အရမ်းဂရုစိုက်ပေမယ့် မျက်နှာအသားအရေ ကောင်းမလာရခြင်း အကြောင်းရင်း (၈) ချက်

By Lucky Business/ Shutterstock
Sponsored

သင်ဟာ အလှအပကို အထူးဂရုစိုက်သူတစ်ယောက်ဖြစ်ပြီး အသားအရေကို အထူးဂရုစိုက်ထိန်းသိမ်းရက်နဲ့ ကောင်းမလာလို့ အဖြေရှာမရဖြစ်နေပါသလား။ ဒါဆိုရင်တော့ သင့်ရဲ့ အသားအရေထိန်းသိမ်းနည်းပုံစံကို ပြန်လည်ဆန်းစစ်ကြည့်ရတော့မှာပါ။ ခုဖော်ပြပေးမှာကတော့ အရမ်းဂရုစိုက်ပေမယ့် မျက်နှာအသားအရေကောင်းမလာရခြင်း အကြောင်းရင်းတွေပဲဖြစ်ပါတယ်။

(၁) သင်ဟာ skin care တွေကို ခဏခဏပြောင်းသုံးတတ်တဲ့သူမို့လို့လည်း ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ အရေပြားဟာ သင်သုံးပေးတဲ့ ထုတ်ကုန်တွေနဲ့ လိုက်လျောညီထွေမဖြစ်ခင်မှာ သင်ကပြောင်းပြောင်းနေလို့ဖြစ်ပါတယ်။

By Cookie Studio/ Shutterstock
Sponsored

(၂) Scrub လို့ခေါ်တဲ့ ပွတ်တိုက်ချေးချွတ်တဲ့နည်းကို နေ့တိုင်းလိုလို မလုပ်ပါနဲ့။ ဒီလိုပွတ်တိုက်ခြင်းဟာ အရေပြားနီမြန်းခြင်း၊ အသားရောင် မညီညာခြင်းတွေဖြစ်စေပြီး ခြောက်သွေ့ကြမ်းတမ်းစေတာကြောင့် ဒီလိုပွတ်တာထက်စာရင် peel off ကို ပိုပြီးအားပေးချင်ပါတယ်။

(၃) မိတ်ကပ်ဖျက်ဆေးရည်ကို အသုံးမပြုရင်လည်း အသားအရေကို ပျက်စီးစေနိုင်ပါတယ်။ ရေ၊ မျက်နှာသစ်ဆပ်ပြာလောက်နဲ့ မိတ်ကပ်တွေကို အကုန်အစင် မသန့်စင်ပေးနိုင်တဲ့အတွက် မိတ်ကပ်ဖျက်ဆေးသီးသန့် သုံးကိုသုံးပေးရပါမယ်။

READ
အသားအရေနဲ့အလှအပဆိုင်ရာ ပြဿနာတွေအတွက် ဆားခါးအသုံးပြုဖြေရှင်းနည်း (၇)မျိုး

(၄) သင့်ရဲ့ခေါင်းအုံးစွပ်တွေကို တစ်ပတ်တစ်ခါလောက် ပုံမှန်လဲလှယ်၊ လျှော်ဖွပ်ပေးသင့်ပါတယ်။ အကြောင်းကတော့ သင့်ရဲ့ ခေါင်းအုံးစွပ်မှာ ရှိတဲ့ အညစ်အကြေးတွေ၊ ဘက်တီးရီးယားပိုးမွှားတွေက သင့်ရဲ့ မျက်နှာအသားအရေကို ပျက်စီးစေရုံသာမကပဲ ဝက်ခြံတွေဖြစ်ပေါ်စေနိုင်ပါတယ်။

(၅) တိုနာအသုံးမပြုပေးခြင်းဟာလည်း မျက်နှာအသားအရေကို ပျက်စီးစေပါတယ်။ အကြောင်းကတော့ တိုနာဟာ အရေပြားထဲက pH ပမာဏကို ထိန်းညှိပေးတာကြောင့် အသားအရေကို ကြည်လင်သန့်စင်စေပါတယ်။ Alcohol မပါတဲ့ တိုနာဖြစ်ဖို့တော့ လိုပါတယ်။

(၆) သင်ဟာ မျက်နှာအဆီပြန်လာတဲ့အခါ ပေါင်ဒါဖို့တတ်တဲ့သူတစ်ယောက်ဆိုရင်တော့ အသားအရေ ပျက်စီးတာ မဆန်းပါဘူး။ ပေါင်ဒါဟာ ချွေးပေါက်တွေကို ပိတ်လိုက်သလိုဖြစ်သွားစေတဲ့အတွက် ဝက်ခြံတွေ၊ အဆီဖုတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အဆီစုပ်စက္ကူကိုသာ အသုံးပြုပေးပါ။

(၇) ရေချိုးတဲ့အခါ မျက်နှာကို အရင်မသစ်ပါနဲ့။ အကြောင်းကတော့ မျက်နှာကို အရင်သစ်လိုက်တဲ့အခါမှာ ခေါင်းလျှော်ရည်အမြှုပ်တွေ၊ ရေချိုးဆပ်ပြာအမြှုပ်တွေက မျက်နှာအရေပြားနဲ့ ထိတွေ့တဲ့အခါ ဓာတ်မတည့်တာတွေ၊ ဝက်ခြံတွေဖြစ်စေနိုင်လို့ပါ။

READ
သင်ဟာ ဒီ (၁၀) ချက်ထဲမှာ (၇)ချက်လောက်နဲ့ ကိုက်ညီနေရင် တကယ်ကိုလှပချောမောတဲ့သူပါ...
By Yuganov Konstantin/ Shutterstock

(၈) သင်ဟာနေ့ဖက်တွေမှာ SPF ပါဝင်တဲ့ ထုတ်ကုန်တွေကို မသုံးပေးသလို၊ ညဖက်တွေမှာ Night Cream မလိမ်းပဲ အိပ်တတ်တဲ့သူတစ်ယောက်ဆိုရင်လည်း သင့်ရဲ့ အသားအရေဟာ ကောင်းလာမှာမဟုတ်ပါဘူး။

Em Em

sponsored