အိမ်ကနေ အလုပ် လုပ်ရတဲ့အခါ လုံးဝ ရှောင်ရှားသင့်တဲ့ အမှား (၈) ချက်

Photo by Andrea Piacquadio from Pexels
Sponsored

အိမ်ကနေ အလုပ်လုပ်ခွင့်ရတယ်ဆိုတာက တကယ့်တော့ ကောင်းခြင်း တစ်မျိုးပါပဲ။ အလုပ်ကို သွားရတဲ့အချိန်တွေ မကုန်ဆုံးရတော့ပါဘူး။ ဒါပေမယ့် အိမ်မှာ အလုပ်လုပ်ရတာက တစ်သီးတစ်သန့်ဆန်ပြီး အထီးကျန်ခြင်းကိုလည်း ခံစားရစေတတ်ပါတယ်။ ရုံးအလုပ်ကို ရုံးပတ်ဝန်းကျင်မှာ အလုပ်လုပ်ရတာက အကောင်းဆုံးမို့ အခုလို ခံစားကြရတာပါ။ ဒါကြောင့် အိမ်ကနေ ရုံးအလုပ်ကို လုပ်ရတဲ့အခါ သတိထားရမယ့် အချက်အချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) အဝတ်အစားကို ဖြစ်သလို မဝတ်ပါနဲ့

Sponsored

အိမ်မှာနေတဲ့အခါ လူအများစုကတော့ ညဝတ်အင်္ကျီမျိုးကို ဝတ်ရတာ ပိုသဘောကျပါတယ်။ ဒါပေမယ့်လည်း သတိထားရမှာက အဝတ်အစားတွေက လူတွေရဲ့ ခံစားချက်တွေကို လွှမ်းမိုးနိုင်ပါတယ်။ အတွေးတွေ၊ အားအင်နဲ့ စိတ်ခံစားချက်တွေက အဝတ်အစား ပုံစံအလိုက် ပြောင်းလဲနေတတ်ပါတယ်။ ဒါကြောင့် သင့်ကို သက်တောင့်သက်သာအရမ်း ရှိစေပြီး ပျင်းရိစေတဲ့ အဝတ်ပုံစံတွေက သင့်ကို အလုပ်လုပ်ဖို့ တက်ကြွမှုကို နှေးကွေးစေပါတယ်။ ဒီတော့ အလုပ်လုပ်နေတဲ့အချိန်မှာတော့ ဖြစ်သလို မဝတ်စားပဲ သပ်သပ်ရပ်ရပ်နဲ့ ဝတ်စားတာက သင့်ဦးနှောက်ကို ပိုပြီး လန်းဆန်းစေပါတယ်။

Photo by Andrea Piacquadio from Pexels

(၂) ပုံမှန် အချိန်ဇယားနဲ့ အလုပ် မလုပ်ခြင်း

အိမ်မှာနေတဲ့အခါ အိမ်မှာ နေတဲ့ပုံစံက လူကို လွှမ်းမိုးပြီး အချိန်တွေ ပိုနေသယောင် ထင်တတ်ပါတယ်။ တကယ့်တော့ အလုပ်ချိန်အတိုင်း သေချာ ရုံးမှာကဲ့သို့ အလုပ်လုပ်သင့်ပါတယ်။ အချိန်ဇယားနဲ့ မလုပ်တာက သင့်ကို ပိုပြီး ဝန်ပိစေပြီး အလုပ်တွေ နောက်ကျမှ ပြီးတာမျိုး ဖြစ်တတ်ပါတယ်။ သင်ကိုယ်တိုင်လည်း အားအင်ကုန်သလို ခံစားရစေနိုင်ပါသေးတယ်။ ဒါကြောင့် သင့်ကို အလုပ်ချိန်အတိုင်း သေချာလုပ်ပြီး အနားယူလိုက်တာ သင့်အတွက် ပိုပြီး အကျိုးများစေပါတယ်။

READ
ခွေး၊ကြောင်လေးတွေကို အသက်ထက်ပိုချစ်တဲ့သူတွေရဲ့ စိတ်နေစိတ်ထား

(၃) အလုပ်စားပွဲ သီးသန့် မထားခြင်း

တစ်ချို့သူတွေက အိပ်ရာထဲက မထတမ်း အလုပ်လုပ်တတ်ကြပါတယ်။ ဒါက အချိန်ကြလာတဲ့အခါ သင့်ကို ထိခိုက်စေနိုင်ပါတယ်။ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အလုပ်စားပွဲမှာ စနစ်တကျ အလုပ်လုပ်တာက သင့်အတွက် သင့်တော်တဲ့ပုံစံ ဖြစ်ပါတယ်။

 

Photo by Andrea Piacquadio from Pexels

(၄) သင့်မိသားစုကိုလည်း သင့်အလုပ်ချိန်ဖြစ်ကြောင်း အသိပေးပါ

အိမ်မှာ ရှိနေတဲ့အခါ မိသားစုဝင်တွေက သိပ်ပြီး လေးလေးနက်နက် မရှိကြပါဘူး။ ဒါကို သင်ကလည်း အိမ်မှာနေသလို နေလိုက်တာမျိုး မလုပ်လိုက်သင့်ပါဘူး။ သင့်မိသားစုကို သင် အလုပ်လုပ်နေကြောင်း သင့်အလုပ်ချိန်တွေမှာ သတိထားပေးဖို့ လိုကြောင်းတွေ ပြောထားဖို့ လိုအပ်ပါတယ်။ ဒါက သင့်အလုပ်ကို သင် အလေးထားရာ ရောက်သလို သင့်မိသားစုကလည်း သင့်ကို အလုပ်သွားသကဲ့သို့ အလေးထားမှာ ဖြစ်ပါတယ်။

