90s born တွေက ဘာကြောင့် လက်ထပ်ရဖို့ ကြောက်လာကြတာလဲ

Unsplash/Skye Studios
Sponsored

Generation အဆက်ဆက်ရှိရာ gen တစ်ခုနဲ့ တစ်ခုက အတွေးအခေါ် ရှုမြင်သုံးသပ်ပုံခြင်းတွေ သိပ်ကို ကွဲပြားကြပါတယ်။ အခုနောက်ပိုင်း တွေ့လာရတာကတော့ အသက် ၂၀ ကျော်ပိုင်း ရောက်နေကြတဲ့ ၉၀ ခုနှစ်ဝန်းကျင်ဖွား (၁၉၉၀-၁၉၉၉) တွေက အိမ်ထောင်ဖက်နဲ့ ဘဝတစ်ခု ထူထောင်ဖို့ တစ်နည်းအားဖြင့် လက်ထပ်ရဖို့ကို ကြောက်နေတတ်ကြပါတယ်။ အကြောင်းတွေက ဘာတွေ ဖြစ်မလဲ။

(၁) ထုံးတမ်းအစဉ်အလာ မကြိုက်သူတွေ

90s born တွေက ထုံးတမ်းအစဉ်အလာတွေကို လိုက်နာတဲ့နေရာမှာ အားနည်းတတ်ကြပါတယ်။ ကျယ်ပြန့်တဲ့ အတွေးအခေါ်နဲ့ သူတို့ဟာ အစဉ်အလာတစ်ခုလို လူတွေလုပ်တတ်ကြတဲ့ အရာတွေဆို ဆန့်ကျင်နေကျလည်း ဖြစ်ပါတယ်။ အရွယ်ရောက် အိမ်ထောင်ကျ၊ ကလေးမွေးရတဲ့ အလုပ်ကို သူတို့ ရှေ့လူတွေ လုပ်တဲ့အတိုင်း လိုက်လုပ်ကြဖို့ ဝန်လေးတတ်ကြတာပါ။

READ
ချစ်သူမိန်းကလေးတွေ လုပ်လေ့ရှိတဲ့ ယောက်ျားလေးတွေအမုန်းဆုံး အကျင့် (၈) ခု
Unsplash/Sandy Millar
(၂) တွက်ချက်တတ်ကြသူတွေ
Sponsored

၉၀ ဝန်းကျင်ဖွားတွေကတော့ dynamic ဖြစ်လာတဲ့ ခေတ်အခြေအနေမှာ ကြီးပြင်းလာကြသူတွေမို့ ရှေးလူတွေထက်တော့ ပိုပြီး တွက်ချက်တတ်ကြတာ အမှန်ပါပဲ။ ပြီးတော့ စစ်တမ်းတွေအရ ၉၀ ခုနှစ်ဝန်းကျင်ဖွားတွေဟာ ကျန်တဲ့ မျိုးဆက်တွေထက် ပိုရုန်းကန်ကြရပါတယ်တဲ့။ အဲဒီ့တော့ အိမ်ထောင်တစ်ခု ထူထောင်ရင် ရင်ဆိုင်ရမယ့် စီးပွားရေးအခြေအနေတွေကို အရမ်းတွေးနေတတ်ကြတာကြောင့် လက်ထပ်ရမှာ တုံ့နှေးတတ်ကြပါတယ်။

(၃) လွတ်လပ်မှု နှစ်သက်သူတွေ

လွတ်လပ်မှုကို ကြိုက်ကြတယ်ဆိုရာမှာ တစ်ယောက်ဆိုတစ်ယောက် မပေါင်းသင်းနိုင်ဘူးလို့ ဆိုချင်တာ မဟုတ်ပါဘူး။ သူတို့ဟာ အိမ်ထောင့်တာဝန်တွေကို ခွဲဝေထမ်းဖို့၊ သားမြေးမြစ်တွေကို အချိန်ယူ ပြုစုပျိုးထောင်ဖို့ သိပ်မစဉ်းစားချင်တတ်ကြတာပါ။ ဒါဟာ အခုလက်ရှိ အသက် ၂၀ ကျော် generation မှာ အတွေ့များတဲ့ အယူအဆတစ်ခုပါပဲ။

READ
အင်္ဂါသားသမီးတွေရဲ့ အချစ်ရေးနဲ့ပတ်သက်လို့ လူသိနည်းတဲ့ အချက် (၆)ချက်
Unsplash/Hisu lee
(၄) တစ်ကိုယ်ကောင်းဆန်တာလေး နည်းနည်း

90s born တွေဟာ များသောအားဖြင့် ကိုယ့်ကိုယ်ကိုသာ သိပ်၈ရုစိုက်တတ်ကြသူတွေပါတဲ့။ ယခု ၂၀၁၉ မှာဆိုရင် 90s born တွေထဲ အများအားဖြင့် ၂ မျိုး တွေ့ရတတ်ပါတယ်။ Single ပဲ နေကြသူတွေနဲ့ အလုပ်ကိုသာ ဦးစားပေးသူတွေပါ။ မိန်းကလေးတွေမှာဆိုလည်း အမျိုးသမီးဝါဒ (Feminism) ကို လက်ကိုင်စွဲထားသူတွေ များစွာရှိနေတတ်ပါတယ်။ ဒီတော့ ဒီမျိုးဆက်က အိမ်ထောင်ပြုဖို့ နှောင့်နှေးတယ်ဆိုတာလည်း မဆန်းပါဘူးနော်။

Nell (Aunty May)

sponsored