ပုရိသတွေပထမဆုံးသတိထားမိတဲ့ မိန်းကလေးတို့အလှတရားများ

Sponsored

အမျိုးသားတွေဟာ အောက်ပါအချက်တွေကို စတင်သတိထားမိပြီးမှ မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားတယ်လို့ ဆို
ပါတယ်။ ဒါကြောင့်မို့ Auntymayရဲ့ အမျိုးသမီး ပရိသတ်အနေနဲ့လည်း ကိုယ့်ရဲ့ အပြုမူ၊ အပြောအဆို၊ အနေအထိုင် ချစ်ဖွယ်ရာလေး တစ်ခုခုကြောင့် အမျိုးသားတွေက ခိုက်သွားနိုင်ပါတယ်။

(၁) အပြုံး

Sponsored

ပန်းတွေဟာ သူတို့ရဲ့ အဆင်းနဲ့ ပျားတွေကို ဆွဲဆောင်ရပါတယ်။ ဒီလိုပါဘဲ အမျိုးသမီးတစ်ယောက်ရဲ့ အပြုံးဟာ ၀တ်
ရည်ရှာဖွေနေတဲ့ ပုရိသပျားတစ်ကောင်အတွက်တော့ ပန်းတစ်ပွင့် ဖြစ်ပါတယ်။

(၂) ရယ်သံ

မိန်းကလေးတွေရဲ့ ခိုးခိုးခစ်ခစ်ရယ်သံဟာ အမျိုးသားတွေအတွက်တော့ စိတ်ဝင်စားမှုကို စတင်စေနိုင်တဲ့ အရာဖြစ်ပါ
တယ်။ ဒါကို ၀တ္ထုတွေ၊ ရုပ်ရှင်တွေထဲမှာလည်း ပုံစံအမျိုးမျိုးနဲ့ ဖော်ညွှန်းထားတာကို တွေ့ရဖူးပါလိမ့်မယ်။ အပြင်မှာလည်း
ယောက်ျားတစ်ယောက်ရဲ့ စိတ်ဝင်စားမှုဟာ ဒီအတိုင်း စတင်လေ့ရှိပါတယ်။

(၃) မျက်ဝန်း

နောက် ယောက်ျားလေးတွေ စပြီး စိတ်ဝင်စားတဲ့အရာတွေထဲမှာ အမျိုးသမီးတွေရဲ့ မျက်လုံးပေါ့။ စာဆန်ဆန်ပြောရရင်
တော့ မျက်ဝန်းနက်နက် အကြည့်တစ်ချက်ပေါ့လေ။ တစ်ခါတလေ မျက်လုံးကလေးတစ်ခုတည်း ကွက်ပြီးလှတဲ့ မိန်းမပျို
တွေလည်း ရှိတတ်တယ်ဗျ။ မပူပါနဲ့။ အမျိုးသားတွေက ဒီအလှကိုလည်း စိတ်ဝင်စားပါတယ်။

READ
တင်ပါးကို ကျစ်လျစ်စေရုံသာမက ခြေထောက်တွေကိုပါ သွယ်လျသွားစေမယ့် လေ့ကျင့်ခန်းဗီဒီယို...

(၄) ဆံနွယ်

အမျိုးသမီးတွေရဲ့ ဆံနွယ်ရှည်ရှည်တွေဟာ ကဗျာဆရာတွေအတွက်တော့ အကောင်းဆုံး ကုန်ကြမ်းတွေပါ။ သူမရဲ့ ဆံ
့နွယ်ရှည်ရှည်တွေဟာ … ကျွန်တော့် အိပ်မက်တွေကို ရစ်ချည်သွားတယ်-တို့ ဘာတို့ပေါ့လေ။ အမျိုးသားတွေဟာ ဒီအ
ချက်ကိုလည်း အလွတ်ပေးသူတွေ မဟုတ်ပါဘူး။ သင့်ကို နာမည်မသိခင် … သင့်ဆံပင်ကို ကြိုတင်ရင်းနီးနေပြီးသားတွေ
ပါ။

(၅) အနံ့

မိန်းကလေးတွေမှာ ကိုယ်ပိုင်အနံ့တွေ ရှိတတ်ပါတယ်။ ဒါကတော့ ရင်းနီးလွန်းမှ ဖြစ်နိုင်တာမျိုးပါ။ အမျိုးသားတွေနဲ့ လက်
ပွန်းတတီးနေတဲ့အခါ နှလုံးသားချင်း ရင်းနီးသွားစေတဲ့ အချက်တွေထဲမှာ မိန်းကလေးတွေဆီက ရနံ့သင်းသင်းလေး
ကြောင့်လည်း ဖြစ်သွားနိုင်ပါတယ်။

(၆) သွင်ပြင်

သွင်ပြင်လက္ခဏာရပ်တွေထဲမှာ ခန္ဓာကိုယ်အချိုးအစား၊ အသားအရေ၊ နေထိုင်တဲ့ ပုံစံ၊ အ၀တ်အစားဆင်ယင်မှု၊ အသွား
အလာ၊ အပြောအဆို၊ အနေအထိုင်-စတာတွေ ပါဝင်ပါတယ်။ ဒီအချက်တွေကိုစိတ်ဝင်စားမှသာ ကောင်လေးတွေက အ
နားကပ်ကြတာမျိုးပါ။

READ
သင့်ရုပ်ကို အပေါစားဆန်သွားစေတဲ့ သတိပြုဖွယ် မိတ်ကပ်ပြင်ဆင်ခြယ်သနည်း အမှားများ

(၇) လူမှုဘဝ

လူမှုဘ၀ဆိုတာက သင်နဲ့ သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေးတွေ၊ သင့်မိသားစု အခြေအနေ၊ သင့်ပတ်ဝန်းကျင်၊ သင်နဲ့ပတ်
သက်ခဲ့တဲ့ သူတွေအကြောင်း-အားလုံးကို စိတ်ဝင်စားတာမျိုးပါ။ ဒါမှလည်း သူတို့တစ်တွေ ရှောင်သင့်သလား၊ လှုပ်ရှား
သင့်သလား-ဆိုတာကို ဆုံးဖြတ်နိုင်စွမ်းပါတယ်။ ဒါပေမယ့် တစ်ချို့တွေကတော့ ဒီအချက်တွေ ဂဃနဏ မသိဘဲ ကြိုးစား
တာမျိုးတွေလည်း ရှိပါတယ်။

Myo Myo (auntymay)

Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင်ေ ဖ်ာပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါး များကို မည်သည့် Facebook စာ မျက်နှာ ၊ Website များတွင်မဆိုပြန်လည် ကူးယူ ဖော်ပြခြင်း ကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

sponsored