ဝက်ခြံသမားတွေ Skin Care ဝယ်တဲ့အခါ ဦးစားပေးစဉ်းစားသင့်တဲ့ ပါဝင်ပစ္စည်းများ

Freepik- @ Andrea Piacquadio
Sponsored

Skin care ဝယ်ယူတဲ့အလုပ်ဟာ အရမ်းကို စွန့်စားလွန်းရာကျပါတယ်။ ဘယ်လောက်ပဲ ဈေးကြီးတဲ့ ပစ္စည်းတွေပဲဖြစ်ဖြစ် ကိုယ်နဲ့မတည့်ရင် သုံးမရသလို၊ ကိုယ့်လိုအပ်ချက်နဲ့ skin care ထဲပါတဲ့ ပါဝင်ပစ္စည်းတွေဟာလည်း ကိုက်ညီမှုမရှိဘူးဆိုရင် ဘယ်လိုမှ ထူးခြားမှာမဟုတ်ပါဘူး။ ဥပမာ အခုပြောပြပေးမယ့် ဝက်ခြံပျောက်ချင်ရင် ဘယ်လို ပါဝင်ပစ္စည်းတွေပါတဲ့ skincare တွေကို သုံးရမယ်ဆိုတာ ကြည့်လိုက်ကြရအောင်။

Freepik- sri_sakorn42

AHA

Sponsored

ဝက်ခြံကြောင့် ပျက်ဆီးသွားတဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး ကြမ်းတမ်းတဲ့အသားအရေကိုပြန်လည်ချောမွတ်စေပါတယ်။

Niacinamide

ဝက်ခြံကြောင့်ဖြစ်တဲ့ ယောင်ယမ်းမှုတွေကို လျော့ကျစေပြီး ချွေးပေါက်ထဲထိ သန့်စင်မှုပေးပါတယ်။

Freepik- diana.grytsku

Salicylic Acid

မျက်နှာအဆီပိုထွက်မှုတွေကို လျော့ကျစေပြီး ချွေးပေါက်ပိတ်ခြင်းကို ကာကွယ်ပေးပါတယ်။ Salicilic acid ပါတဲ့ မျက်နှာသစ်ဆေးတွေကို အသုံးပြုနိုင်ပါတယ်။

Hyaluronic Acid

ဒီအက်ဆစ်ကတော့ ရေဓာတ်ဖြည့်ပေးတဲ့ အက်ဆစ်ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဝက်ခြံသမားတွေဟာ ချွေးပေါက်ပိတ်လွယ်တာကြောင့် အသားအရေရေဓာတ်ဖြည့်ဖို့အတွက် တွေ့ကရာ moisturizer သုံးလို့ မရပါဘူး။ ဒါကြောင့် hyaluronic acid ကို အခြေခံတဲ့ moisturizer ကို အသုံးပြုနိုင်ပါတယ်။ ဒီအပြင် HA ဟာ ဝက်ခြံကြောင့် ခြောက်သွေ့ကြမ်းတမ်းတဲ့ မျက်နှာပြင်ကိုလည်း သက်သောချောမွတ်စေပါတယ်။

READ
မိတ်ကပ်လိမ်းသူတိုင်း သိထားရမယ့် မှန်ကန်တဲ့ မိတ်ကပ်ဖျက်နည်း အဆင့်ဆင့်
Freepik- @Racool_studio

Clay

ရွှံ့စေးပါဝင်တဲ့ toner နဲ့ face mask cream တွေဟာ ချွေးပေါက်ထဲက အညစ်အကြေးနဲ့ အဆီတွေကို သန့်စင်ပေးတဲ့အတွက်ကြောင့် ချွေးပေါက်ပိတ်ပြီး ဝက်ခြံဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။

Argan Oil

ဝက်ခြံထွက်ပြီး အဆီပြန်တဲ့အသားအရေအတွက် argan oil ဟာ တစ်ပတ်ကို ၂ ကြိမ်လောက် လိမ်းပေးခြင်းဖြင့် ဗီတာမင် E ဓာတ်ပြည့်ဝကာ ဝက်ခြံတွေကို ခြောက်သွေ့စေပါတယ်။

Penny

sponsored