Sponsored
(Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်)
Sponsored
height-747x420
READ
ကလေးမေမေတွေသာ နားလည်နိုင်မယ့် ရယ်ရခက်ငိုရခက် အမှန်တရား(၉)မျိုး
ပုံသေနည်း
ညီလင်းထက် (auntymay)
source : brightside.me
[Unicode Version]
 ရင်သွေးလေးတွေ အရပ်ဘယ်လောက်ရှည်မလဲ ခန့်မှန်းတွက်ချက်နည်း
လူတိုင်း ကိုယ့်ရင်သွေးလေးတွေရဲ့ အနာဂတ်ဟာ ဘာဖြစ်မလဲဆိုတာကို ကြိုတင်သိချင်ကြပါလိမ့်မယ်။ စစ်ဗိုလ်ကြီးလား၊ ဆရာဝန်ကြီးလား၊ အင်ဂျင်နီယာမကြီးလားပေါ့။ ဒါတွေကတော့ မှန်းဆရခက်ခဲလို့ ဘာဖြစ်မလဲဆိုတာ ကံသေကံမ ပြောပြဖို့ ခက်ပါတယ်။
height-747x420
ဒါပေမယ့် ကလေးတွေ အရွယ်ရောက်လာရင် အရပ်အမြင့် ဘယ်လောက်ရှိမလဲဆိုတာကိုတော့ တွက်ချက်လို့ ရပါတယ်။ ဒီတွက်ချက်လို့ ရတဲ့အဖြေဟာ အလွန်နီးစပ်မှုရှိပြီး ကွာချင်းကွာရင် 6.5 စင်တီမီတာလောက်သာ ကွာပါတယ်။ 6.5 စင်တီဆိုတာ 2.5 လက်မသာ ရှိပါတယ်။ ဒါက အများဆုံးပါ။ တော်တော်များများရဲ့အဖြေကတော့ တွက်ချက်ရရှိတဲ့ အဖြေနဲ့ မတိမ်းမယိမ်းလေးသာ ရှိတယ်လို့ သိရပါတယ်။
13455010-39539905-162575-0-1479243293-1479243298-0-1479466663-0-1479475317-1479475322-650-1-1488295420-650-caa65cefcf-1492109536
ကလေးတွေအရပ်ကို ဘယ်လိုတွက်ရမလဲ
တွက်ချက်ပုံကတော့ ပုံသေနည်းဆန်ပါတယ်။ ဒါပေမယ့် ထူးခြားချက်ကတော့ သားယောက်ျားလေးဆိုရင် +6.5 စင်တီမီတာ ဖြစ်ပြီး၊ သမီးဆိုရင်တော့ -6.5 စင်တီမီတာ ဖြစ်ပါတယ်။ ကျန်တာကတော့ အဖေ့အရပ်၊ အမေ့အရပ်ကို စင်တီမီတာဖွဲ့ပြီး အရင်ဆုံး ပေါင်းရပါတယ်။
13455060-39539805-162571-0-1479243320-1479243326-0-1479466627-0-1479475297-1479475302-650-1-1488295420-650-caa65cefcf-1492109536
ပြီးနောက် ရလာတဲ့ ရလာဒ်ကို 2 နဲ့ စား၊ စားလို့ရလာတဲ့ အဖြေကို သားယောက်ျားလေးဆို +6.5 ထပ်ပေါင်းပေး လိုက်ရုံပါဘဲ။ သမီး ဆိုရင်တော့ -6.5 ထပ်နှုတ်ပေးလိုက်ရုံပါ။ (တွက်ချက်ရ လွယ်ကူဖို့အတွက် နမူနာ ပုံလေးတွေ ကို လေ့လာနိုင်ပါတယ်။)
ပုံသေနည်း
(၁) dad height (cm)+ mom height (cm) / 2  + 6.5 (cm) = boy adult height
(၂) dad height (cm)+ mom height (cm) / 26.5 (cm) = girl adult height
ညီလင်းထက် (auntymay)
source : brightside.me
sponsored