ခင်ပွန်းသည်ကို စိတ်ပျက်စေပြီး အိမ်ထောင်တစ်ခုကိုပြိုကွဲစေနိုင်တဲ့ ဇနီးသည်ရဲ့အမှားများ

Sponsored

အိမ်ထောင်တစ်ခုမှာ ယောကျာ်းတစ်ယောက်က ဖောက်ပြန်တယ်၊ မိသားစုကိုပစ်ထားတယ်၊ မိန်းမဖြစ်သူကို မချစ်ဘူးဆိုပြီး ဖြစ်သွားတော့မှ အမျိုးမျိုးပြစ်တင်ဝေဖန်တတ်ကြပါတယ်။ သူတို့ကိုမှန်နေတယ်လို့ဆိုလိုတာတော့ မဟုတ်ပေမယ့် ဒီအရာတွေအားလုံးရဲ့အစဟာ အိမ်ထောင်ဖက်အမျိုးသမီးရဲ့ အမှားတွေကြောင့်လည်း ဖြစ်နေတတ်ပါတယ်။ အိမ်ထောင်တစ်ခုကို တည်ဆောက်လိုက်ပြီဆိုရင် အဲဒီ့အိမ်ထောင်တည်မြဲဖို့က အရေးကြီးဆုံးပါပဲ။ ခုဖော်ပြပေးတဲ့အချက်လေးတွေကို သင်လုပ်မိနေရင်တော့ အမြန်ဆုံးပြင်လိုက်ပြီး ဆောင်သင့်၊ ရှောင်သင့်တာလေးတွေကိုသာ လိုက်နာပေးမယ်ဆိုရင်တော့ သာယာပျော်ရွှင်ဖွယ်ေကာင်းတဲ့ အိမ်ထောင်တစ်ခုဖြစ်လာမှာပါ။

(၁) ချီးကျူးစကားမပြောပေးခြင်း

ယောက်ျားလေးတွေဟာ ချီးကျူးခံချင်ကြတဲ့သူတွေ၊ လေးစားခံချင်ကြတဲ့သူတွေဖြစ်ပါတယ်။ သင့်ခင်ပွန်းဟာ ငွေရှာကောင်းချင်မှကောင်းမယ်၊ သူများတွေလို သင်တို့ကို လူတန်းစေ့ထားနိုင်ချင်မှထားနိုင်မယ်၊ ဒါပေမယ့် သူလည်း သူတတ်နိုင်သလောက် အစွမ်းကုန် မိသားစုအတွက် အလုပ်လုပ်ပေးတယ်၊ စဉ်းစားပေးပါတယ်။ ဒါကို သင် အသိအမှတ်ပြုပေးရပါမယ်။ တစ်ခါတလေ လက်ဆောင်လေးတစ်ခုခုဝယ်ပေးပြီး သူ့ကို လေးစားကြောင်း၊ ချစ်ခင်ကြောင်းတွေကို အမြဲတမ်းပြသရပါမယ်။ သင့်လက်ဆောင်ဟာ ဈေးကြီးစရာမလိုပါဘူး၊ သင့်ရဲ့ အပြုအမူ၊ လေးစားမှုကို သူ့ရင်ထဲမှာသေသေချာချာတွေ့မြင်ဖို့ပဲ လိုတာပါ။

(၂) အဆိုးမြင်စိတ်ချည်းပဲရှိခြင်း

Sponsored

တစ်ခါလေ အိမ်ကရှုပ်ပွနေတာ၊ သင့်ဆံပင်ပုံစံကို စိတ်တိုင်းမကျတာ၊ ဈေးသွားတဲ့အခါ ဖြစ်ခဲ့သမျှအကြောင်းအရာတွေကို အဆိုးဖက်ကချည်းပဲမြင်ပြီး ပွစိပွစိပြောနေတာမျိုး မလုပ်သင့်ပါဘူး။ သင့်ရဲ့အပူတွေမှန်သမျှ၊ ဒေါသတွေအားလုံးကို ခင်ပွန်းသည်အပေါ်ပုံချတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ယောက်ျားတွေဟာ အိမ်ထောင်ဖက်ဖြစ်သူရဲ့ အခက်အခဲတွေ၊ လိုအပ်ချက်တွေကို မကူညီနိုင်တဲ့အခါ၊ ဖြည့်ဆည်းမပေးနိုင်တဲ့အခါ စိတ်ပင်ပန်းပြီး ထွက်ပေါက်ရှာချင်ကြပါတယ်။ ဒါကြောင့် အဆိုးမြင်ဝါဒီကို လက်ကိုင်မထားပါနဲ့။

