ခရီးမထွက်လည်း အားလပ်ရက်တွေကို အပြည့်အဝ အနားရစေမယ့် နည်းလမ်း (၆) မျိုး

Photo by Ekaterina Bolovtsova from Pexels
Sponsored

အားလပ်ရက်လေးတွေမှာ မအားမလပ် ဖြစ်နေရင်တော့ သိပ်ကို အချိန်တွေ နှမြောစရာ ကောင်းပါတယ်နော်။ အားလပ်ရက်တွေကို ကုန်ဆုံးပုံကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ တစ်ချို့တော့ အားလပ်ရက်လည်း အနားမရတဲ့အရာတွေကို လုပ်လိုက်တာကြောင့် အနားမရဘဲ ပင်ပန်းစွာနဲ့ အလုပ်ခွင်ကို ပြန်ဝင်ရတာ ရှိပါတယ်။ ဒါကြောင့် အားလပ်ရက်ကို ကိုယ်ရော စိတ်ပါ အနားရစေမယ့် နည်းလမ်းလေး အချို့ကို ဖော်ပြလိုက်ပါတယ်နော်။

(၁) အိမ်သန့်ရှင်းရေး လုပ်ပါ

Sponsored

အိမ်သန့်ရှင်းရေး လုပ်ရတာ ပုံမှန်ရက်တွေမှာ ပင်ပန်းတယ်လို့ ထင်ရပေမယ့် အားလပ်ရက်မှာတော့ သင့်ကို အနားရစေတဲ့ အရာ တစ်ခု ဖြစ်ပါတယ်။ ကိုယ့်အိပ်ရာ အိမ်ခန်းကို သပ်ရပ်သွားအောင် သန့်ရှင်းရေး လုပ်တာက သင့်ကို ပိုပြီး စိတ်ကြည်စေသလို အလုပ်တွေ မရှိတဲ့အချိန်မှာ သင့်စိတ်ကို အနားရစေတဲ့ အခြေအနေ ဖြစ်စေပါတယ်။

dmytrenko.fsk/Freepik

(၂) သီချင်း နားထောင်ပြီး နားပါ

READ
ဘဝအမောပြေစေဖို့ ချစ်စရာကြောင်လေးတွေရဲ့ ရယ်စရာ အပြုအမူလေးများ

ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေ ဖွင့်ပြီး အနားယူတာကလည်း သင့်စိတ်ရော ကိုယ်ရောကိုပါ လန်းဆန်းစေပါတယ်။ အိမ်မှာ ကိုယ်ကြိုက်တဲ့ သီချင်းတွေကို ဖွင့်ပြီး တစ်နေရာမှာ လှဲပြီး နားထောင်တာ၊ ကတာနဲ့ လိုက်ဆိုတာမျိုးတွေကို သင့်ကို အင်မတန်ကို ပေါ့ပါးလန်းဆန်းသွားစေပါတယ်နော်။

Freepik.com

(၃) အလုပ်တွေကို လုံးဝ မေ့ထားပါ

ပိတ်ရက်မှာ ပိတ်ရက်လို နေတာ အကောင်းဆုံးပါပဲ။ ပိတ်ရက်မှာတောင်မှ အလုပ်တွေကို စဉ်းစားနေမယ်ဆိုရင်တော့ သင့်အားလပ်ရက်က အပြည့်အဝ အနားရမှာပါ မဟုတ်ပါဘူး။ ဒါကြောင့် အလုပ်တွေကို လုံးဝ မတွေးပါနဲ့ အလုပ်က အကြောင်းတွေလည်း မပြောပါနဲ့။ ဒီလို လုပ်ခြင်းကလည်း သင့်ကို အပြည့်အဝ အနားရစေပါတယ်နော်။

diana.grytsku/Freepik

(၄) အိပ်ရေး ဝ ပါစေ

ပိတ်ရက်ဆိုပြီး ညနက်တဲ့အထိ လျှောက်သွားတာ ရုပ်ရှင်တွေ ကြည့်ပြီး မနက် မိုးလင်းသွားတာမျိုးတွေ မလုပ်သင့်ပါဘူး။ အိပ်ရေး မဝတာတွေကလည်း သင့်ကို အပြည့်အဝ အနားမရစေဘဲ မသိမသာ ပင်ပန်းနေစေမှာပါ။ ဒါကြောင့် အိပ်ရေး ဝအောင် အိပ်ပါ။ အိပ်ရေး ဝ တဲ့ နေ့ရက်တွေက သင့်ကို အားအင်အပြည့် ပြန်ရစေပါတယ်။

READ
ရုံးပိတ်ရက်ကို အကျိုးရှိရှိနဲ့ အကောင်းဆုံး အသုံးချနိုင်တဲ့ နည်းလမ်းများ

(၅) အနီးအနား လျှောက်သွားပါ

အားတဲ့ရက်မှာ နားတယ်ဆိုပြီး အိမ်မှာ အိပ်ရာကနေ မခွာ တုတ်တုတ်မလှုပ်နေတာကလည်း သင့်ကို ပိုပြီး ပင်ပန်းစေပါတယ်။ လှုပ်လှုပ်ရှားရှား ဖြစ်အောင် ရပ်ကွက်ထဲကို လမ်းပတ်လျှောက်ရင်း လျှောက်ကြည့်တာကလည်း သင့်ကို စိတ်တွေ လန်းဆန်းပြီး ကိုယ်လက် သွေးလည်ပတ်စေလို့ သင့်ကို ကောင်းကောင်း အနားရစေပါသေးတယ်။

tirachardz/Freepik

(၆) ဝါသနာတွေကို လုပ်ပါ

ပိတ်ရက်တွေကို ထူးထူးခြားခြားလေး အနားရချင်ရင် ဝါသနာပါတာလေးတွေကို လုပ်ကြည့်သင့်ပါတယ်။ ပန်းချီဆွဲတာ ဖြစ်စေ၊ လက်မှု ပစ္စည်းလေးတွေ လုပ်တာဖြစ်စေ တစ်ခုခု လုပ်တာမျိုးကလည်း သင့်စိတ်တွေကို လန်းလန်းဆန်းဆန်း ဖြစ်စေပါတယ်။

Kham

sponsored