လက်ရှိချစ်သူဟာ သင့်ဘဝလက်တွဲဖော်မဖြစ်ထိုက်ဘူးဆိုတာ ပြနေတဲ့အချက်များ

shutterstock/Antonio Guillem
Sponsored

ချစ်သူတွေပဲ ဖြစ်စေ၊ အိမ်ထောင်ရေးမှာပဲ ဖြစ်စေ ဘယ်လို ဆက်ဆံရေးမှာပဲ ဖြစ်စေ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုက အရမ်း အရေးကြီးပါတယ်။ မယုံကြည်ရတဲ့ ဆက်ဆံရေးက ရေရှည်အတွက် ဘာမှ မသေချာ မရေရာသလို အနာဂတ်အတွက်လည်း စိတ်မချရပါဘူး။ ယုံကြည်မှု မရှိတဲ့ ဆက်ဆံရေးက အချိန်မရွေးလည်း ပြိုပျက်သွားနိုင်တာမို့ ဘာမှ မျှော်လင့်လို့ မရပါဘူး။ ဒါ့အပြင် သင့်ကိုပါ ဆိုးကျိုးတွေ ဖြစ်လာမလားဆိုတာတောင် ပြောမရပါဘူး။ ဒါကြောင့် သင့်ချစ်သူက ယုံကြည်လို့ရသလားဆိုတာကို ဒီအချက်တွေကို ကြည့်ပြီး သုံးသပ်နိုင်ပါတယ်။

(၁) သင့်ကို ဖုံးကွယ်ထားတယ်။

Sponsored

သင်နဲ့ ပတ်သတ်တာတွေကို သူက ဖုံးကွယ်ထားလေ့ ရှိတယ်ဆိုရင်တော့ ဒါက သင် သူ့ကို ယုံလို့ မရကြောင်း ဖော်ပြနေတဲ့ အချက် တစ်ချက်ပါပဲ။ ဘယ်ယောင်္ကျားလေးမဆို တကယ်ချစ်မိပြီဆိုရင် ကိုယ့်ချစ်သူကို မလိမ်သလို ကွယ်ဝှက်တာမျိုးတွေ လုပ်လေ့ မရှိပါဘူး။ သင် သူ့နဲ့ ပတ်သတ်ပြီး သေချာ မသိရသလို သူ ဘာတွေ ဖြစ်နေတယ် ဘာတွေ ခံစားနေတယ်ဆိုတာပါ မသိရရင် သူက သင့်ကို ရေရှည်မစဉ်းစားဘူးလို့ တွေးကြည့်သင့်နေပါပြီ။

shutterstock/NotarYES

(၂) အနာဂတ်အကြောင်း သင်နဲ့ မပြောဘူး

သူ့ရဲ့ အနာဂတ်အိပ်မက်တွေကိုလည်း သေချာ မသိရသလို အနာဂတ်မှာ သင်နဲ့ ဘယ်လို ရှေ့ဆက်မယ်ဆိုတာမျိုးတွေ သူ့မှာ အစီအစဉ် ရှိမနေပါဘူး။ ဒါက သင့်ကို သူ့အကြောင်းတွေ မပြောချင်နေဘူးဆိုတဲ့ အချက်ဖြစ်ပြီး သူက သင်နဲ့ ရေရှည်လက်တွဲမယ်ဆိုတာ မသေချာကြောင်း ပြနေတဲ့ အချက်လည်း ဖြစ်ပါတယ်။ ဒါက ချစ်သူ ဖြစ်စမှာတည်းက ဖြစ်နေတဲ့ အရာဆိုရင်တော့ သင် သူ့ကို ရေရှည်ရည်ရွယ်ထားတယ်ဆိုရင် နောက်တစ်ကြိမ် ထပ် စဉ်းစားသင့်နေပါပြီနော်။

