ကောင်မလေးတွေရဲ့ အဝတ်ဘီရိုထဲမှာ ရှိထားသင့်တဲ့ အဝတ်အစား ၆ မျိုး

wayhomestudio/Freepik
Sponsored

မိန်းကလေးတွေက ယောင်္ကျားလေးတွေထက် လိုအပ်ချက် များသူတွေ ဖြစ်ပါတယ်။ အသုံးအဆောင်တွေကလည်း မိန်းကလေးတွေထက် နည်းနေတတ်ပါတယ်။ ဟိုအရင်ခေတ်က မြန်မာဝတ်စုံကို ဦးစားပေး ဝတ်ကြလို့ သိပ် ခေါင်းမစားရပေမယ့် ဒီခေတ် မိန်းကလေးတွေမှာတော့ မရှိမဖြစ် ဘီရိုထဲမှာ ရှိထားသင့်တဲ့ အဝတ်အမျိုးအစားတွေ ရှိနေပါတယ်။ ဒါတွေကတော့…..

(၁) ဂျင်းဘောင်းဘီ

Sponsored

ဂျင်းဘောင်းဘီဆိုတာ ဒီခေတ် မိန်းကလေးတွေအတွက် မရှိမဖြစ်လို့တောင် ဆိုလို့ ရပါတယ်။ လွတ်လွတ်လပ်လပ်လည်း သွားလာလို့ ရပါတယ်။ တောင်တက်ခရီးတွေနဲ့ ခရီးသွားရတဲ့ အခြေအနေမျိုးတွေမှာ ဂျင်းဘောင်းဘီက အသင့်လျော်ဆုံး ဖြစ်သလို အပြင်ထွက်တဲ့အခါမှာလည်း ဝတ်ဆင်လို့ ရတာမို့ ဂျင်းဘောင်းဘီကောင်းကောင်း တစ်ထည်လောက်တော့ ရှိထားရမှာပါ။

Photo by Andrea Piacquadio from Pexels

(၂) မြန်မာဝတ်စုံ

ခေတ်တွေ ပြောင်းလာလို့ အဝတ်ပုံစံ မျိုးစုံတွေ ဝတ်နေကြရပေမယ့်လည်း အလှူအတန်းတွေနဲ့ ဘုရားသွား၊ ကျောင်းတက်ရတဲ့အခါတွေမှာတော့ မြန်မာဝတ်စုံကို မဖြစ်မနေ ဝတ်ရပါတယ်။ ဒါကြောင့် မြန်မာဝတ်စုံကလည်း မိန်းကလေးတွေအတွက် မရှိမဖြစ်ပါပဲ။

READ
ရိုးပေမယ့် နှစ်ခါပြန်လည်ပြန်ငေးမိလောက်အောင် မိုက်နေစေမယ့် အမိုက်စားဖက်ရှင်တွေ
bugphai/Freepik

(၃) ဂါဝန်

မိန်းကလေးတွေက ယောင်္ကျားလေးတွေထက် ပိုပြီး ကျဉ်းကြပ်ရတာ ရှိပါတယ်။ အတွင်းခံတွေက အမြဲ ဝတ်ဆင်ရတာမျိုး ဖြစ်လို့ ပူလောင်နေတဲ့ ရာသီဥတုမှာဆိုရင် အဝတ်အစားကြပ်ကြပ်တွေ၊ ဘောင်းဘီတွေက ပိုပြီး အနေရခက်စေပါတယ်။ ဒီလိုအချိန်တွေအတွက် ဂါဝန်တွေကလည်း လိုအပ်ပါတယ်။ အပေါ်အောက် တစပ်တည်း ဖြစ်တဲ့ Dress တွေကလည်း သင့်ကို ပေါ့ပါးစေနိုင်ပါတယ်။

halayalex/Freepik

(၄) အပေါ်ထပ် အပါး

လက်ပြတ်အင်္ကျီလည်း ဝတ်ချင်ပေမယ့် အပြည့်အဝ ယုံကြည်မှု မရှိတဲ့ မိန်းကလေးတွေအတွက်တော့ ထပ်လို့ ရမယ့် လက်ရှည်အပါးတစ်ထည်တော့ လိုပါတယ်။ ဒါ့အပြင် အပူအအေး မမျှတဲ့ အခြေအနေတွေအတွက်လည်း အင်္ကျီလက်ရှည်အပါးက လိုကိုလိုအပ်ပါတယ်။

Photo by Anastasia Shuraeva from Pexels

(၅) အနွေးထည်

ရာသီဥတုတွေ ဖောက်ပြန်နေလို့ မြို့ပြအချို့မှာ မအေးတော့တာ၊ အအေးလျော့လာတာတွေကြောင့် အနွေးထည်ကို သိပ်သတိမထားမိတတ်ကြပါဘူး။ တကယ်တော့ အနွေးထည်က မိုးရာသီပဲဖြစ်ဖြစ်၊ ခရီးသွားတဲ့အခါမှာ ဖြစ်ဖြစ် လိုအပ်နေသေးလို့ လိုအပ်မှ လိုက်ရှာဝယ်တာထက် ရှိထားတော့ ပိုကောင်းပါတယ်နော်။

READ
မိန်းကလေးတွေ ကြွေတဲ့ အမျိုးသားတွေရဲ့ ဖက်ရှင်စတိုင်များ
Photo by Min An from Pexels

(၆) စတိုင်ဘောင်းဘီနဲ့ ဘလောက်စ်

ဘောင်းဘီက ဒီနေ့ခေတ်မှာ အရေးပါတယ်ဆိုပေမယ့် အပြင်သွားလာ ပေါ့ပေါ့ပါးပါး အတွက်ပဲ သင့်လျော်တဲ့ ဘောင်းဘီတွေ ရှိနေပါတယ်။ ဒါကြောင့် ပွဲတက်တာ၊ ခမ်းနားတဲ့ တစ်နေရာရာနဲ့ လုပ်ငန်းခွင်နဲ့ လိုက်ဖက်တဲ့ ဘောင်းဘီတွေလည်း ရှိထားသင့်ပါတယ်။ ခေတ်စားနေတဲ့ စတိုင်ဘောင်းဘီပုံစံ အမျိုးမျိုးက လုပ်ငန်းခွင်တွေနဲ့လည်း လိုက်ဖက်သလို ပြင်ပမှာ သွားလာတာအတွက်လည်း လျော်ညီလို့ ဆောင်ထားသင့်တဲ့ ဘောင်းဘီအမျိုးအစားပဲ ဖြစ်ပါတယ်။

Kham

sponsored