မျက်နှာကို သခွားသီးပုံမှန်လေးကပ်ပေးခြင်းဖြင့် ရရှိလာမယ့် အံ့မခန်းအကျိုး (၇) ခု

Sponsored

သခွားသီးဟာ ဘက်စုံအသုံးဝင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ရေဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး လွယ်ကူစွာ ရနိုင်တဲ့ အသီးဖြစ်တာကြောင့် သဘာဝတရားကြီးက လူတိုင်းကို မျှတစွာပေးထားတဲ့ လက်ဆောင်တစ်ခုဆိုလည်း မမှားပါဘူး။ သခွားသီးကို ပါးပါးလေးလှီးပြီး မျက်နှာကို ကပ်ကြည့်ဖူးပါသလား။ မလုပ်ဖူးသေးဘူးဆိုရင်တော့ မကြာမကြာလုပ်ပေးဖို့ လိုနေပါပြီနော်။သခွားသီးကို မျက်နှာမှာ ပုံမှန်လေးကပ်ပေးခြင်းဖြင့် ရရှိလာမယ့်အကျိုးကျေးဇူးတွေကို ဖတ်ကြည့်လိုက်ပါဦး။

(၁) နေလောင်ဒဏ်ကို ကုသပေးတယ်

Shutterstock

သခွားသီးဟာ နေလောင်ခြင်းတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ နေလောင်သွားတဲ့ အသားအရေပေါ်မှာ သခွားသီးစိတ်လေးတွေကို ကပ်ပေးလိုက်ပါ။ သခွားသီးမှာ ပါဝင်တဲ့ အအေးဓာတ်က အသားအရေကိုအေးမြပြီး လန်းဆန်းစေကာ အမြန်ဆုံး အသားအရေကို ကြည်လင်လာစေပါတယ်။

(၂) အကြောပြတ်ရာတွေကိုသက်သာစေတယ်

Sponsored

သခွားသီးဟာ အကြောပြတ်ရာတွေကို သက်သာပျောက်ကင်းစေပါတယ်။ သခွားသီးကိုကြိတ်ပြီး ပျားရည်နဲ့ရောကာ အကြောပြတ်ရာတွေကို လိမ်းပေးလိုက်ပါ။

READ
မိန်းကလေးတိုင်း ပြုလုပ်တတ်ကြတဲ့ မိတ်ကပ်လိမ်းခြယ်နည်း အမှားလေးတွေ

(၃) အသားဖြူစေတယ်

သခွားသီးကို သံပုရာရည်အနည်းငယ်ရောကာ ပေါင်းတင်ပေးခြင်းဖြင့် အသားအရေကို ကြည်လင်ဖြူဝင်းလာစေပါတယ်။

(၄) မျက်ကွင်းညိုတာတွေကို ပျောက်ကင်းစေတယ်

သခွားသီးကို မျက်ကွင်းမှာ ကပ်ပေးခြင်းဖြင့် မျက်ကွင်းညိုနေတာတွေကို သက်သာပျောက်ကင်းစေပါတယ်။

(၅) ချွေးပေါက်ကျဉ်းစေတယ်

Shutterstock

သခွားသီးကို ကြိတ်ပြီး Rosewater, ပျားရည်၊ သံပုယိုရည်အနည်းငယ်ရောပြီး လိမ်းပေးကာ ၁၅ မိနစ်အကြာမှာ ရေနွေးလေးနဲ့ ဆေးကြောပေးခြင်းဖြင့် ကျယ်နေတဲ့ ချွေးပေါက်တွေကို ကျဉ်းသွားစေပါတယ်။

(၆) မှဲ့ခြောက်တွေကိုသက်သာပျောက်ကင်းစေတယ်

သခွားသီးကို ပုံမှန်လေးကပ်ပေးခြင်းဖြင့် မှဲ့ခြောက်တွေကို မှေးမှိန်ပျောက်ကွယ်သွားစေနိုင်ပါတယ်။ အသားအရေကို တဖြည်းဖြည်းကြည်လင်လာစေမှာဖြစ်ပါတယ်။

(၇) မျက်လုံးအစ်နေတာတွေကို သက်သာပျောက်ကင်းစေတယ်

သခွားသီးကို မျက်ခွံမှာကပ်ပေးခြင်းဖြင့် မျက်လုံးအစ်နေတာတွေ၊ မျက်အိမ်ဖောင်းနေတာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

Em Em

sponsored