READ
သင့်ကို မုန်းနေတဲ့လူတစ်ယောက်ကို ဘယ်လို ရင်ဆိုင်မလဲ

(၃) သူ ဘာလုပ်တယ်ဆိုတာ သင် မသိရဘူး

ချစ်သူတွေဆိုတာ  အဆက်အသွယ် ရှိကြတဲ့အတွက် အနည်းဆုံး သူ ဘာလုပ်နေတယ်ဆိုတာတော့ ကိုယ် သိရမှာပါ။ ဒါပေမဲ့ သူ ဘယ်သွားသွား ဘာလုပ်လုပ် သင် ဘာမှ မသိရပဲ အမြဲ လိုက်မေးနေရရင်တော့ မဟုတ်သေးပါဘူး။ သင် ဘယ်လို ခံစားရတယ် မခံစားရဘူးဆိုတာကို သူ့ခေါင်းထဲမှာ ရှိမနေသလို သင့်ကို အလေးမထားဘူးဆိုတဲ့ အချက်လည်း ဖြစ်နေပါတယ်။ ချစ်ရသူ တစ်ယောက်လို မတွေးတာလည်း ဖြစ်နိုင်တာကြောင့် သင့်ရဲ့ လက်တွဲဖော်အဖြစ် ရှိမှာ သေချာလားဆိုတာကို ပြန်ဆန်းစစ်ကြည့်သင့်ပါပြီ။

shutterstock/GaudiLab

(၄) သင့် ယုံကြည်မှုကို ဖောက်ဖျက်တယ်

သင့်ကို ကတိပေးထားပြီး ဖောက်ဖျက်လိုက်လည်း နောက်မဖြစ်စေရဘူးလို့ လွယ်လွယ်ပြောပြီး အေးဆေးနေတတ်တဲ့သူဆိုရင်တော့ သင့်ဘက်က သတိထားသင့်ပါတယ်။ ချစ်သူတွေဆိုတာ အနည်းဆုံးတော့ သူ့ဘက်က လုံးဝမကြိုက်တာတွေကို ဆင်ခြင်ပေးရမှာ ဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် အဆင်မပြေမဖြစ်ရလေအောင် မလုပ်တာမျိုး ဖြစ်ပါတယ်။

READ
ကိုယ့်ကို ကြိုးရှည်ရှည်နဲ့ လှန်ထားတဲ့ Crush ကို ဒီနည်းတွေနဲ့ ပြန်ချေပစ်လိုက်ပါ

(၅) မိန်းကလေးတိုင်းကို သင်နဲ့ ပြောဆိုသလိုနည်းနဲ့ ပြောနေတယ်

လူတွေက တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်တဲ့ပုံတွေ မတူပါဘူး။ မိဘကို ပုံစံတစ်မျိုးနဲ့ ဆက်သွယ်သလို ချစ်သူကိုလည်း သီးသန့််ပုံစံနဲ့ ပြောဆိုတတ်ပါတယ်။ ဒါပေမယ့် သူကတော့ မိန်းကလေးတိုင်းကို သင်နဲ့  စကားပြောသလိုပဲ ဘာလိုလို ညာလိုလို ခန့််မှန်းမရသလို ပြောနေတတ်တဲ့သူဆိုရင် သင် မဖြစ်မနေ ရေရှည်လက်တွဲဖို့  စဉ်းစားရမှာပါ။ ရေရှည်မှာ မသေချာတာမို့ သင်ပဲ ခံစားနာကျင်ရမှာပါ။

Photo by Jodie Louise from Pexels

(၆) မပွင့်လင်းဘူး

ချစ်သူတွေဆိုတာ သူငယ်ချင်းတွေထက်တောင် ပိုရင်းနှီးတတ်ပါသေးတယ်။ ဒါပေမယ့်လည်း သူ ဘယ်လိုတွေဖြစ်နေတယ်ဆိုတာတွေလည်း မပြောတတ်သလို သူ အဆင်မပြေတာတွေလည်း သင့်ကို မပြောဘူး သူ ဘာ ရည်မှန်းချက်တွေ ရှိတယ် ဘယ်လို စီစဉ်ထားတယ်ဆိုတာတွေကို ဘာတစ်ခုမှ မသိရဘူးဆိုရင်တော့ သူ့ဘဝထဲမှာ သင် မရှိတဲ့ သဘောပါ။ ဒါ သင် သူ့ကို သင့်ရဲ့ ဘဝလက်တွဲဖော်ပါလို့ ယုံကြည်လို့ မရတဲ့ အချက်လည်း ဖြစ်နေပါတယ်။

Ref: herway

Kham

sponsored