ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ကိုယ်တိုင် အမှတ်မထင် ဖျက်ဆီးသလို ဖြစ်နေတဲ့ အပြုအမူ(၆)မျိုး

Pixabay-Fotorech
Sponsored

“ပျော်ပျော်နေသေခဲ”ဆိုတဲ့ စကားပုံအတိုင်း လူတစ်ယောက်အတွက် ပျော်ရွှင်မှုဟာ အရမ်းကို အရေးကြီးလွန်းလှပါတယ်။ အဲဒီပျော်ရွှင်မှုကို ကိုယ်ကိုယ်တိုင်ရှာဖွေတတ်မှသာလျှင် လူတစ်ယောက်ဟာ ပျော်ရွှင်နေတတ်တာပဲ ဖြစ်ပါတယ်။ ပျော်ရွှင်မှုမရှိပဲ အထီးကျန်မှုတွေ၊ စိတ်အလိုဆန္ဒမပြည့်ဝတာတွေ၊ ဝမ်းနည်းပူဆွေးမှုတွေ ပြည့်နေတဲ့ လူတစ်ယောက်ရဲ့ ဘဝဟာ ရှင်လျက်နဲ့ သေနေရသလိုပါပဲ။ ဒီလောက်ဆိုရင် လူတစ်ယောက်ရဲ့ ဘဝမှာ ပျော်ရွှင်မှုဆိုတာ ဘယ်လောက်တောင်အရေးပါမှန်းသိလောက်ကြပြီ ထင်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ ကိုယ့်ရဲ့ပျော်ရွှင်မှုကို ကိုယ်ကိုယ်တိုင် ဖျက်ဆီးမိနေတတ်တဲ့ အပြုအမူ ၆ ခုကို ပြောပြပေးချင်ပါတယ်။

Pixabay-RyanMcGuire

၁။ အရာရာကို ကျိန်းသေတွက်တက်ခြင်း

Sponsored

ကိစ္စတိုင်းဟာ ဘယ်သောအခါမှ ကိုယ်ထင်သလို မဖြစ်လာတတ်ပါဘူး။ အဆိုးနဲ့ကောင်းနှစ်ခုထဲက တစ်ခုခုတော့ ဖြစ်လာမှာပါပဲ။ အကောင်းကိုချည်းပဲ အရမ်းမျှော်လင့်ထားတာထက် အဆိုးဖြစ်လာရင်ကော ငါဘယ်လိုလုပ်ရလဲပြီး အရာရာကို ပြင်ဆင်ထားသင့်ပါတယ်။ ဒီလိုအဆိုးကိုမျှော်လင့်ပြီး ပြင်ဆင်ထားမှ ကောင်းတဲ့ကိစ္စဖြစ်လာရင် နှစ်ဆပိုပျော်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အရာရာကို ကျိန်းသေတွက်ပြီး မျှော်လင့်ချက်ထားထားတဲ့ စိတ်ကိုဖျောက်ထားတာ အကောင်းဆုံးပါပဲ။

၂။ ကိုယ့်ကိုယ်ကို အမြဲဝေဖန်ပြီး မကောင်းမြင်တတ်နေခြင်း

ကိုယ့်ကိုယ်ကို ဆန်းစစ်လို့ရပါတယ်။ ဝေဖန်လို့ မရပါဘူး။ ဝေဖန်တာနဲ့ ဆန်းစစ်တာ လုံးဝကို မတူပါဘူး။ ဆန်းစစ်တာက ကိုယ့်မှာဘာတွေလိုအပ်ချက်ရှိလဲ၊ ငါဘယ်လိုပြင်ဆင်ရမလဲ၊ ငါဘာတွေထပ်လုပ်ရအုံးမလဲ အစရှိတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်တာပါ။ ဝေဖန်တာကတော့ ငါတော်တော်အသုံးမကျတာပဲ၊ ဒီလိုလုပ်လုပ်ရရက်နဲ့များ ဘာကြောင့်ငါ ဟိုလိုလုပ်လိုက်ရတာလဲ၊ ငါတော်တော်ညံ့တာပဲ အစရှိသဖြင့် ကိုယ့်ကိုယ်ကို ဝေဖန်တာပါ။ အဲဒီလိုတွေးတောတတ်တာတွေကို တက်နိုင်သမျှ ဖျောက်ပစ်ပါ။

READ
Ha Jung Woo နဲ့ Joo Jin Mo တို့ ကို ခြိမ်းခြောက် ငွေညှစ်သူ ထောင်ဒဏ်ချမှတ်ခံရ

