ကြောင်ချစ်တတ်တဲ့ ကောင်မလေးတွေရဲ့ အားနည်းချက် (၆) ချက်

peerasin/Freepik
Sponsored

ကြောင်လေးတွေကို ချစ်တတ်တဲ့ ကောင်မလေးကတော့ သိပ်ကို ချစ်ဖို့ကောင်းကြပါတယ်။ သူတို့တွေကတော့ တိရစ္ဆာန်လေးတွေကို ချစ်တတ်ကြတာ ဖြစ်ပြီး ဒီအတွက် အားနည်းချက်လေး ရှိနေတတ်ပါတယ်။ သူတို့ကတော့ ကြောင်လေးတွေနဲ့ ပတ်သတ်ရင် အားနည်းချက်တစ်ခုလို မငြင်းနိုင်တဲ့အရာတွေကတော့ အခုလိုပဲ ရှိနေပါတယ်။

(၁) ကြောင်တွေ့ရင် မနေနိုင်ဘူး

Sponsored

ကြောင်ရှိတဲ့ အိမ်တစ်အိမ် ရောက်ပြီဆိုရင် သူတို့တွေက ကြောင်ကို အာရုံမရောက်ဘဲ မနေနိုင်ကြပါဘူး။ ကြောင်တွေကို ပြေးတွေ့ပြီး ချီချင်လာတာက သူတို့ရဲ့ အားနည်းချက် ဖြစ်ပြီး ကြောင်းချီဖို့ ပြောလာရင်လည်း မငြင်းနိုင်တဲ့သူတွေ ဖြစ်ပါတယ်။

Photo by 祝 鹤槐 from Pexels

(၂) ကြောင်ပုံတွေ့ရင် မသိမ်းရ မနေနိုင်ဘူး

သူတို့ရဲ့ အွန်လိုင်း အသုံးပြုပုံကလည်း သူများထက် ထူးခြားပါတယ်။ ကြောင်တွေအကြောင်း တင်တဲ့ ဂရုတွေထဲ ဝင်ထားပြီး ရှိသမျှ တွေ့သမျှ ကြောင်ပုံတွေကို မြင်တာနဲ့ မကြည့်ဖို့ မလုပ်နိုင်ကြသလို ဖုန်းထဲကို မသိမ်းထားလိုက်ရင် မနေနိုင်ကြပါဘူး။ ကြောင်ပုံတွေ မsave တော့ဘူးလို့ ကိုယ့်ကိုယ်ကိုတောင် မငြင်းကြည့်နိုင်တာကတော့ ကြောင်ချစ်သူတွေရဲ့ အားနည်းချက်ပါပဲ။

READ
စင်းလုံးချော မိတ်ကပ်ပြင်ဆင်မှုကိုရဖို့အတွက် မိတ်ကပ်ပညာရှင်တွေ သုံးတဲ့နည်းလမ်း(၆)ခု
Photo by Retha Ferguson from Pexels

(၃) ကြောင်ကုတ်တာ

ကြောင်ကုတ်တာကိုလည်း ကြောင်ချစ်သူတွေက အပြစ်မမြင်နိုင်၊ မငြင်းနိုင်ကြပါဘူး။ ကြောင်တွေကို ချစ်လို့ ကြောင်ကုတ်ခံရလည်း ကုတ်ပါစေလို့ တွေးကြတာ ဖြစ်ပါတယ်။ ဒါကြောင့် တွေ့သမျှ ကြောင်အားလုံးကို လိုက်ဖမ်းနေလို့ ကုတ်ရာတွေ ခြစ်ရာတွေ သူတို့မှာ ရှိနေတတ်ပါတယ်။

(၄) ကြောင်အကြောင်းပြောတာ

တစ်ယောက်ယောက်က ကြောင်တစ်ကောင်ကောင် အကြောင်းကို ပြောလိုက်ပြီဆိုရင် မသိချင်ယောင်ဆောင်ပြီး မငြင်းနိုင်ကြပါဘူး။ သူတို့ပါ စိတ်ဝင်တစား လိုက်နားထောင်မိတတ်တာကတော့ သူတို့ရဲ့ မဖုံးကွယ်နိုင်တဲ့အကျင့်ပါပဲ။ ကြောင်တွေရဲ့ အကျင့်တွေကိုလည်း သူတို့က လိုက်ပြီး ကြည့်တတ်ကြပါသေးတယ်။

Photo by Robert Nagy from Pexels

(၅) ကြောင်ပုံစံတွေကို သဘောကျတာ

ကြောင်ကို ချစ်ကြတာမှ ကြောင်ပုံစံအရုပ်တွေကိုကအစ သူတို့က မငြင်းနိုင်ကြပါဘူး။ ကြောင်ပုံ စတစ်ကာတွေကို သဘောကျသလို အသုံးအဆောင်တွေမှာလည်း ကြောင်ရုပ်ပါနေတာကို သူတို့က နှစ်ခြိုက်တတ်ကြပါတယ်။ သူတို့က မသိရင် ကြောင်မျိုးရိုးက ဆင်းသက်လာတယ်ထင်ရလောက်အောင်ကို ကြောင်ကို ချစ်ကြတာ ဖြစ်ပါတယ်။

READ
မေမေချစ်သမီးလေးတွေရဲ့ သူမတူတဲ့ ထူးခြားချက်လေးများ
Photo by Robert Nagy from Pexels

(၆) လမ်းမှာ ကြောင်တွေ့တာ

လမ်းမှာ ကြောင်တွေ့တာနဲ့ ခြေလှမ်း တုန့်ခနဲ ရပ်သွားတတ်တာ ကြောင်ချစ်သူတွေပါပဲ။ ကြောင်တွေ့ပြီဆိုရင် လိုက်ကြည့်ပြီး ချစ်နေတတ်တာ ကြောင်ချစ်သူတွေရဲ့ အကျင့်တစ်ခုပါပဲ။ ဒီလိုမျိုး အရာတွေကို မငြင်းနိုင်တာကတော့ ကြောင်ချစ်သူ ပျိုပျိုတို့ရဲ့ အားနည်းချက်ပါပဲ။

Kham

sponsored