ဖခင်ရဲ့ချစ်ခြင်းမေတ္တာ အပြည့်အဝရရှိတဲ့ သမီးတွေသာ နားလည်နိုင်မယ့် အရာ (၅) ခု

master1305/ freepik
Sponsored

ဖခင်ဆိုတာ သမီးမိန်းကလေးတွေအတွက် အရမ်းကိုအရေးပါပြီး ငယ်ဘဝအမှတ်တရတိုင်းကို ချိုမြိန်စေတဲ့သူတွေပါ။ ဖခင်မေတ္တာအပြည့်အဝရရှိကြတဲ့ သမီးမိန်းကလေးတွေဟာဆိုရင် ဘဝမှာ အောင်မြင်မှုတွေကို ပိုပြီးရရှိကြတာ တွေ့ရပါတယ်။ ခုဖော်ပြပေးမှာကတော့ ဖခင်ရဲ့ ချစ်ခြင်းမေတ္တာအပြည့်အဝရရှိတဲ့ သမီးမိန်းကလေးတွေသာ နားလည်ခံစားနိုင်တဲ့အရာလေးတွေပဲဖြစ်ပါတယ်။ သင်ဟာဒီအချက်တွေအားလုံးကို ခံစားဖူးရင် ဖခင်ကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ကံကောင်းတဲ့သူလေးတစ်ယောက်ပါ။

(၁) အချစ်ဦး

ဖခင်တွေဟာ သမီးတွေရဲ့အချစ်ဦးပါ။ လောကမှာပထမဦးဆုံး ကြုံဆုံရတဲ့တစ်ဦးတည်းသော ယောက်ျားဟာ ဖခင်ပါပဲ။ ဒါကြောင့် သမီးမိန်းကလေးတွေအတွက် ဖခင်ဟာ ဘယ်တော့မှ၊ ဘယ်သူနဲ့မှ နှိုင်းလို့မရတဲ့ သူတစ်ယောက်ပါ။ ဖခင်ဆီက နွေးထွေးကြင်နာမှု၊ ဖော်ရွေလှိုက်လှဲတဲ့ အပြုံးတွေနဲ့ ငြိမ်းချမ်းခြင်းတွေပြည့်နေတဲ့ အကြည့်လေးတွေဟာ သမီးတွေအတွက် တန်ဖိုးဖြတ်လို့မရတဲ့ အရာတွေပါ။

(၂) သူရဲကောင်း

pvproductions/ freepik
Sponsored

ဖခင်တွေဟာ သမီးတွေအတွက် သူရဲကောင်းပါ။ သင့်ဘဝမှာ အားငယ်လာတဲ့အခါ၊ ဝမ်းနည်းအထီးကျန်ခြင်းတွေ ခံစားရတဲ့အခါ ဖခင်ကို မျှော်လင့်မိတတ်ပါတယ်။ အကြောင်းကတော့ ဖခင်ဟာ ငယ်စဉ်ကတည်းက သင့်ကိုကွယ်ကာပေးတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်နေလို့ပါပဲ။ ဖခင်ရှိရင် အရာရာမှာလုံခြုံမှုရှိသလို ခံစားရလို့ပဲဖြစ်ပါတယ်။

READ
ကင်ဆာဖြစ်နေတဲ့ ကလေးတွေအတွက် လှူဒါန်းဖို့ သူမရဲ့ဆံပင်ရှည်ကို ညုပ်လိုက်တဲ့ Hyeri

(၃) တိုင်ပင်ဖော်

ဖခင်တွေဟာ သမီးတွေအတွက် အကောင်းဆုံးတိုင်ပင်ဖော်ဖြစ်ပါတယ်။ ဘဝအနာဂတ်အကြောင်းတွေပဲဖြစ်ဖြစ်၊ ဝါသနာအကြောင်းပဲဖြစ်ဖြစ် ရင်ဖွင့်တိုင်ပင်လို့လည်း ရသလို၊ အကြံဥာဏ်ကောင်းတွေ၊ ဆုံးမစကားကောင်းတွေကိုလည်း သွန်သင်ပေးတတ်တဲ့သူမျိုးပါ။ သင့်ဘဝမှာ စိတ်တွေမွန်းကျပ်လာတိုင်း၊ အကြံကောင်းတွေလိုတိုင်း ရင်ဖွင့်တိုင်ပင်စရာ ဖခင်ရှိနေရင် ဒါဟာ မင်္ဂလာတစ်ပါးပါပဲ။

(၄) ကစားဖော်

master1305/ freepik

သင့်ဖခင်ဟာ ဘယ်လောက်ပဲအလုပ်တွေများနေပါစေ သင့်အတွက် အချိန်လေးတွေ ဖဲ့ပေးတတ်တဲ့သူတစ်ယောက်ပါ။ ငယ်ငယ်ကတည်းက သင့်ရဲ့ကစားဖော်၊ ပုံဆွဲဖော်၊ ပုံပြင်လေးတွေပြောပြတတ်တဲ့သူတစ်ယောက် ဖြစ်တဲ့အပြင် ကြီးလာတဲ့အချိန်အထိ သင့်အတွက်ဆို အမြဲတမ်း အချိန်ကို ဖဲ့ပေးတတ်တဲ့သူတစ်ယောက်ပါ။ သင့်အတွက်ဆို မပေးနိုင်တာ ဘာမှမရှိတဲ့ သူတစ်ယောက်ပါ။

(၅) အမြဲတမ်းကလေးပဲ

သင့်ဟာ အခုအချိန်မှာ အသက်ဘယ်လောက်ပဲရှိရှိ သင့်ရဲ့ဖခင်ရှေ့ရောက်ရင် ကလေးလေးတစ်ယောက်လိုပဲ ကိုယ့်ကိုယ်ကိုမြင်မိနေမှာပါ။ ဖခင်ကို ဂျီကျလိုက်ရမှ၊ ချွဲလိုက်ရမှ ကျေနပ်တဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် ဖခင်ကိုတော့ ဘယ်တော့မှ စိတ်မဆင်းရဲစေချင်ပဲ ဖခင်ဂုဏ်ယူရတဲ့သူတစ်ယောက်ပဲဖြစ်ချင်တဲ့သူပါ။ အကြောင်းကတော့ သင့်ရဲ့ဖခင်ဟာလည်း သင့်အတွက် အမြဲတမ်း ဂုဏ်ယူရတဲ့သူတစ်ယောက် ဖြစ်နေခဲ့လို့ပါပဲ။

READ
မိန်းကလေးတစ်ယောက် ရွတာလား၊သွက်လက်ထက်မြက်တာလားဆိုတာ ဒီလိုခွဲခြားနိုင်ပါတယ်......

Em Em

sponsored