(၅) လှုပ်ရှားမှု မရှိတာ

အိမ်မှာနေပြီး အလုပ်လုပ်တဲ့အခါ အနည်းငယ်တော့ ပုံမှန်ထက် ပျင်းရိနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုတွေလည်း မလုပ်ဖြစ်တော့ပဲ အလုပ်တွေ အိမ်မှာနေဟန်တွေ ရောထွေးပြီး ပင်ပန်းပျင်းရိနေတတ်ပါတယ်။ လူတစ်ယောက် တစ်နေ့ကို ခြေလှမ်းပေါင်း ၆၀၀၀ ခန့် လျှောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ရုံးတက်ရတဲ့အခါမှာ လမ်းလျှောက်ရပေမယ့် အိမ်မှာနေပြီး သိပ်မလှုပ်ရှားဖြစ်ရင် သိပ်မကောင်းပါဘူး။ ဒါကြောင့် အကောင်းဆုံးကတော့ အလုပ်စားပွဲနဲ့ အိပ်ရာနဲ့ ဝေးနိုင်သမျှ ဝေးဝေးမှာ ထားရင် သင့်အတွက် လှုပ်ရှားမှုတော့ ပိုဖြစ်စေသွားနိုင်ပါတယ်။

Photo by Anna Shvets from Pexels

(၆) ငြီးငွေ့လာမှုထဲ မြုပ်ဝင်ခြင်း

အလုပ်တစ်ခုကို နေ့တိုင်း ပုံမှန် လုပ်နေရတတ်တဲ့ စာရေးဆရာတို့၊ ရုံးအလုပ်သမားတွေမှာ အလုပ်လုပ်ရတာကို ငြီးငွေ့လာတာ ဖြစ်တတ်ပါတယ်။ ကိုယ့်အလုပ်ကိုယ် ချစ်ပေမယ့်လည်း နေ့တိုင်း ထပ်တလဲလဲ လုပ်နေရသလို ဖြစ်တာကြောင့် ငြီးငွေ့လာတာမျိုးဖြစ်ရင် အလုပ်က မတွင် ဖြစ်တတ်ပါတယ်။ အိမ်ကနေ အလုပ်လုပ်ရချိန်မှာတော့ ဒါမျိုး မဖြစ်အောင် အပြောင်းအလဲတွေ ပြုလုပ်သင့်ပါတယ်။ အလုပ်စားပွဲကို နေရာရွေ့ပြီး လုပ်တာ အလုပ်စားပွဲပေါ်က ပစ္စည်းတွေကို ရှင်းလင်းတာမျိုးကလည်း သင့်စိတ်ကို ပြောင်းလဲနိုင်ပါတယ်။

READ
အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ဆုံးရှုံးမှုတွေပဲရလာတဲ့အခါ ဒီအချက်(၇)ချက်ကို သတိရလိုက်ပါ

(၇) အလုပ်ချိန်နဲ့ အနားယူချိန် ကွဲပါစေ

အိမ်မှာ နေတယ်ဆိုပြီး အချိန်တွေ ပိုလာတယ်။ ကိုယ်လုပ်ချင်သလို လုပ်လို့ ရတယ်ဆိုတဲ့ သဘောမျိုး မစဉ်းစားပါနဲ့။ ဒီလိုမျိုး ပြုလုပ်ခြင်းက သင့်ရဲ့ အလုပ်တွေ မပြီးမချင်း သင့်က အလုပ်တွေ ပြည့်နေသလို ခံစားရပြီး လူကလည်း ပင်ပန်းနေသလို ဖြစ်မှာပါ။ ဒါကြောင့် အလုပ်ချိန်မှာ အလုပ်ကို အပြည့်အဝ အာရုံစိုက်ပြီး ရုံးမှာ အလုပ်လုပ်သကဲ့သို့ လုပ်မယ်ဆိုရင် သင့်ရဲ့ ပင်ပန်းမှုကို လျှော့ချနိုင်ပြီး ပိုပြီး အချိန်တွေကို ယူနိုင်ပါတယ်။ ဒါ့အပြင် အလုပ်မှာ အနားယူတဲ့ အချိန်တွေမှာ အနားယူသလို အိမ်မှာလည်း အလုပ်ခဏနားပြီး အနားယူရမယ့် အချိန်လည်း ထားသင့်ပါသေးတယ်။

(၈) လူတွေနဲ့ စကားမပြောဖြစ်ခြင်း

တစ်နေ့လုံး အိမ်မှာပဲ ထိုင်ပြီး အလုပ်လုပ်နေရခြင်းကြောင့် လူအများနဲ့ စကားသိပ်မပြောဖြစ်ဘဲ အထီးကျန်မှုကို ခံစားရစေပါတယ်။ ဒါကြောင့် ဒီလို မဖြစ်ရလေအောင် တစ်ခြားသူတွေနဲ့ အဆက်အသွယ် မပြတ်အောင် အမြဲ ဆက်သွယ်ပြီး ပြောဆိုနေသင့်ပါတယ်။ ဒါမှသာ စိတ်ကျခြင်းနဲ့ အထီးကျန်ခြင်းတို့ကို မခံစားရမှာ ဖြစ်ပါတယ်။

Ref: brightside

Kham

 

sponsored