အသားအရေ ကြည်လင်ဝင်းပချင်သူတွေ စားပေးသင့်တဲ့ အသီးအနှံ ၆ မျိုး

Photo by Andrea Piacquadio from Pexels
Sponsored

အသားအရေ ဖြူတာ၊ မည်းတာထက် အသားအရေ လှတယ်ဆိုတာက ကြည်လင်ပြီး ဝင်းပနေတဲ့ အသားအရေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလိုမျိုး အသားအရေကို ကြည်တာက ပိုပြီး ကြည့်ကောင်းစေပါတယ်။ အသားအရေကို ကြည်ပြီး ဝင်းနေစေချင်ရင်တော့ ဒီအသီးအနှံတွေကို ပုံမှန် စားသောက်ပေးဖို့ လိုအပ်ပါတယ်နော်။

(၁) လိမ္မော်သီး

Sponsored

လိမ္မော်သီးကတော့ အသားအရေအတွက် လိုအပ်တဲ့ ဗီတာမင်စီ ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါ့အပြင် အသားအရေကို နုပျိုစေတဲ့ ကိုလာဂျင်ကိုလည်း ဗီတာမင်စီက အထောက်အကူပြုနေတာကြောင့် တစ်နေ့ကို အသီးတစ်ခြမ်း လောက် ပုံမှန် စားပေးနိုင်ရင် အကောင်းဆုံးပါပဲနော်။

pixabay/pexels

(၂) သင်္ဘောသီး

အသားအရေအတွက်ဆို သင်္ဘောသီးကလည်း မဖြစ်မနေ စားပေးရပါမယ်။ သင်္ဘောသီးက အသားအရေကို အစိုဓာတ်ပြည့်ဝအောင် ပြုလုပ်ပေးနိုင်သလို နူးညံ့စိုပြေစေပါတယ်။ သင်္ဘောသီးမှာ ဗီတာမင် အေ၊ စီနဲ့ ဘီ တွေလည်း ပါဝင်တာမို့ ကျန်းမာတဲ့ အသားအရေကို ရရှိစေပါတယ်။

READ
အသားအရေအမျိုးအစားအလိုက် သုံးသင့်တဲ့ အထိရောက်ဆုံး အိမ်တွင်း Mask လုပ်နည်းများ
Photo by alleksana from Pexels

(၃) ဖရဲသီး

ရေဓာတ်ကို အကောင်းဆုံး ဖြည့်တင်းပေးနိုင်တဲ့ အသီးအနှံ ဖြစ်ပါတယ်။ ဗီတာမင် အေ၊ စီ နဲ့ ဗီတာမင် ဘီဝမ်း၊ ဘီစစ် တွေပါ ကြွယ်ဝစွာ ပါဝင်တာမို့ အသားအရေကို ကျန်းမာစေပါတယ်။ ဗီတာမင်စီဓာတ်က အရေးအကြောင်းတွေကိုလည်း လျော့ကျစေတာကြောင့် သင့်ရဲ့ နုပျိုမှုကို ပေးနိုင်ပါတယ်။

Photo by VisionPic .net from Pexels

(၄) သခွားသီး

သခွားသီးကလည်း ရေဓာတ်ပြည့်ဝစေတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ အေးမြတဲ့ အာနိသင်လည်း ရှိပြီး antioxidants တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ မျက်ကွင်းညိုတာနဲ့ မျက်ရည်အိတ်ဖောင်းတာတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။

(၅) ထောပတ်သီး

စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေနိုင်သလို အသားအရေ ပျက်စီးမှုကိုလည်း တားဆီးပေးနိုင်ပါတယ်။ အမျှင်ဓာတ်ပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ထိခိုက်တာကိုလည်း ကာကွယ်ပေးပါတယ်။

READ
ကမ္ဘာကျော်တွေရဲ့ ထူးထူးဆန်းဆန်း အသားအရေထိန်းသိမ်းနည်း(၄)မျိုး

(၆) ငှက်ပျောသီး

အသားအရေကို ချောမွေ့ပြီး စိုပြေနေအောင်လို့ ငှက်ပျောသီးကို စားပေးနိုင်ပါတယ်။ အစာခြေစနစ်ကို ကောင်းမွန်စေပြီး အသားအရေကို ကြည်လင်စေပါတယ်။

Kham

sponsored