အစားလျှော့စရာ၊ လေ့ကျင့်ခန်းလုပ်စရာမလိုပဲ ဝိတ်ကျသွားစေမယ့် အလွယ်ကူဆုံးလျှို့ဝှက်ချက်များ

Sponsored

ဝိတ်တော့ကျချင်ပါရဲ့ လေ့ကျင့်ခန်းလုပ်ဖို့လည်း အချိန်မပေးနိုင်သလို၊ အစားလည်း မလျှော့နိုင်ဘူးဆိုတဲ့ ပျိုမေတို့အတွက် အပင်ပန်း ခံနေစရာကိုမလိုတဲ့ ဝိတ်ကျနည်းလေးတွေ ရှိပါတယ်။ ဒီနည်းလမ်းလေးတွေဟာ လွယ်ကူပြီး ရိုးရှင်းတဲ့နည်းလေးတွေ ဖြစ်တာကြောင့် လူတိုင်းနဲ့ အဆင်ပြေမှာပါ။ ဖတ်ပြီးရင်လည်း သူငယ်ချင်းတွေကို လက်ဆင့်ကမ်းလိုက်နော်။

(၁) အနီရောင်ပန်းကန်ကို အသုံးပြုပါ

brightside.me

သုတေသနပညာရှင်တွေရဲ့စမ်းသပ်ချက်အရ အနီရောင်ဟာ အစားစားချင်စိတ်ကို လျော့နည်းစေတဲ့အတွက် အစားစားတဲ့အခါမှာ အနီရောင်ပန်းကန်ကို အသုံးပြုပေးဖို့ တိုက်တွန်းထားပါတယ်။

(၂) အဝသေးပြီး ရှည်တဲ့ခွက်ကို အသုံးပြုပါ

Sponsored

အအေးတွေ၊ အချိုရည်တွေ သောက်တော့မယ်ဆိုရင် အဝသေးပြီး ရှည်တဲ့ခွက်တွေကို အသုံးပြုပေးပါ။ ဒီလိုခွက်တွေနဲ့ သောက်သုံးပေးတဲ့အခါ အဝကျယ်ပြီး တိုတဲ့ခွက်တွေထက် သောက်သုံးတဲ့ပမာဏ ၃၀%လောက်နည်းသွားပါတယ်။

(၃) အဆီများတာတွေကို သင့်အနားမှာမထားပါနဲ့

brightside.me

အဆီများတဲ့ ကွတ်ကီးတွေ၊ ထောပတ်တွေ၊ အသားပြားတွေအစား သစ်သီးဝလံတွေကိုပဲ သင့်အိမ်မှာထားပါ။ ဗိုက်ဆာလာတဲ့အခါ စိတ်မထိန်းနိုင်ပဲ အဆီများတဲ့ အစားအစာတွေကို စားမိမှာ မစိုးရိမ်ရတော့ပဲ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ အစားအသောက်တွေကို စားဖြစ်သွားမှာပါ။

READ
အမှီအခိုကင်းပြီး ထက်မြက်တဲ့ မိန်းမတွေမှာသာ တွေ့နိုင်တဲ့ အရည်အချင်း (၆)မျိုး

(၄) အသားဓာတ်ပါတာတွေကို စားပေးပါ

အသားဓာတ်ပါတဲ့ အစားအစာတွေဟာ သင့်ကို နည်းနည်းစားရုံနဲ့ ဗိုက်ပြည့်စေပါတယ်။ ကြက်ဥ၊ ငါး၊ ပဲတွေနဲ့ ကြက်သား၊ အနီရောင်အသားတွေက အသားဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်ပါတယ်။

(၅) ပီကေဝါးပါ

brightside.me

ဗိုက်ဆာလာတဲ့အခါ အခြားသော ဆီကြော်မုန့်တွေစားမယ့်အစား ပူရှိန်းပါတဲ့ ပီကေတွေကို ဝါးပါ။ အစားစားချင်စိတ်ပျောက်သွားမှာဖြစ်ပါတယ်။

(၆) အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးမဝခြင်းက ဝိတ်အရမ်း တက်စေပါတယ်။ ဒါကြောင့် တစ်ရက်ကို အနည်းဆုံး ၇ နာရီ၊ ၈ နာရီပြည့်အောင် အိပ်ပေးရမှာဖြစ်ပါတယ်။

(၇) သေးတဲ့အဝတ်အစားတွေကို ဝယ်ပါ

brightside.me

သင့်ခန္ဓာကိုယ်ထက် ပိုသေးတဲ့ အဝတ်အစားတွေကိုဝယ်ပြီး သင်မြင်သာတဲ့နေရာမှာ ချိတ်ထားလိုက်ပါ။ ဒါဆိုရင်တော့ သင်ဟာဝိတ်ချဖို့လိုနေတယ်ဆိုတာကို အမှတ်ရစေပြီး သင့်စိတ်ကို ထိန်းပေးသွားမှာဖြစ်ပါတယ်။ တစ်နေ့ ဒီအဝတ်အစားကို တော်ရမယ်ဆိုတဲ့ စိတ်နဲ့ ပိုပြီးကြိုးစားဖြစ်သွားမှာဖြစ်ပါတယ်။

READ
သင်ဟာ စိတ်နှလုံးနူးညံ့ပြီး ကြင်နာတတ်သူတစ်ယောက်ဖြစ်မှန်း သိသာနေတဲ့ အချက် (၆)ချက်

Em Em

sponsored