ေနၾကာေစ့ရဲ႕ က်န္မာေရးေကာင္းက်ိဳး(၈)မ်ိဳး

Sponsored

(Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်)

ေနၾကာေစ့ကုိ ျမန္မာႏုိင္ငံ အထက္အညာေဒသမွာ ဆီအတြက္ စုိက္ပ်ိဳးၾကပါတယ္။ ဒါ့အျပင္ သြားေရစာအျဖစ္ ေနၾကာေစ့
ေလွာ္စားတဲ့ ဓေလ့ဟာလည္း ျမန္မာႏုိင္ငံမွာ ဘယ္တုန္းကတည္းက ေခတ္စားခဲ့မွန္းမသိရပါ။ သုိ႕ေသာ္ ယခုအခ်ိန္ထိ ေနၾကာေစ့ေလွာ္ေတြဟာ တံဆိပ္အမ်ိဳးမ်ိဳးနဲဲ႕ ျဖစ္ၿပီး ေရာင္းအားလည္း ေကာင္းေနဆဲပါ။ ေနၾကာေစ့ကုိ စားျခင္းျဖင့္ ရႏုိင္တဲ့အက်ိဳးေက်းဇူး(၈) မ်ိဳးကို ေဖာ္ျပေပးလုိက္ပါတယ္။

Sponsored

(၁) အဆစ္ေရာင္ေရာဂါနဲ႔ ပန္းနာရင္ၾကပ္ကုိ ေပ်ာက္ကင္းေစႏုိင္တယ္

ေနၾကာေစ့မွာ ဗီတာမင္ E ၾကြယ္၀စြာပါ၀င္ပါတယ္။ ဒါေၾကာင့္ အ႐ုိးအဆစ္ ေရာင္ရမ္းျခင္း အပါအ၀င္ အဆစ္အျမစ္ကုိက္
ခဲျခင္းကုိ ေပ်ာက္ကင္းေစႏုိင္ပါတယ္။ ဗီတာမင္ E ဟာ ပန္းနာေရာဂါကုိလည္း ႏုိင္နင္းပါတယ္။

(၂) အ႐ုိးကုိ သန္မာေစတယ္

ကယ္လ္စီယံနဲ႕ မဂၢနီစီယမ္ဓာတ္ေတြ ပါ၀င္တဲ့ ေနၾကာေစ့ကုိ ပုံမွန္စားသုံးေပးပါက အ႐ုိးကုိ သန္မာေစပါတယ္။ ကေလး
ငယ္ေလးေတြအတြက္လည္း အ႐ုိ႕ဖြံ႕ၿဖိဳးမႈကုိ အားေပးၿပီး သံဓာတ္ခ်ိဳ႕တဲ့တဲ့ အမ်ိဳးသမီးေတြအတြက္လည္း သင့္ေတာ္ပါ
တယ္။

sunflower_seeds-720x420

(၃) ကင္ဆာေရာဂါကုိ ကာကြယ္ေပးႏုိင္တယ္

ေနၾကာေစ့မွာ ကင္ဆာကုိ ကာကြယ္ေပးႏုိင္တဲ့ phytosterol နဲ႕ lignans ဓာတ္ေတြ ျမင့္မားစြာ ပါ၀င္ပါတယ္။ phyto- sterol နဲ႕ lignans ဓာတ္ေတြဟာ ခႏၶာကိုယ္အတြင္း ကင္ဆာဆဲလ္မ်ား ေပၚေပါက္ျခင္းကို ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။

(၄) အရြယ္တင္ ႏုပ်ိဳေစတယ္

ေနၾကာေစ့ကုိ ပုံမွန္စားသုံးေပးပါက အရြယ္တင္ ႏုပ်ိဳေစႏုိင္ပါတယ္။ ေနၾကာေစ့မွာ ဗီတာမင္ E နဲ႕ Beta carotene ဓာတ္
ေတြပါ၀င္လုိ႕ အသားအေရတြန္႕ျခင္း၊ ဆံပင္ျဖဴျခင္း၊ မ်က္စိမႈန္ျခင္း စတာေတြကုိ ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။

