဒါကြောင့် ကိုယ့်ဘက်ကလည်း ယုံကြည်အောင် နေပေးသလို ယုံကြည်ပေးတာမျိုး လူတိုင်း ပြုလုပ်ကြမယ်ဆိုရင် ကမ္ဘာကြီးက ပိုပြီး နေပျော်စရာ ပတ်ဝန်းကျင် ဖြစ်လာမှာ ဖြစ်ပါတယ်။

Kham

 

sponsored