၃။ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ မေ့နေတတ်ခြင်း

လောကမှာ လူတစ်ချို့ဟာ သူတစ်ပါးအတွက် အစစအရာရာ ကြည့်ရှု့ပေးတာတို့၊ အနစ်နာခံပေးတာတို့၊ အရမ်းချစ်မိနေတာတို့ဆိုတာ အတိုင်းအတာတစ်ခုအထိပဲ ကောင်းပါတယ်။ အဲဒီအတိုင်းအတာကျော်သွားရင်တော့ အဲဒီလူဟာ စတင်ပူလောင်ရပါပြီ။ ကိုယ့်အတွက်ကိုယ်ကြည့်ပြီး ကိုယ့်ကိုယ်ကိုလည်း ချစ်ပါ။ ကိုယ်ချစ်ပေးတဲ့လူ၊ ဂရုစိုက်ပေးတဲ့လူဟာ ကိုယ့်အပေါ်ကို ထင်သလောက်ပြန်ပြီး အရေးမလုပ်ရင် ကိုယ်ပဲစိတ်ဆင်းရဲရတာပါ။

Pixabay-nastya_gepp

၎။ တစ်ခြားလူနဲ့ ကိုယ့်ကိုယ်ကို အမြဲနှိုင်းယှဉ်နေတတ်ခြင်း

လူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းရှိသလို ကိုယ့်မှာလည်း ကိုယ်ပိုင်အရည်အချင်းဆိုတာ ရှိစမြဲပါပဲ။ ဒါ့ကြောင့် ကိုယ်မဟုတ်တဲ့ တစ်ခြားလူတစ်ယောက်ကို အားကျပြီး ကိုယ့်ကိုယ်ကို အဲဒီလူနဲ့ လိုက်ပြီး နှိုင်းယှဉ်နေတာဟာ အရမ်း စိတ်ပင်ပန်းရပါတယ်။ သူကသူ၊ ကိုယ်ကကိုယ် မတူပါဘူး။ ကိုယ့်အနေနဲ့ အဲဒီလိုလူမျိုးကို အားကျခွင့်ရှိပါတယ်။ ဒါပေမယ့်ကိုယ့်ကိုယ်ကိုတော့ သူနဲ့ မယှဉ်မိပါစေနဲ့။

READ
နာမည်ကြီးကိုရီးယားအမျိုးသမီးအဆိုတော်တွေထဲက Capricon ရာသီဖွားလေးများ

၅။ အတိတ်တွေထဲမှာပဲ ပိတ်မိနေတတ်ခြင်း

အတိတ်ဆို ဖြစ်ပြီးသွားတဲ့ အရာတွေပါ။ အတိတ်မှာ မဖြစ်ချင်တာတစ်ခု ဖြစ်ခဲ့ပြီးရင် အဲဒီအရာကြီးကိုတွေးတောပြီး အတွေးတွေထဲမှာ မပိတ်မိပါစေနဲ့။ ကိုယ်ပဲစိတ်ဆင်းရဲရပါတယ်။ အတိတ်ထက် ပစ္စုပန်နဲ့ အနာဂတ်မှာ ဘယ်လိုနေထိုင်မလဲဆိုတာပဲ တွေးတောနေပါ။ တစ်ကယ်လို့ သင်ဟာ Time traveller တစ်ယောက်ဆိုရင်တော့ အတိတ်ကို ပြန်သွားပြီး မှားခဲ့တဲ့ အမှားတွေကို ပြင်ဆင်နိုင်ပါတယ်။ Time traveller မဟုတ်ဘူးဆိုရင်တော့ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်ပါ။

၆။ Negative အတွေးတွေ အမြဲလိုလို တွေးနေတတ်ခြင်း

အတွေးဆိုတာဟာ ကိုယ်ကြိုက်သလို တွေးခွင့်ရှိပါတယ်။ အလကားကိုတွေးလို့ရပါတယ်။ အလကားတွေးလို့ရမယ့်အတူတူ စိတ်ညစ်ခံပြီး ဘာလို့ negative အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို နှိပ်စက်ချင်နေတာလဲ။ positive thinking ပဲ အမြဲတွေးကြည့်ပါ။ အရမ်းစိတ်ချမ်းသာပြီး ပျော်ဖို့တော်တော်လေး ကောင်းပါတယ်။

Pixabay-DanaTentis

phk

sponsored