သားအိမ္ေခါင္းကင္ဆာကာကြယ္ဖို႔နည္းလမ္း(၇)သြယ္

Sponsored

( Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်)

အမ်ိဳးသမီးတို႔ဘဝမွာ မျဖစ္ခ်င္ဆုံး ေရာဂါကို ျပပါဆိုရင္ သားအိမ္ေခါင္းကင္ဆာဟာ ထိပ္ဆုံးကေန ပါ၀င္ပါလိမ့္မယ္။
ဟုတ္ပါတယ္။ သားအိမ္ေခါင္းကင္ဆာဟာ အရွက္တရားဆိုတဲ့ ေဘာင္တစ္ခုရဲ့ ကန႔္သတ္ထားခ်က္ေတြအရ ယဥ္ေက်း
မွု ထြန္းကားလွတဲ့ ျမန္မာနိုင္ငံလို ေနရာမ်ိဳးမွာ အမ်ိဳးသမီးေတြကို အသက္ဆုံးရွုံးေစသည္အထိ ထိခိုက္မွုရွိပါတယ္။ ဒီ
ေတာ့ အမ်ိဳးသမီးေတြအေနနဲ႔ ဒီေရာဂါကို ရွက္ေန/ေၾကာက္ရြံ့ေနဖို႔ မလိုဘူးလို႔ အရင္ဆုံး အားေပးပါရေစ။ ဒါ့အျပင္ သား
အိမ္ေခါင္းကင္ဆာဟာ ေစာေစာသိေလ အသက္အႏၲရာယ္ကို ကာကြယ္နိုင္ေလျဖစ္ပါတယ္။ ဒီထက္ ၀မ္းသာစရာ
ေကာင္းတာက ဒီသားအိမ္ေခါင္းကင္ဆာကို မျဖစ္ေအာင္ ႀကိဳတင္ကာကြယ္နိုင္တဲ့ နည္းလမ္းေတြ ရွိပါတယ္။ အဲဒီ နည္း
လမ္း (၇) ခုကို Aunty May ရဲ့ အမ်ိဳးသမီး ပရိသတ္အတြက္ ဗဟုသုတအေနနဲ႔ ေလးေလးစားစား ေဖာ္ျပေပးလိုက္ပါ
တယ္။

Sponsored

(၁) အနံ့ကို ဂ႐ုစိုက္ပါ   

အမ်ိဳးသမီးရဲ့ ေယာနိအတြင္းကေန ထြက္ေလ့ရွိတဲ့ အနံ့အသက္ ပုံမွန္ ဟုတ္မဟုတ္ စစ္ေဆးပါ။ ပုံမွန္မဟုတ္ဘူးဆိုရင္ ဆရာဝန္နဲ႔ အျမန္ဆုံး ျပသပါ။ သားအိမ္ေခါင္းကင္ဆာ မျဖစ္ခင္မွာ ပုံမွန္မဟုတ္တဲ့ အနံ့အသက္ဟာ ေရွ႕ေျပးနိမိတ္ အ
ျဖစ္ ႏွစ္လ/သုံးလေလာက္ ႀကိဳၿပီး လာတတ္ပါတယ္။ ဒါကို သိရင္ မျဖစ္ခင္ ကာကြယ္နိုင္ပါတယ္။

(၂) လိင္ဆက္ဆံဘက္ မမ်ားပါနဲ႔

သားအိမ္ေခါင္းကင္ဆာဟာ AIDS ေရာဂါလိုပဲ လိင္ဆက္ဆံဘက္ မ်ားရင္ မ်ားသေလာက္ ျဖစ္နိုင္ေခ်ပိုမ်ားပါတယ္။ မိမိ
ရဲ့ လင္ခင္ပြန္းက အေပ်ာ္အပါးမက္ေမာသူ-ဟု ပုဂၢိဳလ္ေရးအရ သိထားရင္ေတာ့ လိင္ဆက္ဆံတိုင္း အကာအကြယ္သုံး
သင့္ပါတယ္။

(၃) ေဆးလိပ္အရက္ျဖတ္ပါ

ေဆးလိပ္အရက္ဟာ ခႏၶာကိုယ္ရဲ့ ေရာဂါကာကြယ္ေရးစနစ္ေတြကို အမ်ားႀကီးအေႏွာက္အယွက္ ေပးပါတယ္။ ေဆးလိပ္
အရက္ ျဖတ္လိုက္တဲ့အခါ ခႏၶာကိုယ္ရဲ့ ေရာဂါကာကြယ္ေရးစနစ္ အလိုလို တက္လာမွာပါ။

(၄) ပုံမွန္မဟုတ္ေသာ လိင္ကိစၥကို ေရွာင္ပါ/ျငင္းပယ္ပါ

ညစ္ညမ္းဗြီဒီယိုဖိုင္ေတြထဲမွာ ပါေလ့ရွိတဲ့ ပုံမွန္မဟုတ္တဲ့ လိင္ဆက္ဆံျခင္းကို အမ်ိဳးသားေတြက အသစ္အဆန္းအေနနဲ႔
ေတာင္းဆိုတတ္ပါတယ္။ ဒါဟာ သားအိမ္ကို ဘက္တီးရီးယားေတြ ကူစက္နို္ေခ်အမ်ားဆုံးအေျခအေနဆိုတာ သတိရပါ။

READ
မ်က္ခံုးတန္းတန္းေလးၾကိဳက္လား၊ ခပ္ျမင့္ျမင့္ေလးၾကိဳက္လား ဆြဲနည္းကေတာ့ ဒီမွာပါေနာ္......

