ကိုယ်ဝန်ဆောင်နေစဉ် ပုံပျက်သွားတာမျိုးမဖြစ်ဖို့ သိထားသင့်တဲ့ အချက် (၇) ချက်

By Pixel-Shot/ Shutterstock
Sponsored

ကိုယ်ဝန်ဆောင်ကာလမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတော်တော်များများ ကြုံတွေ့ရတဲ့ ပြသနာတစ်ခုကတော့ အလွန်အမင်း ဝိတ်တက်လာပြီး ကလေးမွေးအပြီးမှာ ပုံပျက်သွားတာပါပဲ။ ကိုယ်ဝန်ဆောင်စဉ်မှာ နှစ်ယောက်စာ စားပေးရမယ်ဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ မြှောက်ပင့်ပေးမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

တကယ်တော့ ကိုယ်ဝန်ဆောင်နေစဉ်အလွန်အမင်း ဝိတ်တက်ခြင်းဟာ သန္ဓေသားအနေအထားမမှန်ခြင်းနဲ့ စောမွေးခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။ နောက်ဆက်တွဲရောဂါတွေအနေနဲ့ ဆီးချိုသွေးချိုနဲ့ သွေးတိုးရောဂါတွေ ဖြစ်လာနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ဝိတ်အရမ်းမတက်အောင် ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ ကိုယ်ဝန်ဆောင်နေစဉ် အရမ်းဝလာပြီး ပုံပျက်သွားတာမျိုးမဖြစ်ဖို့ သိထားသင့်တဲ့ အချက် (၇) ချက်ပဲဖြစ်ပါတယ်။

(၁) ဝိတ်အရင်ချိန်ပါ

By Artem Oleshko/ Shutterstock
Sponsored

ကိုယ်ဝန်ယူဖို့စဉ်းစားနေပြီဆိုရင် အရင်ဦးဆုံး ကျန်းမာတဲ့ကိုယ်အလေးချိန်ဖြစ်ဖို့ လုပ်ပေးရပါမယ်။ တကယ်လို့ ဝိတ်များနေတယ်ဆိုရင်တော့ အရင်ဆုံးလျှော့သင့်ပါတယ်။

(၂) နည်းနည်းနဲ့ ခဏခဏစားပေးပါ

ကိုယ်ဝန်ဆောင်ကာလမှာ နှစ်ယောက်စာစားရမယ်ဆိုပြီး မစားနိုင်ပဲအတင်းစားပေးဖို့ မလိုအပ်ပါဘူး။ ပမာဏနည်းနည်းနဲ့ ခဏခဏစားပေးဖို့ပဲလိုပါတယ်။ အစားအသောက်ရွေးချယ်တဲ့အခါမှာလည်း အာဟာရဓာတ်ကြွယ်ဝပြီး အဆီမများတဲ့ အစားအစာတွေကိုရွေးချယ်စားသောက်ပေးသင့်ပါတယ်။ အသားဓာတ်၊ သစ်သီးဝလံနဲ့ အရွက်တွေ ပါဝင်အောင်စားပေးသင့်ပါတယ်။

READ
လသားအရွယ်ကလေးတွေကို ခေါင်းအုံးနဲ့ မသိပ်သင့်တဲ့အကြောင်းရင်းများ

(၃) ရေသောက်ပါ

ကိုယ်ဝန်ဆောင်စဉ် ရေဓာတ်ခမ်းခြောက်မှုတွေမဖြစ်အောင် ဂရုစိုက်ပေးရပါမယ်။ ရေများများသောက်ပေးခြင်းဟာ အကောင်းဆုံးသောအဖြေပါပဲ။ ကိုယ်ဝန်ဆောင်နေစဉ် ဆီးအရောင်ရင့်တာ၊ ဝါတာ၊ ညစ်တာတွေဖြစ်ရင် ဒါဟာ ရေဓာတ်လိုနေတဲ့ လက္ခဏာတွေဖြစ်တာကြောင့် ရေများများသောက်ပေးသင့်ပါတယ်။ ဝမ်းချုပ်တာတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(၄) ပါးနပ်စွာစားသုံးပေးပါ

