မိန်းကလေးတွေ ကြုံတွေ့ရတတ်တဲ့ ယောင်္ကျားလေး ပုံစံ (၅) မျိုး

Photo by Flávio Santos from Pexels
Sponsored

ဘဝမှာ မိန်းကလေးတွေကတော့ ပုံစံမတူညီတဲ့ ကောင်လေးတွေနဲ့ ဆုံတွေ့ရတတ်ပါတယ်။ အသွင်တူမှ ချစ်သူ ဖြစ်တာ မှန်ပေမယ့်လည်း အသွင်မတူဘဲ ချစ်သူဖြစ်သွားကြတာလည်း ရှိပါတယ်။ မိန်းကလေး အများစု ကြုံတွေ့ရတတ်တဲ့ ယောင်္ကျားလေးပုံစံတွေကတော့ အခုလိုပဲ ဖြစ်ပါတယ်။

(၁) စော်ကြည်ဘဲ

Sponsored

စော်ကြည်တဲ့ သူအများစုကတော့ ရုပ်ရည်လည်း ချောမောကြလေ့ ရှိပါတယ်။ သူတို့ကတော့ ဒီအထက် ထုတ်မပြောတောင် ဂုဏ်ယူနေတတ်ကြပါတယ်။ မိန်းကလေးတွေနဲ့လည်း ရောနှောနေတတ်ပြီး သင် စိတ်ချဖို့ မလွယ်တဲ့သူမျိုး ဖြစ်ပါတယ်။ သူတို့ကတော့ တကယ်ချစ်မိတဲ့အခါ တည်ငြိမ်သွားတတ်ပါတယ်။

Photo by mentatdgt from Pexels

(၂) လှည့်ပတ်သူ

ဘယ်ယောင်္ကျားကမှ မလိမ်တဲ့သူ မရှိဘူးလို့ သူတို့ လက်သုံးစကား ဆိုလေ့ ရှိပါတယ်။ သူတို့ကတော့ အမြဲ တစ်ခုမဟုတ်တစ်ခုကို ထိန်ချန်ထားလေ့ ရှိတဲ့သူတွေ ဖြစ်ပါတယ်။ ကောင်မလေးတွေ အကြိုက်ကို ပြောရင်းနဲ့ တဖက်ကတော့ ညာနေတာပဲ ဖြစ်ပါတယ်။

READ
ကိုယ့်အားကိုယ်ပြီး အမြင့်ကို တက်လှမ်းမယ့် မိန်းကလေးတွေရဲ့ အကျင့်လက္ခဏာများ
Photo by Moose Photos from Pexels

(၃) ရှေးရိုးစွဲ

သူတို့တွေကတော့ တစ်ယောက်ဆို တစ်ယောက် သစ္စာရှိရှိ ချစ်တတ်ကြသူတွေ ဖြစ်ပါတယ်။ မိန်းကလေးဆိုရင် သိမ်မွေ့ပြီး ကိုယ့်အပေါ် အားကိုးအားထားပြုသူတွေကိုသာ လိုချင်ကြတာ ဖြစ်ပါတယ်။ သူတို့တွေနဲ့ ကိုက်ညီတာကတော့ ရှေးရိုးစွဲတဲ့ မိန်းကလေးပဲ ဖြစ်ပါတယ်။

Photo by Andrea Piacquadio from Pexels

(၄) ချစ်တတ်သူ

သူတို့လောက် ချစ်တဲ့သူ မရှိလောက်အောင်ကို သူတို့က ချစ်တတ်ကြပါတယ်။ တစ်နေ့တစ်နေ့ fb မှာ ကောင်မလေးပုံတွေ မနားတမ်း တင်တတ်သလို ချစ်ကြောင်း တဖွဖွ ကဗျာတွေ စာတွေနဲ့ ပြောတတ်ပါတယ်။ သူတို့ကတော့ တွဲသမျှ ကောင်မလေးကို ချစ်ပြနိုင်ကြပါတယ်။

Photo by vjapratama from Pexels

(၅) ငနုံ

တချို့ကောင်လေးတွေကတော့ ဘူမသိ ကိုးမသိဆိုတဲ့ ပုံစံ ရှိပါတယ်။ မိန်းကလေးနဲ့ ပတ်သတ်ပြီး အတွေ့အကြုံ မရှိသလို လူပုံက ခပ်အေးအေးနဲ့ ကြိုးစားအားထုတ်မှု နည်းတာမျိုးလည်း ဖြစ်တတ်ပါတယ်။ သူတို့တွေကတော့ ကောင်မလေးက ဘာပြောပြော မစဉ်းစားဘဲ အင်း အင်း နဲ့ လက်ခံနားလည်တတ်ကြပါတယ်။

READ
အလှအပကြိုက်တဲ့ ပျိုမေတိုင်းမှာရှိသင့်တဲ့ နှုတ်ခမ်းနီအရောင် (၅) မျိုး

Kham

sponsored