READ
တစ်ဘဝလုံး ပျော်ရွှင်ရဖို့ ဘယ်လိုအိမ်ထောက်ဖက်မျိုးကို ရွေးချယ်သင့်သလဲ

(၃) အရာအားလုံးက နံပါတ်(၁)

သင့်ရဲ့ကလေးတွေ၊ ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေ၊ သူငယ်ချင်းတွေနဲ့ အရာအားလုံးကို ခင်ပွန်းသည်ထက် ဦးစားပေးမိနေရင် ပြဿနာစလာပါပြီ။ ဒါဟာ ခင်ပွန်းသည်ကို နင်ကငါ့အတွက် အရေးမပါဘူးလို့ပြောလိုက်တာနဲ့ အတူတူပါပဲ။ ဒါကြောင့်မို့လို့ အရာအားလုံးထက် ခင်ပွန်းသည်ကို ဦးစားပေးကြည့်လိုက်ပါ။ ဒါဆိုရင်တော့ အရင်ကထက် သင်တို့ရဲ့ ဆက်ဆံရေးဟာ အများကြီးအဆင်ပြေလာတာကို တွေ့မြင်ရမှာပါ။

(၄) ဆန္ဒမဖြည့်ပေးခြင်း

ရန်ဖြစ်တိုင်း၊ ကတောက်ကဆဖြစ်တိုင်း ခင်ပွန်းရဲ့ လိင်ပိုင်းဆိုင်ရာ တောင်းဆိုမှုကို ငြင်းဆိုတတ်ကြပါတယ်။ ဒါဟာမှားယွင်းတဲ့လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ သင့်ခင်ပွန်းက သင့်ကိုလိင်ကိစ္စတောင်းဆိုတယ်ဆိုတာ သင့်ကို ရင်ခုန်သေးလို့၊ ချစ်သေးလို့၊ တွယ်တာသေးလို့ဆိုတာကို သင်သိထားရပါမယ်။ ဘာမဟုတ်တဲ့ကိစ္စလေးတွေကြောင့်နဲ့ သူ့ကို စိတ်ပျက်အောင်မလုပ်သင့်ပါဘူး။ မဟုတ်ရင်တော့ နောက်ဆက်တွဲပြဿနာတွေက အရမ်းကိုကြီးမားပါတယ်။

(၅) မပွင့်လင်းခြင်း

အမျိုးသမီးအများစုဟာ ပွင့်ပွင့်လင်းလင်းမရှိကြပါဘူး။ ခင်ပွန်းသည်ကို စိတ်မကျေနပ်တာရှိလည်း ပွင့်ပွင့်လင်းလင်း ထုတ်မပြောတတ်ကြပါဘူး။ ဘာဖြစ်နေလဲမေးရင် ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူးလားဆိုတော့လည်း ဖြစ်ပြန်တယ်။ ဒါမျိုးကို ယောက်ျားတွေက စိတ်မရှည်ကြပါဘူး။ ဒါကြောင့် သင့်ရင်ထဲမှာ ခံစားရတာတွေ၊ မကျေနပ်တာတွေကို ကောင်းကောင်းမွန်မွန်၊ ပွင့်ပွင့်လင်းလင်းပြောပြီး ခင်ပွန်းနဲ့တိုင်ပင်ညှိနှိုင်းမှသာ ပြဿနာလည်း ပြေလည်မှာဖြစ်သလို၊ ရေရှည်အတွက်လည်း အများကြီးကောင်းသွားစေမှာဖြစ်ပါတယ်။

READ
သင့်ချစ်သူ၊အိမ်ထောင်ဖက်ရဲ့ အကြမ်းဖက်နှိပ်စက်ခံရတဲ့အခါ ဘယ်လိုအကူအညီတောင်းမလဲ
Em Em(Auntymay)
Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်း ပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည် ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
sponsored