နှစ်မကုန်ခင်မှာ သူငယ်ချင်းတွေကို ကျေးဇူးတင်စကားပြောသင့်တဲ့ အကြောင်းရင်း (၇) ချက်

Racool_studio/ freepik
Sponsored

နှစ်တစ်နှစ်ကုန်ခါနီးပြီဆိုရင် နှစ်ဟောင်းကအကြွေးတွေ နှစ်သစ်ကိုသယ်မသွားသင့်ပါဘူး။ အကြွေးတွေထဲမှာ ပိုက်ဆံကြွေး၊ အလုပ်ကျွေးစသဖြင့် များစွာရှိတဲ့အထဲက ကျေးဇူးကြွေးတွေလည်း ပါပါတယ်။ ခုဖော်ပြပေးမှာကတော့ နှစ်မကုန်ခင် သူငယ်ချင်းတွေကို ကျေးဇူးတင်စကားပြောသင့်တဲ့ အကြောင်းရင်းလေးတွေပဲဖြစ်ပါတယ်။

(၁) ကျေးဇူးတင်တယ် အမြဲရှိနေပေးလို့

shutterstock/ Roman Samborskyi

သင့်ဘဝရဲ့အဆိုးဆုံးဆိုတဲ့ အချိန်တွေမှာ သင့်အနားရှိနေပေးလို့ သင့်သူငယ်ချင်းကို ကျေးဇူးတင်လိုက်ပါ။ ကိုယ့်ဘဝရဲ့ နာကျင်မှုတွေ၊ ဝမ်းနည်းမှုတွေကို အတူတူလိုက်ခံစားပေးတဲ့ သူငယ်ချင်းမျိုးရှိတာ ဆုလာဘ်တစ်ခုပဲဖြစ်ပါတယ်။

(၂) ကျေးဇူးတင်တယ် တူတူပျော်ပေးလို့

Sponsored

သင့်ဘဝမှာ အောင်မြင်မှုတွေ ရလာတဲ့အခါ၊ ပျော်စရာတွေ ရလာတဲ့အခါတွေမှာ စိတ်ရင်းအမှန်နဲ့ အတူတူလိုက်ပျော်ပေးတဲ့ သူငယ်ချင်းမျိုးရှိတာ အရမ်းကံကောင်းပါတယ်။ ပျော်ရွှင်မှုဆိုတာ မျှဝေခံစားပေးမယ့်သူရှိမှ ပိုပြီးပြည့်စုံတာမျိုး မဟုတ်လား။

(၃) ကျေးဇူးတင်တယ် ထပ်တလဲလဲနားထောင်ပေးလို့

Freepik.com

သင့်ရဲ့ မပြီးဆုံးနိုင်တဲ့ အချစ်ဇာတ်လမ်းအကြောင်းတွေကို ထပ်ခါတလဲလဲ နားထောင်ပေးနိုင်တဲ့ သူငယ်ချင်းကို ပိုင်ဆိုင်ထားရတာ အရမ်းကံကောင်းပါတယ်။ ချစ်သူအကြောင်းရင်ဖွင့်သမျှကို နားထောင်ပေးတဲ့သူငယ်ချင်းကို ကျေးဇူးတင်ကြောင်းပြောဖို့ မမေ့ပါနဲ့နော်။

READ
ငယ်ရွယ်စဉ်မှာ မိဘမေတ္တာငတ်ခဲ့ရတဲ့သူတွေပဲသိတဲ့ စိတ်ဓာတ်ရာနဲ့ အားနည်းချက်များ

(၄) ကျေးဇူးတင်တယ် အမှတ်တရတွေဖန်တီးပေးလို့

ဘဝရဲ့ ပျော်ရွှင်စရာကောင်းပြီး လှပတဲ့ အမှတ်တရတွေကို ဖန်တီးပေးတဲ့ သူငယ်ချင်းမျိုး ပိုင်ဆိုင်ထားရတာ သင်အရမ်းကံကောင်းပါတယ်။ သင့်ဘဝရဲ့ လှပတဲ့ အမှတ်တရတွေတိုင်းမှာ ရှိနေပေးတဲ့ သူငယ်ချင်းမျိုးကို ပိုင်ဆိုင်ထားရလို့ ကျေးဇူးတင်ကြောင်းပြောဖို့ မမေ့နဲ့နော်။

(၅) ကျေးဇူးတင်တယ် အသက်တူတူကြီးပေးလို့

သင့်ဘဝရဲ့ အချိန်တွေကို သင်တစ်ယောက်တည်းအထီးကျန်စွာ မဖြတ်သန်းစေပဲ အတူတူ ရှိနေပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောဖို့ မမေ့သင့်ပါဘူး။ တစ်နှစ်ပြီးတစ်နှစ် နှစ်တွေသာပြောင်းသွားပေမယ့် သင့်အနားမှာ အမြဲတမ်း မပြောင်းလဲပဲ ရှိနေပေးတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ကြောင်းပြောဖို့ မမေ့ပါနဲ့။

(၆) ကျေးဇူးတင်တယ် ခွင့်လွှတ်ပေးလို့

သင်တို့နှစ်ယောက် ကတောက်ကဆတွေဖြစ်တဲ့အခါ ပြန်ပြန်ပြီးခွင့်လွှတ်ပေးတဲ့ သူငယ်ချင်းမျိုးကို ပိုင်ဆိုင်ထားတာ အရမ်းကံကောင်းပါတယ်။ သင့်ဖက်က လွန်တဲ့အခါတွေမှာလည်း နားလည်ပေးပြီး အတူတူရှိနေပေးတဲ့ သူငယ်ချင်းမျိုး ရှိနေတာ သင်အရမ်းကံကောင်းပါတယ်။

READ
ထိုင်းမင်းသားချောလေး Ice Paris အကြောင်း သိထားသင့်တဲ့ အချက်များ

(၇) ကျေးဇူးတင်တယ် အားနည်းချက်တွေကို နှုတ်ဆိတ်ပေးလို့

Freepik- lookstudio

သင်တို့နှစ်ယောက်ကြားမှာ ရင်ဖွင့်ထားတဲ့ လျှို့ဝှက်ချက်တွေအများကြီးရှိမှာပါ။ သင့်အတွက် လူသိမခံစေချင်တဲ့၊ လူကြားရင် လှောင်စရာဖြစ်တဲ့ အရာတွေအားလုံးကို နှုတ်ဆိတ်ပေးထားတဲ့အတွက် သင့်သူငယ်ချင်းကို ကျေးဇူးတင်တယ်လို့ ပြောဖို့မမေ့ပါနဲ့နော်။

Em Em

sponsored