သင့်တန်ဖိုးကို သင့်ချစ်သူနားလည်စေဖို့ သင့်ဖက်က မဖြစ်မနေ လုပ်ရမယ့်အရာ (၅) ခု

Svetlanasokolova/ freepik
Sponsored

ချစ်သူနှစ်ဦးကြားမှာ ချစ်နေရုံ၊ သစ္စာရှိနေရုံနဲ့မပြီးသေးပါဘူး။ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားတတ်ဖို့လည်း အရမ်းအရေးကြီးပါတယ်။ တစ်ခါတလေ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ တစ်ယောက်တန်ဖိုးကို တစ်ယောက် မသိတာမျိုးတွေလည်း ရှိနေတတ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ သင့်ချစ်သူက သင့်ရဲ့တန်ဖိုးကို နားလည်စေဖို့အတွက် သင့်ဖက်ကလုပ်ရမယ့်အရာလေးတွေပဲဖြစ်ပါတယ်။

(၁) ဖွင့်ပြောပါ

shutterstock/Alejandro J. de Parga

တစ်ခါတလေ ကိုယ့်ချစ်သူဟာ ကိုယ့်ပါးစပ်ကထုတ်ပြောစရာမလိုပဲ ကိုယ့်ရဲ့ခံစားချက်တွေကို အလိုလိုသိစေချင်တတ်ကြပါတယ်။ ဒါပေမယ့်လည်း လူဆိုတာ အတွင်းစိတ်ကို ထိုးဖောက်မြင်နိုင်စွမ်း မရှိတာကြောင့် သင့်ခံစားချက်တွေအားလုံးကို သင့်ချစ်သူက မသိနိုင်ပါဘူး။ ဒါကြောင့် သင်ဘာလိုခံစားနေရတယ်၊ ဘယ်လိုမျိုးအခြေအနေဆို ဝမ်းနည်းတယ်ဆိုတာမျိုးလေးတွေကို ဖွင့်ပြောဖို့လိုပါတယ်။

(၂) ခံစားရတဲ့အတိုင်းလုပ်ပါ

Sponsored

တစ်ခါတလေ ကိုယ့်စိတ်ထဲကခံစားချက်တွေကို အမြဲထိန်းချုပ်ထားရင်းကနေ ကိုယ့်ချစ်သူက ကိုယ့်အတွက်ကြည့်ပေးဖို့ သတိမရတော့ပါဘူး။ ဒါကြောင့် စိတ်ထဲမှာ သူ့အနားကနေထွက်သွားချင်စိတ်တွေဖြစ်နေရင် ထွက်သွားလိုက်ပါ၊ သူနဲ့မတွေ့ပဲနေချင်စိတ်တွေ ဖြစ်လာရင် လုပ်လိုက်ပါ။ သင့်စိတ်ထဲမှာ သူနဲ့ပတ်သက်ပြီး ခံစားရတဲ့အတိုင်း ဖုံးကွယ်မနေပဲ လုပ်လိုက်ပါ။ ဒါဆိုရင် သင်ဟာ သူနဲ့ပတ်သက်ပြီး ဒီလိုတွေခံစားနေရပါလားဆိုတာကို နားလည်သွားပြီး သင့်ရဲ့တန်ဖိုးကို နားလည်သွားမှာပါ။

READ
မမတွေ အသက် ၃၀ ကျော်လာတဲ့အခါ ပိုပိုလှလာရတတ်တဲ့ အကြောင်းအရင်း (၅) ချက်

(၃) ပေးဆပ်တာတွေလျှော့လိုက်ပါ

လူတွေဟာ ပေးဆပ်ပါများလာတဲ့အခါ တစ်ဖက်လူအတွက် ကိုယ်ဟာ အပေါစားဆန်နေတတ်ပါတယ်။ လုပ်ပေးတာကြာလာတဲ့အခါ လုပ်ကိုလုပ်ရမယ့် တာဝန်တစ်ခုလိုဖြစ်လာတာမျိုးပေါ့။ တစ်ခါတလေ သင့်ဖက်မှာ အဆင်မပြေတာမျိုးတွေ ရှိလာတဲ့အခါ၊ ပင်ပန်းလာတဲ့အခါ အနားယူဖို့လိုပါတယ်။ သင့်ဖက်ကချည်း ပေးဆပ်နေရတယ်ဆိုရင် ပေးဆပ်တာတွေကို လျှော့လိုက်ပြီး သင့်အတွက်သင် စဉ်းစားသင့်ပါတယ်။ ဒါမှသာ သင့်ရဲ့တန်ဖိုးတွေကို တစ်ဖက်လူက နားလည်ပေးနိုင်မှာဖြစ်ပါတယ်။

(၄) လွတ်လပ်စွာနေထိုင်ပါ

shutterstock/ Aliona Hradovskaya

လူတစ်ယောက်ကိုချစ်တာနဲ့ပဲ ကိုယ့်ရဲ့ဘဝကို အကျဉ်းချထားစရာမလိုပါဘူး။ ကိုယ်သွားချင်တဲ့အခါသွားတတ်ဖို့၊ ကိုယ်သည်းမခံနိုင်တဲ့အခါ စွန့်လွှတ်တတ်ဖို့ သင်ယူရပါမယ်။ သူမရှိရင် မနေနိုင်တဲ့ပုံစံမျိုးတွေ၊ ခံစားချက်တွေကို စွန့်ပစ်လိုက်ပါ။ သင့်ရဲ့ဘဝမှာ သင်ကသာ ပထမဦးစားပေးဖြစ်ကြောင်း သူ့ကိုသိရှိစေပါ။ ဒါမှလည်း သင်ဟာ ကိုယ့်ကိုယ်ကိုတန်ဖိုးထားတဲ့ မိန်းကလေးအဖြစ် သင့်ချစ်သူက သင့်တန်ဖိုးကို နားလည်လာမှာပါ။

READ
တနင်္ဂနွေသားသမီးလေးတွေမှာ တွေ့ရတဲ့ စိတ်နေစိတ်ထားနဲ့ မွေးရာပါအားသာချက် (၁၀) ခု

(၅) သူငယ်ချင်းတွေနဲ့တခြားသူတွေကိုအချိန်ပေးပါ

လူတစ်ယောက်ကိုချစ်တဲ့အခါ သူ့အနားမှာပဲ အမြဲနေပေးစရာမလိုပါဘူး။ သူငယ်ချင်း၊ မိသားစုတွေကို အချိန်ပေးတတ်ဖို့လည်းလိုပါတယ်။ သင့်သူငယ်ချင်းတွေ၊ သင့်မိသားစုတွေက သင့်ကိုချစ်ကြောင်း၊ တန်ဖိုးထားကြောင်းတွေ သူနားလည်သွားတဲ့အခါမှာ သင့်ကိုသူ တန်ဖိုးထားတတ်လာမှာပါ။

Em Em

sponsored