သင့်ခန္ဓာကိုယ်ပုံစံအလိုက် အလှဆုံးနဲ့ အလိုက်ဖက်ဆုံးပွဲတက်ဂါဝန်တွေကို ဒီလိုရွေးချယ်ပါ…..

Sponsored

လူတစ်ယောက်နဲ့တစ်ယောက်မှာ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံချင်း မတူညီကြပါဘူး။ မတူညီတဲ့ ခန္ဓာကိုယ်အချိုးအစားအလိုက် ဒီဇိုင်နာတွေက လိုက်ဖက်ညီမယ့် အဝတ်အစားပုံစံတွေကို ထုတ်လုပ်ပေးထားပါတယ်။ ခုဖော်ပြပေးမှာကတော့ သင့်ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ အလိုက်ဖက်ဆုံး ပွဲတက်ဂါဝန် ရွေးချယ်နည်းပဲဖြစ်ပါတယ်။ ဒီနည်းလမ်းလေးက ပျိုမေတိုင်း သိထားသင့်တဲ့ နည်းလမ်းကောင်းလေးတွေဖြစ်လို့ ဖတ်ပြီးရင်လည်း လက်ဆင့်ကမ်းလိုက်ပါဦးနော်။

(၁) သစ်တော်သီးပုံစံ ခန္ဓာကိုယ်ပိုင်ရှင်များအတွက်

ဒီလိုခန္ဓာကိုယ်ပုံစံကတော့ ပုခုံးကျဉ်းပြီး၊ ခါးနည်းနည်းတုတ်ကာ တင်ကြီးတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဒီလိုခန္ဓာကိုယ်မျိုးက ရင်သားနေရာကို အဓိကထားပြီး ရင်သားတစ်ဝိုက်ကို ကြီးသယောင်ပေါ်အောင် ဝတ်ဆင်ရမှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ရင်သားကို ပင့်တင်ပေးတဲ့ ဘရာလိုမျိုးကို ဝတ်ဆင်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်အလှပေါ်လွင်စေတဲ့ ဂါဝန်လေးတော့ဖြစ်ရမယ် ဒါပေမယ့်အရမ်းကျပ်တဲ့ ဂါဝန်မျိုးမဖြစ်ရပါဘူး။

fabiosa.com

(၂) စတုဂံပုံခန္ဓာကိုယ်ပိုင်ရှင်များအတွက်

Sponsored

ဒီလိုခန္ဓာကိုယ်အမျိုးအစားဟာ ပုခုံးအကျယ်၊ တင်ပါးနဲ့၊ ခါးအရွယ်အစားက တူညီနေတာမျိုးပါ။ အရှေ့ကကြည့်ရင် ခန္ဓာကိုယ်ပုံစံက အကွေ့အကောက်တွေ သိပ်မရှိပဲ တစ်ပြေးတည်းဖြစ်နေတာမျိုးပါ။ ဒီလိုခန္ဓာကိုယ်ပုံစံပိုင်ရှင်တွေအနေနဲ့ ဂါဝန်တွေကိုဝတ်ဆင်တဲ့အခါတွေမှာ ခါးပတ်ကြီးကြီးတွေ ဒါမှမဟုတ်ရင် ခါးစည်းနဲ့ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။ ဂါဝန်အကားလေးတွေ ဒါမှမဟုတ် ခါးကိုအလှဆင်ထားတဲ့ ဂါဝန်မျိုးကို ဝတ်ဆင်သင့်ပါတယ်။

READ
မျက်နှာပေါ်က မှည့်ခြောက်တွေ ပါးသွားစေနိုင်တဲ့ သဘာဝနည်းလမ်းများ
fabiosa.com

(၃) ပန်းသီးပုံစံခန္ဓာကိုယ်ပိုင်ရှင်များအတွက်

ဒီလိုခန္ဓာကိုယ်ပုံစံမျိုးဟာ သေးသွယ်တဲ့ခြေတံတွေရှိသလို၊ တင်ပါးနဲ့ပုခုံးက အရွယ်အစားတူညီနေပြီး ဗိုက်နေရာမှာ ပိုပြီး ကြီးနေတာမျိုးပါ။ ဒီလိုခန္ဓာကိုယ်ပိုင်ရှင်တွေက ခါးပတ်ခပ်ကြီးကြီးတွေ ဒါမှမဟုတ် ခါးစည်းလှလှလေးတွေနဲ့ ဂါဝန်ကိုတွဲဖက်ဝတ်ဆင်သင့်ပါတယ်။ ဂါဝန်အထပ်ထပ်လေးတွေဒါမှမဟုတ် ဂါဝန်ပြေပြေလေးကားတဲ့ ပုံစံမျိုးတွေနဲ့ လိုက်ဖက်ပါတယ်။ V ပုံစံလည်ပင်းတွေနဲ့လည်း လိုက်ဖက်ပါတယ်။

fabiosa.com

(၄) တြိဂံဇောက်ထိုးပုံစံခန္ဓာကိုယ်ပိုင်ရှင်များအတွက်

ဒီလိုခန္ဓာကိုယ်ပုံစံဟာ ပုခုံးအကျယ်က တင်ပါးထက်ပိုကြီးနေတာမျိုးပါ။ ဒီခန္ဓာကိုယ်ပုံစံတွေအတွက်အကောင်းဆုံးဂါဝန်တွေကတော့ အပေါ်ပိုင်းက ကျပ်ပြီး အောက်ပိုင်းကားတဲ့ ဂါဝန်အကားလေးတွေ ဒါမှမဟုတ် စကပ်အကားလေးတွေပဲဖြစ်ပါတယ်။

fabiosa.com

(၅) သဲနာရီပုံခန္ဓာကိုယ်ပုံစံပိုင်ရှင်များအတွက်

ဒါကတော့ မိန်းကလေးတိုင်းအားကျရတဲ့ ခန္ဓာကိုယ်ပုံစံပါ။ ပုခုံးနဲ့ တင်ပါးဆိုဒ်က ညီနေပြီး ခါးသိမ်သိမ်လေးကို ပိုင်ဆိုင်ထားသူတွေပါ။ ဒီလိုခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသူတွေကတော့ ဘယ်လိုပုံစံကိုပဲဝတ်ဝတ် လိုက်ဖက်ညီတာကြောင့် ကြိုက်နှစ်သက်ရာကို ဝတ်ဆင်နိုင်ပါတယ်။

fabiosa.com
Em Em
sponsored