Sponsored
( Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်)
Sponsored
၃။ ၄ နာရီကနေ ၇ နာရီအတွင်း ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးပါ။
READ
ခန္ဓာကိုယ်အတွက် အလျင်အမြန် ထိရောက်မှုရှိတဲ့ လမ်းလျှောက်လေ့ကျင့်ခန်း (၄) ခု
[Unicode version]
ညဘက်အိပ်မပျော်သူများ အိပ်ပျော်နိုင်စေရန် လုပ်ဆောင်သင့်တဲ့ နည်းလမ်း (၆)ချက်
အသက်ကြီးလာလေ လူများဟာ အလွယ်တကူ မအိပ်ပျော်တော့လေပါပဲ။ ငယ်စဉ်က ခေါင်းအုံးနဲ့ ခေါင်းထိလုုိက်တာနဲ့ အိပ်ပျော်ခဲ့ပေမဲ့ အသက်ကြီးလာတာနဲ့ တော်ရုံ မအိပ်ပျော်နိုင်ကြတော့ပါဘူး။အခုဒီမှာတော့ Aunty May ရဲ့ပရိတ်သတ်များအတွက် ညဘက်မှာ နှစ်နှစ်ခြုက်ခြိုက်အိပ်ပျော်စေနိုင်မဲ့ သာဘာဝ နည်းလမ်း (၆) ချက်ကို ဖော်ပြလိုက်ပါတယ်။
၁။ ညဘက်ရေ အများကြီး မသောက်မိပါစေနဲ့။
အသက်အရွယ်ရလာတာနဲ့အမျှ ဆီးရွှင်ခြင်းကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်း ထုတ်လုပ်ခြင်း နည်းပါးလာပါတယ်။ဒီလို ဆီးရွှင်ခြင်းကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်း နည်းပါးလာတဲ့အတွက် ညဘက်မှာ အိမ်သာ ခဏခဏ သွားရတတ်ပါတယ်။ဒါကြောင့် အသက်ကြီးသူတွေအနေနဲ့ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်တယ် ဆိုရင် မအိပ်ခင် ၂ နာရီအတွင်းမှာ ရေအမြောက်အများ သောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
၂။ စိတ်ငြိမ်သက်စွာရှိနေပါစေ။
ညအိပ်ယာမဝင်ခင်မှာ ရေချိုး ခြင်းဟာ ခန္ဓာကိုယ်အတွက်ကောင်းမွန်သလို ညဘက်နှစ်ခြိုက်စွာ အိပ်ပျော်စေချင်တယ်ဆိုရင် သင်စိတ် ငြိမ်သက်စွာရှိနေဖို့ လိုပါလိမ့်မယ်။သင်ဟာ စိတ်အရမ်းလှုပ်ရှားတတ်တဲ့ သူတစ်ယောက်ဆိုရင် ညဘက် မအိပ်ခင် ယောဂ ကစားတာပဲ ဖြစ်ဖြစ် တရားထိုင်တာပဲဖြစ်ဖြစ် လုပ်ဆောင်သင့်ပြီး ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် သင်ဦးနှောက်အာရုံကြောတွေ ငြိမ်သက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်စေမှာ ဖြစ်ပါတယ်။
READ
ကိုယ်တွင်းကလီစာတွေကိုဒုက္ခပေးမယ့် အဆိပ်အတောက်တွေကို ထိရောက်စွာဖယ်ရှားနည်း (၅)ခု
၃။ ၄ နာရီကနေ့ ရ နာရီအတွင်း ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးပါ။
အတော်အသင့် မပင်ပန်းတဲ့ လေ့ကျင့်ခန်းမျိုးပြုလုပ်ပေးခြင်းက သင့်ကို အိပ်ပျော်စေမှာ ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်းဟာ အကောင်းဆုံး အိပ်စက်ခြင်း ဆေးနည်း တစ်မျိုးဖြစ်ပြီး ညနေ ၄ – ရ နာရီကြား မိနစ် ၂၀ – ၃၀ မျှ လမ်းလျှောက်ပေးခြင်းဟာ သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာ ဖြစ်ပါတယ်။
၄။ သင့် အိပ်ခန်းကို ဂရုစိုက်ပါ။
နှစ်ခြိုက်စွာ အိပ်စက်ဖို့အတွက် နောက်ထပ်လိုအပ်ချက်ကတော့ သင့်အိပ်ခန်းဟာ အေးမြ၊တိတ်ဆိတ်၊ခြောက်သွေ့တဲ့ နေရာ တစ်ခု ဖြစ်နေဖို့ ပါပဲ။ဒါကြောင့် အခန်းတွင်း အပူချိန်ကိုမပူလွန်း အအေးလွန်း အပူချိန်ဖြစ်တဲ့ ၁၈.၅ C ကနေ ၂၀ C အတွင်းရှိနေဖို့လိုအပ်ပါတယ်။ဒါအပြင် ညဘက်မှာ ခြေဖဝါးကို နွေးနွေးအောင်ထားသင့်ပြီး လိုအပ်ရင် ခြေအိပ် ၀တ်ဆင်ထားဖို့လိုအပ်ပါတယ်။
၅။ အခန်း အလင်းရောင်ကို လျှော့ချပါ။
အလင်းရောင်ဟာ ညဘက်မှှာ မယ်လာတိုနင် ဟော်မုန်း (melatonin = ခန္ဓာကိုယ်ရဲ့ ဇီဝဗေဒဆိုင်ရာ စည်းချက်,အိပ်ချိန်,ဓမ္မတာလာခြင်း များကို ထိိန်းညှိပေးသော ဟော်မုန်း) ထုတ်လုပ်ခြင်းကို တားဆီးပါတယ်။ဒါအပြင် သင်မျက်လုံး ပိတ်ထားမယ် ဆိုရင်တောင် အလင်းရောင်ရဲ့ ၂၀ % ခန့်က မျက်လုံးထဲကို ၀င်ရောက်နိုင်ပါတယ်။ဒါကြောင့် ညဘက်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်တယ် ဆိုရင် သင့်အခန်းအလင်းရောင်ကို မှိန်မှိန်လေးပဲ ထားဖို့ လိုအပ်ပါတယ်။
၆။ ညမအိပ်ခင် Facebook သုံးစွဲခြင်းများကို လျှော့ချပါ။
ညဘက်အိပ်မပျော်သူများကို ကောက်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ အသက် ၅၀ – ၆၄ အရွယ်ရှိလူကြီးများရဲ့ ၁၅ % ခန့်ဟာ ညဘက်မှာ Noti များကို စစ်ဆေးဖို့ နိုးလာလေ့ရှိတယ် လို့ဆိုပါတယ်။ဒါကြောင့် ညဘက် အိပ်မပျော်တဲ့ သူများအနေနဲ့ ညဘက်မှာ Social Media အသုံးပြုခြင်းများကို ရှောင်ရှားဖို့လိုပြီး စိတ်ချလက်ချ အိပ်ယာထဲဝင်ဖို့ ကြိုးစားသင့်ပါတယ်။
အန်တီမေရဲ့ ပရိတ်သတ်များ အိပ်မရ ညများ ကုန်ဆုံးလွန်မြောက်နိုင်ကြပါစေ…..
sponsored