(၅) ဆံပင္ပါးျခင္းကုိလည္း ေပ်ာက္ကင္းေစတယ္

ဗီတာမင္ E ၾကြယ္၀တဲ့ ေနၾကာေစ့ဟာ ဆံပင္ပါးျခင္း၊ ဆံပင္ကၽြတ္ျခင္းကုိ ေပ်ာက္ကင္းေစႏုိင္ပါတယ္။ ဒါ့အျပင္ ဗီတာမင္ B6 လည္း ပါ၀င္လုိ႕ ဦးေရခြံ႕ကုိ ေအာက္ဆီဂ်င္ေထာက္ပံမႈကုိ ပုိေပးႏုိင္ၿပီး ဆံပင္ေပါက္ႏႈန္းကုိ ျမင့္မားေစပါတယ္။

READ
ေယာဂလုပ္ျခင္းက စိတ္နဲ႔ခႏၶာကိုယ္အတြက္ ဘယ္လုိေကာင္းက်ိဳးေတြ ရရွိေစႏိုင္လဲ

sunflower-seeds

(၆) အသားအေရကုိ ေပ်ာ့ေျပာင္းေစတယ္

ေန႕စဥ္ ေနၾကာေစ့ ပုံမွန္စားသုံးေပးပါက ေနၾကာေစ့မွာပါတဲ့ Fatty Acid ေၾကာင့္ အသားအေရကုိ ႏူးညံ့ေပ်ာ့ေျပာင္းေစႏုိင္
ပါတယ္။

(၇) ၀က္ၿခံ၊ တင္းတိပ္၊ မွဲ႕ေျခာက္ကုိ မျဖစ္ေစဘူး

ေနၾကာေစ့မွာပါတဲ့ Fatty Acid ရဲ႕ အစြမ္းေၾကာင့္ မ်က္ႏွာျပင္မွာ တင္းတိပ္၊ ၀က္ၿခံ၊ မွဲ႕ေျခာက္ စတာေတြကုိ မျဖစ္ေအာင္
ကာကြယ္ေပးႏုိင္ပါတယ္။

(၈) ႏွလုံးေရာဂါမျဖစ္ေအာင္ ကာကြယ္ေပးႏုိင္တယ္

ေနၾကာေစ့ဟာ ေသြးတြင္း ကိုလက္စထေရာနဲ႕ အဆီဓာတ္ကုိ ေခ်ျဖတ္ႏုိင္တဲ့ phytosterols, monounsaturated နဲ႕polyunsaturated fat ေတြ ပါ၀င္ပါတယ္။ ဒါေၾကာင့္ ႏွလုံးေရာဂါနဲ႕ ေသြးေပါင္ခ်ိန္မမွန္တဲ့ ေရာဂါေတြကို ကာကြယ္ေပးႏုိင္ပါတယ္။

Si Si (auntymay)


(Unicode version)

 နေကြာစေ့ရဲ့ ကျန်မာရေးကောင်းကျိုး(၈)မျိုး

နေကြာစေ့ကို မြန်မာနိုင်ငံ အထက်အညာဒေသမှာ ဆီအတွက် စိုက်ပျိုးကြပါတယ်။ ဒါ့အပြင် သွားရေစာအဖြစ် နေကြာစေ့
လှော်စားတဲ့ ဓလေ့ဟာလည်း မြန်မာနိုင်ငံမှာ ဘယ်တုန်းကတည်းက ခေတ်စားခဲ့မှန်းမသိရပါ။ သို့သော် ယခုအချိန်ထိ နေကြာစေ့လှော်တွေဟာ တံဆိပ်အမျိုးမျိုးနဲဲ့ ဖြစ်ပြီး ရောင်းအားလည်း ကောင်းနေဆဲပါ။ နေကြာစေ့ကို စားခြင်းဖြင့် ရနိုင်တဲ့အကျိုးကျေးဇူး(၈) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အဆစ်ရောင်ရောဂါနဲ့ ပန်းနာရင်ကြပ်ကို ပျောက်ကင်းစေနိုင်တယ်