(၅) အသီးအရြက္ကို မ်ားမ်ားစားေပးပါ

သဘာဝအသီးအရြက္ေတြမွာ ကင္ဆာေရာဂါမ်ိဳးစုံကို ကာကြယ္ေပးနိုင္တဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ ပါ၀င္ပါတယ္။ ဒါ့
အျပင္ အဲဒီအသီးအရြက္ေတြဟာ ခႏၶာေဗဒရဲ့ ေရာဂါကာကြယ္ေရးစနစ္အတြက္ အေရးပါတဲ့ အကူအညီေတြ အမ်ားႀကီး
ေပးနိုင္လို႔ အမ်ိဳးသမီးတို႔ စြဲစြဲျမဲျမဲစားသင့္ပါတယ္။

(၆) ကာကြယ္ေဆးထိုးပါ

HPV vaccination လို႔ေခၚတဲ့ လိင္မွတစ္ဆင့္ ကူးဆက္နိုင္တဲ့ ေရာဂါေတြကို ကာကြယ္ေပးတဲ့ေဆးထိုးပါ။ ဒါဟာ HIV အစရွိတဲ့ အျခားေရာဂါဆိုးေတြကိုလည္း ကာကြယ္ေပးရာ ေရာက္ပါတယ္။

(၈) ပညာဉာဏ္နဲ႔ ခ်င့္ခ်ိန္ပါ

ဒီလို ေရာဂါဆိုးႀကီးေတြကို ကာကြယ္ဖို႔အတြက္ ကိုယ္ပိုင္ အသိဉာဏ္လည္း လိုအပ္ပါတယ္။ အထူးသျဖင့္ လိင္နဲ႔ပတ္
သက္ၿပီး ကူးစက္တဲ့ ေရာဂါေတြရဲ့ လကၡဏာအရပ္ရပ္ေတြကို ေစ့ေစ့ငင သိထားေလ မိမိအတြက္ ႀကိဳတင္ကာကြယ္နိုင္
ေလပါ။ ဒါေၾကာင့္ အဲဒီလို စာရြက္စာတမ္းေတြ ေဝတဲ့အခါ ယူဖို႔ မရွက္ပါနဲ႔။ ကိုယ့္အသက္ကို ကိုယ္ကာကြယ္ရမွာပါ။

 


[Unicode version]

သားအိမ်ခေါင်းကင်ဆာကာကွယ်ဖို့နည်းလမ်း(၇)သွယ်

အမျိုးသမီးတို့ဘဝမှာ မဖြစ်ချင်ဆုံး ရောဂါကို ပြပါဆိုရင် သားအိမ်ခေါင်းကင်ဆာဟာ ထိပ်ဆုံးကနေ ပါ၀င်ပါလိမ့်မယ်။
ဟုတ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဟာ အရှက်တရားဆိုတဲ့ ဘောင်တစ်ခုရဲ့ ကန့်သတ်ထားချက်တွေအရ ယဉ်ကျေး
မှု ထွန်းကားလှတဲ့ မြန်မာနိုင်ငံလို နေရာမျိုးမှာ အမျိုးသမီးတွေကို အသက်ဆုံးရှုံးစေသည်အထိ ထိခိုက်မှုရှိပါတယ်။ ဒီ
တော့ အမျိုးသမီးတွေအနေနဲ့ ဒီရောဂါကို ရှက်နေ/ကြောက်ရွံ့နေဖို့ မလိုဘူးလို့ အရင်ဆုံး အားပေးပါရစေ။ ဒါ့အပြင် သား
အိမ်ခေါင်းကင်ဆာဟာ စောစောသိလေ အသက်အန္တရာယ်ကို ကာကွယ်နိုင်လေဖြစ်ပါတယ်။ ဒီထက် ၀မ်းသာစရာ
ကောင်းတာက ဒီသားအိမ်ခေါင်းကင်ဆာကို မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အဲဒီ နည်း
လမ်း (၇) ခုကို Aunty May ရဲ့ အမျိုးသမီး ပရိသတ်အတွက် ဗဟုသုတအနေနဲ့ လေးလေးစားစား ဖော်ပြပေးလိုက်ပါ
တယ်။

