သင့်မိဘတွေ တန်းပြီးသဘောကျသွားမယ့် အကောင်းဆုံးသားမက် ရာသီခွင် (၆) မျိုး

By G-Stock Studio/ Shutterstock
Sponsored

သင့်ရဲ့ချစ်သူကို မိဘတွေနဲ့ မိတ်ဆက်ပေးတဲ့အခါ မိဘတွေတန်းပြီးသဘောကျသွားတယ်ဆိုတာမျိုးက တော်တော်လေးကို ရှားပါတယ်။ ဒါပေမယ့် ခုဖော်ပြပေးမယ့် ရာသီဖွားတွေကတော့ ယောက္ခမတွေ အထူးသဘောကျကြတဲ့ အကောင်းဆုံး သားမက် ရာသီဖွားတွေပဲဖြစ်ပါတယ်။

1.Taurus (April 20–May 20)

By Lucky Business/ Shutterstock

ဒီရာသီဖွားတွေဟာ ပြိုင်ပွဲတွေမှာ ကျရှုံးကောင်းကျရှုံးမယ် ဒါပေမယ့် ယောက္ခတွေရဲ့ နှလုံးသားကို အပိုင်သိမ်းနိုင်တဲ့ အောင်နိုင်သူတွေပါ။ သူတို့ဟာ အားကိုးရတယ်၊ တာဝန်ယူစိတ်အပြည့်ရှိတယ် ဒီအချက်တွေဟာ ယောက္ခမတွေကို ကြွေဆင်းသွားစေနိုင်တဲ့ အချက်တွေဖြစ်ပါတယ်။

2. Leo (July 23–Aug 22)

Sponsored

ဒီရာသီဖွားတွေဟာလည်း ယောက္ခတွေရဲ့ အထူးအလေးပေးခြင်းခံရတဲ့ ရာသီဖွားတွေဖြစ်ပါတယ်။ စကားအပြောအဆို လိမ္မာပါးနပ်မှု၊ ဖော်ရွေမှု၊ အလိုက်သိတတ်မှုတွေက အတင်းလုပ်ယူစရာမလိုပဲ ယောက္ခမတွေရဲ့ နှလုံးသားကို အပိုင်သိမ်းသွားနိုင်ပါတယ်။

READ
ယောက်ျားလေးတွေ သူတို့ချစ်သူကို အသည်းယားလာပြီဆိုရင် ဒီလိုလေးတွေ လုပ်တတ်ပါတယ်

3. Cancer (June 21–July 22)

ဒီရာသီဖွားတွေဟာလည်း ယောက္ခမတွေရဲ့ နှစ်သက်ခြင်းကို ခံရတဲ့ ရာသီဖွားတွေဖြစ်ပါတယ်။ ကြင်နာတတ်တယ်၊ နွေးထွေးတယ်၊ စိတ်ရှည်သည်းခံတယ်။ ဒီအချက်တွေက သူများတွေထက် သာလွန်ကောင်းမွန်တဲ့အချက်တွေဖြစ်ပါတယ်။

4. Gemini (May 21–June 20)

ဒီရာသီဖွားတွေဟာ စကားကြွယ်တယ်၊ ခင်မင်တတ်တယ် ဒါဟာ သူတို့ရဲ့ အားသာချက်ဖြစ်ပါတယ်။ ဒီအားသာချက်လေးတွေကပဲ ယောက္ခမတွေကို ကြွေဆင်းသွားစေမှာပါ။

5. Libra (September 23 – October 22)

By G-Stock Studio/ Shutterstock

ဒီရာသီဖွားတွေဟာ ခန့်ညားတယ်၊ ဥပဓိရုပ်ကောင်းတယ်၊ အေးဆေးတည်ငြိမ်ပြီး ယဉ်ကျေးသိမ်မွေ့တာကြောင့် သင့်ရဲ့မိဘတွေက စတွေ့တွေ့ချင်းမှာပဲ တန်းပြီးအမှတ်ပြည့်ပေးမယ့် ရာသီဖွားတွေဖြစ်ပါတယ်။

6. Aquarius (January 20 – February 18)

ဒီရာသီဖွားတွေဟာ အကျင့်စာရိတ္တကောင်းမွန်သူတွေဖြစ်ပါတယ်။ သူ့ရဲ့ အကြောင်းတွေကိုမေးမြန်းပြီး စကားအနည်းငယ်လောက်ပြောကြည့်ရုံနဲ့ သင့်မိဘတွေ တန်းပြီးသဘောကျသွားစေမယ့် ရာသီဖွားတွေဖြစ်ပါတယ်။

READ
လက်မထပ်ခင်ကတည်းက ချစ်သူနှစ်ဦးတိုင်ပင်ပြီး သဘောတူညီမှု ယူထားသင့်တဲ့ အချက်(၆)ချက်

Em Em

sponsored