နေကြာစေ့မှာ ဗီတာမင် E ကြွယ်ဝစွာပါ၀င်ပါတယ်။ ဒါကြောင့် အရိုးအဆစ် ရောင်ရမ်းခြင်း အပါအဝင် အဆစ်အမြစ်ကိုက်
ခဲခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။ ဗီတာမင် E ဟာ ပန်းနာရောဂါကိုလည်း နိုင်နင်းပါတယ်။

(၂) အရိုးကို သန်မာစေတယ်

ကယ်လ်စီယံနဲ့ မဂ္ဂနီစီယမ်ဓာတ်တွေ ပါ၀င်တဲ့ နေကြာစေ့ကို ပုံမှန်စားသုံးပေးပါက အရိုးကို သန်မာစေပါတယ်။ ကလေး
ငယ်လေးတွေအတွက်လည်း အရို့ဖွံ့ဖြိုးမှုကို အားပေးပြီး သံဓာတ်ချို့တဲ့တဲ့ အမျိုးသမီးတွေအတွက်လည်း သင့်တော်ပါ
တယ်။

sunflower_seeds-720x420

(၃) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်

နေကြာစေ့မှာ ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ phytosterol နဲ့ lignans ဓာတ်တွေ မြင့်မားစွာ ပါ၀င်ပါတယ်။ phyto- sterol နဲ့ lignans ဓာတ်တွေဟာ ခန္ဓာကိုယ်အတွင်း ကင်ဆာဆဲလ်များ ပေါ်ပေါက်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။

(၄) အရွယ်တင် နုပျိုစေတယ်

နေကြာစေ့ကို ပုံမှန်စားသုံးပေးပါက အရွယ်တင် နုပျိုစေနိုင်ပါတယ်။ နေကြာစေ့မှာ ဗီတာမင် E နဲ့ Beta carotene ဓာတ်
တွေပါ၀င်လို့ အသားအရေတွန့်ခြင်း၊ ဆံပင်ဖြူခြင်း၊ မျက်စိမှုန်ခြင်း စတာတွေကို လျှော့ချပေးနိုင်ပါတယ်။

(၅) ဆံပင်ပါးခြင်းကိုလည်း ပျောက်ကင်းစေတယ်

ဗီတာမင် E ကြွယ်ဝတဲ့ နေကြာစေ့ဟာ ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် B6 လည်း ပါ၀င်လို့ ဦးရေခွံ့ကို အောက်ဆီဂျင်ထောက်ပံမှုကို ပိုပေးနိုင်ပြီး ဆံပင်ပေါက်နှုန်းကို မြင့်မားစေပါတယ်။

sunflower-seeds

(၆) အသားအရေကို ပျော့ပြောင်းစေတယ်

နေ့စဉ် နေကြာစေ့ ပုံမှန်စားသုံးပေးပါက နေကြာစေ့မှာပါတဲ့ Fatty Acid ကြောင့် အသားအရေကို နူးညံ့ပျော့ပြောင်းစေနိုင်
ပါတယ်။

(၇) ၀က်ခြံ၊ တင်းတိပ်၊ မှဲ့ခြောက်ကို မဖြစ်စေဘူး

နေကြာစေ့မှာပါတဲ့ Fatty Acid ရဲ့ အစွမ်းကြောင့် မျက်နှာပြင်မှာ တင်းတိပ်၊ ၀က်ခြံ၊ မှဲ့ခြောက် စတာတွေကို မဖြစ်အောင်
ကာကွယ်ပေးနိုင်ပါတယ်။

(၈) နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်

နေကြာစေ့ဟာ သွေးတွင်း ကိုလက်စထရောနဲ့ အဆီဓာတ်ကို ချေဖြတ်နိုင်တဲ့ phytosterols, monounsaturated နဲ့polyunsaturated fat တွေ ပါ၀င်ပါတယ်။ ဒါကြောင့် နှလုံးရောဂါနဲ့ သွေးပေါင်ချိန်မမှန်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

Si Si (auntymay)

 

sponsored