(၁) အနံ့ကို ဂရုစိုက်ပါ

အမျိုးသမီးရဲ့ ယောနိအတွင်းကနေ ထွက်လေ့ရှိတဲ့ အနံ့အသက် ပုံမှန် ဟုတ်မဟုတ် စစ်ဆေးပါ။ ပုံမှန်မဟုတ်ဘူးဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။ သားအိမ်ခေါင်းကင်ဆာ မဖြစ်ခင်မှာ ပုံမှန်မဟုတ်တဲ့ အနံ့အသက်ဟာ ရှေ့ပြေးနိမိတ် အ
ဖြစ် နှစ်လ/သုံးလလောက် ကြိုပြီး လာတတ်ပါတယ်။ ဒါကို သိရင် မဖြစ်ခင် ကာကွယ်နိုင်ပါတယ်။

READ
ကမၻာ႔အေတာ္ဆံုးနဲ႕ အေက်ာ္ၾကားဆံုး အမ်ိဳးသမီး ဟက္ကာမ်ား

(၂) လိင်ဆက်ဆံဘက် မများပါနဲ့

သားအိမ်ခေါင်းကင်ဆာဟာ AIDS ရောဂါလိုပဲ လိင်ဆက်ဆံဘက် များရင် များသလောက် ဖြစ်နိုင်ချေပိုများပါတယ်။ မိမိ
ရဲ့ လင်ခင်ပွန်းက အပျော်အပါးမက်မောသူ-ဟု ပုဂ္ဂိုလ်ရေးအရ သိထားရင်တော့ လိင်ဆက်ဆံတိုင်း အကာအကွယ်သုံး
သင့်ပါတယ်။

(၃) ဆေးလိပ်အရက်ဖြတ်ပါ

ဆေးလိပ်အရက်ဟာ ခန္ဓာကိုယ်ရဲ့ ရောဂါကာကွယ်ရေးစနစ်တွေကို အများကြီးအနှောက်အယှက် ပေးပါတယ်။ ဆေးလိပ်
အရက် ဖြတ်လိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ရောဂါကာကွယ်ရေးစနစ် အလိုလို တက်လာမှာပါ။

(၄) ပုံမှန်မဟုတ်သော လိင်ကိစ္စကို ရှောင်ပါ/ငြင်းပယ်ပါ

ညစ်ညမ်းဗွီဒီယိုဖိုင်တွေထဲမှာ ပါလေ့ရှိတဲ့ ပုံမှန်မဟုတ်တဲ့ လိင်ဆက်ဆံခြင်းကို အမျိုးသားတွေက အသစ်အဆန်းအနေနဲ့
တောင်းဆိုတတ်ပါတယ်။ ဒါဟာ သားအိမ်ကို ဘက်တီးရီးယားတွေ ကူစက်နို်ချေအများဆုံးအခြေအနေဆိုတာ သတိရပါ။

(၅) အသီးအရွက်ကို များများစားပေးပါ

သဘာဝအသီးအရွက်တွေမှာ ကင်ဆာရောဂါမျိုးစုံကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါ၀င်ပါတယ်။ ဒါ့
အပြင် အဲဒီအသီးအရွက်တွေဟာ ခန္ဓာဗေဒရဲ့ ရောဂါကာကွယ်ရေးစနစ်အတွက် အရေးပါတဲ့ အကူအညီတွေ အများကြီး
ပေးနိုင်လို့ အမျိုးသမီးတို့ စွဲစွဲမြဲမြဲစားသင့်ပါတယ်။

(၆) ကာကွယ်ဆေးထိုးပါ

HPV vaccination လို့ခေါ်တဲ့ လိင်မှတစ်ဆင့် ကူးဆက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးတဲ့ဆေးထိုးပါ။ ဒါဟာ HIV အစရှိတဲ့ အခြားရောဂါဆိုးတွေကိုလည်း ကာကွယ်ပေးရာ ရောက်ပါတယ်။

(၈) ပညာဉာဏ်နဲ့ ချင့်ချိန်ပါ

ဒီလို ရောဂါဆိုးကြီးတွေကို ကာကွယ်ဖို့အတွက် ကိုယ်ပိုင် အသိဉာဏ်လည်း လိုအပ်ပါတယ်။ အထူးသဖြင့် လိင်နဲ့ပတ်
သက်ပြီး ကူးစက်တဲ့ ရောဂါတွေရဲ့ လက္ခဏာအရပ်ရပ်တွေကို စေ့စေ့ငင သိထားလေ မိမိအတွက် ကြိုတင်ကာကွယ်နိုင်
လေပါ။ ဒါကြောင့် အဲဒီလို စာရွက်စာတမ်းတွေ ဝေတဲ့အခါ ယူဖို့ မရှက်ပါနဲ့။ ကိုယ့်အသက်ကို ကိုယ်ကာကွယ်ရမှာပါ။

sponsored