Mask ကပ်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက် (၅ )ချက်

Image:freepik.com/azarov74m
Sponsored

Sheet Mask ကပ်တာ ပေး တာ က တော့ အသားအရေ အလှ အပ အတွက် အများကြီး အကျိုး ရှိစေပါတယ်။အ နည်း ဆုံး တစ်ပတ် တစ်ခါ လောက် တော့ ပုံမှန် ကပ် ပေးပါ။Mask နဲ့ ပတ်သက်ပြီး စိတ်ဝင်စား ပြီး အ မေး များလေ့ရှိတဲ့ အ ကြောင်းအရာတွေကိုတော့ siobeauty မှာ အခုလို ဖော်ပြထားပါတယ်။

ဂျပန် က တီထွင်ခဲ့တာ

Image:freepik.com

တကယ်တော့ ဒီ Mask တွေကို စပြီး တီထွင်ခဲ့တာက တော့ ဂျပန်ကပါ။လွန်ခဲ့တဲ့ နှစ်ရာ ပေါင်းများစွာ တည်းက Geishas ဂေရှား မယ် တွေ က နေ စ ပေါ်လာခဲ့တဲ့ အရာပါ။သူတို့ တွေ က အလှအပ ကို နေ့စဉ် ထိန်းသိမ်း ဖို့ အတွက် ဖန်တီးမှု မျိုးစုံ တွေ လုပ် ခဲ့ ကြ တာပါ။ဒါက တော့ Sheet Mask တွေ စတင် ပေါ် ပေါက်တဲ့ အစပါ။ဒါ ပေမယ့် လူတော် တော်များများက ကိုရီးယား က စ ပေါ် တယ်လို့ ထင် နေကြတာပါ။

READ
မျက်နှာကို နိုပ်ပေးလိုက်ရုံနဲ့ ၀က်ခြံနဲ့အမာရွတ်ချိုင့်ခွက်တွေကို အရှင်းပျောက်ကင်းစေနိုင်ပါတယ်

မကပ်ခင် မျက်နှာကို သေချာသန့်ရှင်း

Sponsored

ဒါက တော့ အ ရေးကြီးဆုံး အချက်ပါ။မကပ်ခင်မှာ မျက်နှာ ကို သေချာ သန့်ရှင်းပေးပါ။ဒါမှသာ ပိုပြီး ထိရောက်မှု ရှိ စေမှာပါ။သေချာ မသန့်ရှင်းထားတဲ့ မျက်နှာ ပေါ်မှာ ကပ်လိုက်မယ်ဆိုရင် တော့ ဆိုးကျိုးတွေ များစေမှာပါ။မျက်နှာ အတွက် ကောင်းတဲ့ ဗီတာမင် တွေနဲ့ အတူ အညစ်အ ကြေးတွေကိုပါ စုပ်ယူပြီးသား ဖြစ်ကုန်မှာပါ။

Toner လိမ်း

Image:freepik.com/user1301303

မကပ်မှာ အပေါ်မှာ ပြောသလို မျက်နှာကို သေချာ သန့်ရှင်းပြီးပြီ ဆိုရင်တော့ တာဝါ လေးနဲ့ ခြောက် အောင် သုတ် ပါ။ပြီးရင်တော့မျက်နှာမှာ တိုနာ လေးတွေ လိမ်းပေးပါ။ဒါမှသာ မျက်နှာရဲ့ pH Level ကို ထိန်းပြီးသား ဖြစ် နေကာ အ ပေါက် လေးတွေ ကလည်းပွင့်ေ နမှာပါ။ဒါဆိုရင်တော့ Mask ကပ်တဲ့ အခါ မှာ ပိုပြီး ထိ ရောက်မှုရှိ စေပါတယ်။

READ
ပခုံးနဲ့နောက်ကျောမှာ ပေါက်တတ်တဲ့ဝက်ခြံတွေကို သက်သာစေမယ့်နည်းလမ်းများ

အထုပ် ဖောက်တာနဲ့ ထွက်လာတဲ့ အရည်

Image:freepik.com/diana-grytsku

Mask ကပ်မယ်ဆိုပြီး အထုပ်ဖောက်လိုက်တာနဲ့ တစ်ပြိုင်တည်း အရည်တွေ ထွက်လာတာကို သိကြမှာပါ။အဲ့ဒါတွေ က တော့ Serum အရည်တွေပါ။ Serums က တော့ အသား အ ရေကို စိုပြေ၊ဗီတာမင်တွေပြည့်ဝ စေ ပါတယ်။ hyaluronic acid တို့ လို အာဟာရ တွေ ပြည့်ဝ အောင် လဲ ကူညီ ပေးပါတယ်။

Maskရဲ့ အဓိက လုပ်ဆောင်ချက်

Image:freepik.com/atstock-productions

သူ့ရဲ့ အဓိက လုပ်ဆောင် ချက်ကတော့ အသားအရေ စို ပြေ လှပဖို့ အတွက် ကူညီပေးတာပါ။ကျန်းမာတဲ့ အသားအ ရေ ဖြစ်အောင် လိုအပ်တဲ့ အာဟာရ ကို ဖြည့် ပေးတာပါ။ကပ်ပြီး သွား လို့ မျက်နှာ ပြန် ခြောက် သွားရင်တော့ Eye Cream လေး လိမ်း ပေးလို့ ရပါတယ်။

#AUNTYMAY

sponsored