By Pixel-Shot/ Shutterstock

ချဉ်ခြင်းတက်တဲ့အစားအစာဟာ ကိုယ်ဝန်ဆောင်တော်တော်များများမှာ ရှိပါတယ်။ တကယ်လို့ ကိုယ်ဝန်ဆောင်တစ်ယောက် ချဉ်ခြင်းတက်တဲ့ အစားအစာဟာ အာလူးကြော်တွေ၊ အဆီအဆိမ့်တွေဖြစ်နေရင်လည်း မစားဖို့ မဆိုလိုပါဘူး။ ဒါပေမယ့် ဘယ်လိုအဆီအနည်းဆုံးဖြစ်အောင်စားမလဲဆိုတဲ့ နည်းလမ်းလေးကိုတော့ ပါးပါးနပ်နပ် ရွေးချယ်ပေးနိုင်ပါတယ်။ ဥပမာ အာလူးကြော်စားချင်တယ်ဆိုပါစို့။ နည်းနည်းလေးနဲ့ အီသွားအောင် ချိစ်နဲ့တို့ပြီး စားပေးတာမျိုး လုပ်ပေးသင့်ပါတယ်။

(၅) အဆာခံအောင်လုပ်ပေးပါ

ကိုယ်ဝန်ဆောင်ကာလမှာ ကာဗိုဟိုက်ဒရိတ်ဟာ အကောင်းဆုံးသော မိတ်ဆွေပါပဲ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်စဉ် ပျို့အန်တာ၊ ခေါင်းမူးတာတွေဖြစ်နေရင် ပိုလို့တောင်စားပေးသင့်ပါသေးတယ်။ ပေါင်မုန့်ဖြူ၊ ထမင်း၊ ခေါက်ဆွဲ စတဲ့ ဆန်၊ ဂျုံနဲ့လုပ်တဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။ ဒါဟာ သန္ဓေသားကို ကျန်းမာစေရုံသာမက မိခင်ကိုလည်း အဆာခံစေတဲ့အတွက် မကျန်းမာစေတဲ့အစားအစာတွေကို စားချင်နှုန်းလျော့နည်းသွားစေမှာပါ။

READ
သင့်ကလေးဟာ အတွင်းမှာစိတ်ဒဏ်ရာရနေပြီဆိုတော သက်သေပြနေတဲ့အချက်များ

(၆) လမ်းလျှောက်ပေးပါ

ကိုယ်ဝန်ဆောင်ကာလမှာ တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှားနေပေးတာဟာ အလွန်အမင်းဝိတ်တက်ခြင်းကို ကာကွယ်ပေးရုံသာမက မီးဖွားရာမှာလည်း ပိုပြီးလွယ်ကူစေပါတယ်။ တစ်ရက်ကို ၁၀မိနစ်ကနေ နာရီဝက်အထိ လမ်းလျှောက်ပေးတာ၊ ကိုယ်လက်လှုပ်ရှားပေးတာ၊ ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းလေးတွေကို လုပ်ပေးသင့်ပါတယ်။

(၇) နို့တိုက်ပါ

By FamVeld/ Shutterstock

ကလေးမွေးဖွားပြီးတဲ့အခါ ကလေးကို နို့မှုန့်တိုက်မယ့်အစား ဖြစ်နိုင်ရင် မိခင်နို့ကိုပဲ တိုက်ကျွေးသင့်ပါတယ်။ ဒါဟာ ကလေးအတွက် အကောင်းဆုံးဖြစ်ရုံသာမက မိခင်ကိုလည်း ဝိတ်ကျစေနိုင်ပါတယ်။

 Em Em
sponsored