ဆေးရုံရဲ့ သန့်ရှင်းရေးဝန်ထမ်း ဘ၀ကနေ ခွဲစိတ်ဆရာဝန်ဖြစ်တဲ့အထိ ကြိုးစားခဲ့တဲ့ အမျိုးသမီး

[email protected] Health
Sponsored

လူတိုင်းရဲ့ စိတ်ကူးထဲမှာ သူတို့ဖြစ်ချင်တဲ့ ဘဝရည်မှန်းချက်ဆိုတာ ရှိစမြဲပါပဲ။ အဲဒီလို ကိုယ်ဖြစ်ချင်တဲ့ ဘဝတစ်ခုကို ဖြစ်ဖို့ဆိုတာ သာမန်ကြိုးစားမှုမျိုးနဲ့ မရပါဘူး။ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာချည်းပါပဲ။ ဒီစကားကို ကောင်းကောင်းသက်သေပြခဲ့တဲ့ လူတစ်ယောက်ကတော့ အမေရိကန်နိုင်ငံရှိ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမဟာ ဆေးရုံသန့်ရှင်းရေးဝန်ထမ်းဘဝကကနေ ခွဲစိတ်ဆရာဝန်အမျိုးသမီးဖြစ်တဲ့အထိကို တောက်လျှောက်ကြိုးစားခဲ့တဲ့ လူတစ်ယောက်ဖြစ်တာကြောင့်ပဲဖြစ်ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Health

သူမကတော့ အမေရိကန်နိုင်ငံ၊ Massachusetts ပြည်နယ်ရှိ Jaines Andrades လို့ အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Jaines ဟာ Baystate Medical Center မှာ တာဝန်ထမ်းဆောင်နေတဲ့ ခွဲစိတ်ဆရာဝန်မတစ်ယောက်ပဲ ဖြစ်ပါတယ်။ ထူးဆန်းတာတစ်ခုကတော့ အဲဒီဆေးရုံဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်တုန်းက Jaines တစ်ယောက် ဆေးရုံသန့်ရှင်းရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတာပဲ ဖြစ်ပါတယ်။

READ
ပွင့်လင်းမှုမရှိတဲ့ အချစ်ရေးမှာ ကြုံတွေ့လာရမယ့် နောက်ဆက်တွဲ ဆိုးကျိုးများ
[email protected] Andrades
Sponsored

Jaines ဟာ သူမ အသက် ၁၉ နှစ်တုန်းက အဆိုပါဆေးရုံမှာ သန့်ရှင်းရေးဝန်ထမ်းအဖြစ် အချိန်တော်တော်ကြာ လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Jaines ဟာ ဆေးပညာကို ဝါသာပါခဲ့ပြီး သန့်ရှင်းရေးဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ကာ နာ့စ်မတစ်ဦးဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ Jaines ဟာ Springfield resident ကနေပြီးတော့ သူနာပြုဘွဲ့ကို ရရှိခဲ့ပါတယ်။ ဒီလိုနဲ့ Jaines ဟာ သန့်ရှင်းရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ Baystate Medical Center မှာပဲ သူနာပြုအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက်လည်း Jaines တစ်ယောက်ဟာ အလုပ်ကိုကြိုးစားခဲ့ပြီး အခုအချိန်မှာဆိုရင်တော့ အဆိုပါ ဆေးရုံမှာပဲ ခွဲစိတ်ဆရာဝန်မအဖြစ် တာဝန်ထမ်းဆောင်နေကြောင်း သိရပါတယ်။

“လွယ်တော့ မလွယ်ပါဘူး။ ကျွန်မရဲ့ အိမ်မက်အတိုင်း သေသေချာချာ လျှောက်လှမ်းခဲ့ရုံပါပဲ။ ကျွန်မအသက် ၁၉ နှစ်တုန်းက ရည်မှန်းချက်ဆိုတာ ဝေဝါးနေတုန်းအရွယ်ပါပဲ။ ဒီလိုနဲ့ သန့်ရှင်းရေးအလုပ်တွေ လုပ်နေတုန်းမှာ ကျွန်မဆေးပညာကို တော်တော်လေး စိတ်ဝင်စားခဲ့ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကျရင် ငါဆရာဝန်ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို သေသေချာချာ ထားခဲ့ပြီး ကြိုးစားခဲ့တာကြောင့် အခုလိုဘဝကို ရောက်နိုင်ခဲ့တာပါ”လို့ Jaines က ပြောကြားခဲ့ပါတယ်။

READ
လူတိုင်းဘဝမှာကြုံတွေ့ရလေ့ရှိတဲ့ အထီးကျန်ခြင်း(၅)မျိုး
[email protected] Health

Pyi Hein Kyaw

sponsored