ကောင်လေး အများစုက မုန်းလေ့ရှိတဲ့ မိန်းကလေးတွေရဲ့ အမူအကျင့် (၆) မျိုး

shutterstock/fizkes
Sponsored

ယောင်္ကျားလေးတွေရဲ့အကျင့်တွေနဲ့ ပတ်သတ်ပြီး မိန်းကလေးတွေဘက်က သဘောမကျတာမျိုးတွေ ရှိနေသလို ယောင်္ကျားလေးတွေဘက်ကလည်း မိန်းကလေးတွေနဲ့ ပတ်သတ်ရင် မကြိုက်တဲ့ အချက်တွေ ရှိနေပါတယ်။ ကောင်လေးအများစုက မိန်းကလေးတွေမှာ ရှိတတ်တဲ့ အခုလို အချက်တွေကို မုန်းတတ်ကြပါတယ်။

(၁) သူတို့ကို တာဝန်ယူခွင့် မပေးတာ

Sponsored

ကောင်လေး အများစု မိန်းကလေးတွေရဲ့ အရှေ့ကနေ ဦးဆောင်ချင်ကြတာမျိုး ဖြစ်ပါတယ်။ ထက်မြက်တဲ့ မိန်းကလေးတွေကတော့ ကိုယ်တိုင် အရာအားလုံးကို တွေးနိုင်ပြီး ကျား၊ မ ခွဲခြားတဲ့ အမြင်မျိုးပါ မရှိတတ်ကြပါဘူး။ ဒီအတွက် တချို့ကောင်မလေးတွေဆိုရင် သူတို့ကပဲ အမြဲ ဦးဆောင်စီစဉ်ပြီး လုပ်တတ်ကြပါတယ်။ ဒီအချက်က ကောင်လေးတွေက သူတို့ကို လေးစားမှု မပေးဘူးလို့ ခံစားရစေလို့ မနှစ်သက်ကြပါဘူး။

freepic.diller/Freepik

(၂) ကိုယ်ရေးကိုယ်တာကို အလေးမထားတာ

မိန်းကလေးတွေမှာ ရှိတတ်တဲ့ သဘာဝက ကိုယ့်ကောင်လေး ဘာလုပ်နေတာကို စပ်စုကြတာပဲ ဖြစ်ပါတယ်။ ကိုယ့်ကောင်မလေးက ကိုယ့်ကို ယုံကြည်မှု မပေးဘူးလို့ ခံစားကြရသလို လွတ်လပ်မှု မရှိတော့ဘူးလို့ပါ ခံစားရစေပါတယ်။ ဒီအတွက် ကိုယ့်ရဲ့ အရာအားလုံးကို လိုက်စောင့်ကြည့်တတ်တဲ့ မိန်းကလေးမျိုးကိုလည်း သူတို့က သဘောမကျတတ်ပါဘူး။

READ
တရုတ်မှာ နာမည်ကြီးနေတဲ့ ကိုရီးယားအမျိုးသမီး ဆယ်လီ (၁၀)ယောက်
pressmaster/Freepik

(၃) အမြဲ ကြေကွဲပြနေတာ

အချစ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးနိုင်တဲ့ နီးစပ်မှုမျိုးလည်း ရှိဖို့ လိုပါတယ်။ ကောင်လေးအများစုကတော့ ကိုယ့်ကို အမြဲ လာငိုပြပြီး ကြေကွဲပြနေတတ်တဲ့ ဝမ်းနည်းလွယ်တတ်တဲ့ ကောင်မလေးမျိုးကိုလည်း စိတ်ရှုပ်ကြတတ်ပါတယ်။

(၄) ဒေါသထွက်ရက်နဲ့ ထွက်မပြတာ

မိန်းကလေးတွေက စိတ်ဆိုးနေရင်တောင် စိတ်မဆိုးပါဘူးဆိုပြီး သူတို့ရဲ့ စိတ်ဆိုးမှုကို တုန့်ပြန်တတ်ကြပါတယ်။ ဒီအချက်က ကောင်လေးတွေကို အခက်တွေ့စေတဲ့ အချက်ပါ။ ကောင်လေးတွေရဲ့ သဘာဝက ပွင့်ပွင့်လင်းလင်းပြောပြီး ဖြေရှင်းတတ်ကြတာမျိုးပါ။ စိတ်ဆိုးနေသလား စိတ်မဆိုးနေဘူးလားဆိုတာကို သူတို့က မခွဲခြားနိုင်လို့ ဒီလိုမျိုး တုန့်ပြန်မှုတွေကို သိပ်သဘောမကျပါဘူး။

pressmaster/Freepik

(၅) အမေလို အကျင့်မျိုး

ကောင်လေးတွေက အမေ နောက်တစ်ယောက် မလိုချင်တတ်ကြပါဘူး။ အမေရဲ့ ဆူပူမှုကိုသာ သူတို့က သည်းခံနိုင်ပေမယ့် သူတို့ရဲ့ ချစ်သူမိန်းကလေးကပါ အမေလို သူတို့ကို စောင့်ကြည့်ပြီး ထိန်းကျောင်း ပြစ်တင်နေတာကို လုံးဝ မကြိုက်တတ်ကြပါဘူး။

READ
BLACKPINK အဖွဲ့နဲ့အတူ LA မှာ လျှောက်လည်ခဲ့တဲ့ ကလေးမော်ဒယ်လေး Ella Gross
zinkevych/Freepik

(၆) သူငယ်ချင်းတွေနဲ့ အတူရှိနေတာ

ကောင်လေးအများစုက သူတို့ အချစ်ရေးမှာ ကိုယ့်ကောင်မလေးနဲ့ နှစ်ယောက်တည်း သွားလာ အချိန်ပေးရတာကို ပိုပြီး သဘောကျပါတယ်။ ဒါပေမယ့် ကိုယ့်ကောင်မလေးက သူ့သူငယ်ချင်းနဲ့ပဲ အမြဲ ပြေလည်အောင် လုပ်ခိုင်းပြီး ဘာလုပ်လုပ် သူတို့ရဲ့ သူငယ်ချင်းတွေကိုပါ ခေါ်ပြီး လည်ပတ်တာက ကိုယ့်ကို အလေးမထားသလို ခံစားရစေပြီး စိတ်လှုပ်ရှားမှုတွေကို လျော့နည်းစေတာကြောင့် လုံးဝ ဒီအချက်ကို မကြိုက်ကြပါဘူး။

Kham

 

 

sponsored