လူတစ်ကိုယ် အရည်အချင်း တစ်မျိုး ရှိပါတယ်။ မိန်းကလေးတွေထဲမှာလည်း ပညာအရည်အချင်း ကိုယ်စီ တတ်မြောက်နေကြသူတွေ ရှိပါတယ်။ ပညာအရည်အချင်းတွေ တတ်မြောက်နေပေမယ့်လည်း မိန်းကလေးတိုင်း ဦးစီးဦးဆောင်နိုင်စွမ်း ရှိကြတာတော့ မဟုတ်ပါဘူး။ မိန်းကလေးထဲမှာမှ ဦးစီးဦးဆောင်နိုင်တဲ့ သူတွေကတော့ ဒီလို အရည်အချင်းတွေ ရှိနေတတ်ပါတယ်။
(၁) တာဝန်ယူမှု ရှိပါတယ်
သူတို့တွေမှာ တာဝန်ရှိယူတတ်တဲ့ စိတ် ရှိတာကို သေချာကြည့်ရင် သတိထားမိမှာပါ။ သူတို့က ကိုယ့်ကြောင့် သူများကို ဝန်မပိစေချင်တဲ့သူမျိုးတွေ ဖြစ်သလို ကိုယ်လုပ်သင့်တဲ့ တာဝန်တွေကို အတတ်နိုင်ဆုံး ကျေပွန်အောင် လုပ်တတ်ကြသူတွေ ဖြစ်ပါတယ်။ ဒီလိုမျိုး သိတတ်တဲ့စိတ်အပြင် တာဝန်ယူတတ်တာကြောင့်ပဲ သူတို့က ဦးစီးဦးဆောင်နိုင်ကြတာ ဖြစ်ပါတယ်။

(၂) လူတွေကို အကဲခတ်တတ်တယ်
သူတို့က ဆရာကြီး လုပ်တတ်တဲ့ သူစားမျိုးတော့ မဟုတ်ပါဘူး။ သူတို့က ကိုယ် တာဝန်ယူသင့်တယ်လို့ လက်ခံတဲ့အခါမှာ သူတို့က ဦးဆောင်မှုကို ပြုကြတာ ဖြစ်ပါတယ်။ သူတို့က အနားမှာ ရှိတဲ့သူတွေရဲ့ အရည်အချင်းတွေ၊ လုပ်ဆောင်နိုင်စွမ်းတွေကို အကဲခတ်နိုင်ကြပါတယ်။ ဘယ်သူတွေက ဘယ်လိုမျိုး လုပ်ဆောင်နိုင်တာကို သိတဲ့အတွက် သူတို့က စီမံခန့်ခွဲနိုင်စွမ်းလည်း ရှိကြပါတယ်။ လူတွေနဲ့ ပတ်သတ်ပြီး သိသလို ကိုယ့်ကိုယ်ကို ဘယ်လောက် လုပ်နိုင်စွမ်း ရှိသလဲဆိုတာကိုပါ သူတို့က သိကြပါတယ်။

(၃) ဦးဆောင်တတ်တယ်
သူတို့ရဲ့ အကြီးမားဆုံး အရည်အချင်း တစ်ခုကတော့ ခေါင်းဆောင်နိုင်စွမ်း ရှိကြတာပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်ချင်လွန်းတာထက် ခေါင်းဆောင်ဖို့ အရည်အချင်းကို ရှိနေတာမျိုး ဖြစ်ပါတယ်။ ကိုယ်နဲ့အတူရှိတဲ့သူတွေနဲ့ ဘယ်လို ခန့်ခွဲပြီး အလုပ်လုပ်ရမလဲဆိုတာ သိသလို ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်နိုင်စွမ်း ရှိသူတွေ ဖြစ်ပါတယ်။ ဒီအချက်ကပဲ သူတို့ကို ဦးဆောင်နိုင်အောင် စွမ်းဆောင်ကြတာ ဖြစ်ပါတယ်။

(၄) ပြောတတ်ဆိုတတ်တယ်
သူတို့တွေက စကားလည်း ပြောဆိုတတ်ကြပါတယ်။ လူတွေကို နှိမ့်ချ မဆက်ဆံတတ်သလို မြှောက်ပင့်ပြီးလည်း မပြောတတ်ပါဘူး။ လူတိုင်းကို တပြေးညီပဲ ပြောဆိုပြီး သူတို့က အချိန်အခါကိုလည်း နားလည်ကြပါတယ်။ စကားကို လွန်အောင်လည်း မပြောတတ်တာမို့ သူတို့စကားအပေါ် အထအနတောင် ကောက်ဖို့ မလွယ်တတ်ကြပါဘူး။ ဒါကလည်း သူတို့ရဲ့ အရည်အချင်းတစ်ရပ်ပါပဲ။

(၅) သြဇာ ရှိတယ်
သူတို့မှာ ထူးခြားတဲ့အချက်ကတော့ သြဇာ ရှိနေတာပါပဲ။ သြဇာ ရှိတယ်ဆိုတာ ဆုံးမပြီး ဆရာလုပ်နေတတ်တာ မဟုတ်ဘဲ သူတို့စကားပြောတဲ့အခါ သူတို့မှာ နားထောင်စေချင်တတ်အောင် ဖြစ်နေတတ်တာပါပဲ။ သူတို့ပြောတဲ့စကားကို လူတွေက အာရုံစိုက်မိတယ်။ အလေးထား နားထောင်မိတတ်တယ်။ သူတို့ရဲ့ စကားတွေကို အသိအမှတ် အပြုခံရတာမျိုးက သူတို့ရဲ့ ပင်ကို ပါလာတဲ့ သြဇာ ရှိမှု ကြောင့်ပါပဲ။
Kham