စိတ်ဓာတ်ကျနေတဲ့သူတွေအတွက် အကာင်းဆုံးအမူအကျင့် (၅) ခု

Daria Shevtsova/ Pexels
Sponsored

လောကကြီးမှာ ဘယ်သူမှ အမြဲတမ်း စိတ်တက်ကြွပြီး ပျော်ရွှင်မနေနိုင်ပါဘူး။ အတက်အကျလောကဓံလိုပဲ စိတ်ဓာတ်ဟာလည်း တစ်ခါတလေ တက်လိုက်၊ ကျလိုက်နဲ့ ဖြစ်တတ်ပါတယ်။ စိတ်ဓာတ်ကျတယ်ဆိုတာ လွယ်ကူတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ ပြန်ရုန်းမထွက်နိုင်ရင် လူကိုပျက်စီးစေနိုင်တဲ့ အရာတစ်ခုပါ။ ဒီတော့ စိတ်ဓာတ်ကျနေတဲ့သူတွေအတွက် စိတ်ဓာတ်ပြန်လည် မြှင့်တင်ပေးနိုင်မယ့် အကောင်းဆုံး အမူအကျင့် (၅)ခုကို ဖော်ပြပေးလိုက်ပါတယ်။

(၁) စားချင်တာစားလိုက်ပါ

pexels-photo/Oscar Mikols

စိတ်ဓာတ်ကျနေတဲ့အခါ သင်အရမ်းစားချင်နေတဲ့အစားအစာ ဒါမှမဟုတ် သင်အရမ်း သောက်ချင်နေတဲ့ သောက်စရာတစ်ခုခုကို အရသာရှိရှိ ဝယ်စား၊ လုပ်စားပါ။ စိတ်ညစ်စရာတွေကို ခဏလေးမေ့ထားပြီး သင့်အကြိုက်အရသာလေးတွေကို ပျော်ပျော်ရွှင်ရွှင်စားလိုက်ပါ။ သင့်ရဲ့စိတ်ညစ်စရာတွေ တစ်ဝက်လောက်သက်သာသွားတာကို တွေ့မြင်ရပါလိမ့်မယ်။

(၂) အေးအေးဆေးဆေးရေချိုးပါ

Sponsored

စိတ်အရမ်းညစ်တဲ့အခါမျိုးမှာ အေးအေးဆေးဆေးရေချိုးပါ။ Scrub လုပ်တာ၊ Body Mask လေးတွေလုပ်တာ၊ ခြေဖဝါးလေးတွေကို နှိပ်နယ်ပေးပြီး ခေါင်းအစခြေအဆုံး ဇိမ်ကျကျနဲ့လေးနဲ့ ရေချိုးလိုက်ပါ။

READ
လျှာကို ထိန်းချုပ်ထားသင့်တဲ့ အခြေအနေ အချိန်အခါ (၈) ခု

(၃) ငိုလိုက်ပါ

စိတ်ဓာတ်ကျလာတဲ့အခါ အားရပါးရငိုလိုက်ပါ။ ငိုချင်တာကို လုံးဝအောင့်မထားပါနဲ့။ အော်ဟစ်ပြီးပဲဖြစ်ဖြစ်၊ အံကြိတ်ပြီးပဲဖြစ်ဖြစ် ငိုချင်သလိုသာငိုချလိုက်ပါ။ အချိန်အကြာကြီး ငိုပြီးလို့ တိတ်သွားတဲ့အခါ အလိုလို စိတ်တွေပေါ့ပါးသွားမှာဖြစ်ပါတယ်။

(၄) ရုပ်ရှင်ကြည့်ပါ

JÉSHOOTS/ Pexels

စိတ်ဓာတ်ကျလာတဲ့အခါ ရယ်စရာရုပ်ရှင်တွေ၊ ရယ်စရာဟာသတွေကို ရွေးပြီးကြည့်ပေးပါ။ ဒီလိုအချိန်မှာ ငိုစရာဇာတ်ကားတွေ၊ အလွမ်းအဆွေးဇာတ်ကားတွေ မကြည့်ပါနဲ့။ ပျော်စရာ၊ ဟာသလေးတွေက သင့်စိတ်ကို သက်သာစေမှာပါ။

(၅) အကောင်းပဲတွေးပါ

စိတ်ညစ်နေတဲ့အချိန်မှာ အဆိုးတွေကို တွေးတတ်ကြတာ သဘာဝပါပဲ။ ဒါပေမယ့်လည်း ကြိုးစားပြီး အကောင်းဖက်ကိုတွေးပါ။ အကောင်းဖက်ကိုမတွေးနိုင်သေးရင်တောင် အဆိုးတွေကို လုံးဝမစဉ်းစားပါနဲ့။ အကောင်းမြင်တတ်တဲ့စိတ်က သင့်စိတ်ကို တစ်ဝက်လောက် မြှင့်တင်ပေးနိုင်ပါတယ်။

Em Em

sponsored