ချစ်ရသူနဲ့ရန်ဖြစ်ကြတဲ့အခါမှာ မလုပ်သင့်ဆုံး နဲ့ ရှောင်ရှားသင့်ဆုံး အမှုအယာများ

Sponsored

ရန်ဖြစ်ကြတဲ့အခါမှာပြောမိကြတဲ့စကားတွေက တစ်ယောက်နဲ့တစ်ယောက်ကို ထိခိုက်စေတယ်။ ရန်ဖြစ်ပြီးကြတဲ့အခါမှာလည်း ဒီစကားတွေက နာကျင်စေပြီး အိမ်ထောင်ရေးကို ပျက်စီးစေတယ်။ ဒါကြောင့် ဒီအမှုအယာတွေက ရန်ဖြစ်နေတဲ့အချိန်မှာ ၊ ရန်ဖြစ်ပြီးကြတဲ့အခါမျိုးမှာ မလုပ်သင့်ဆုံး နဲ့  ရှောင်ရှားသင့်ဆုံး အမှုအယာတွေပဲဖြစ်တယ်။

(၁) မိသားစုဝင်တွေကို ၀င်မပါ ခိုင်းပါနဲ့ 

သင့်တို့နှစ်ယောက် ရန်ဖြစ်နေတဲ့ကြားထဲကို မိသားစုဝင်တွေကို ၀င်မပါ မိစေပါနဲ့။ တကယ်လို့ မိဘတွေကို ရန်ဖြစ်နေတဲ့အကြောင်း ပြောလိုက်မိရင် သင့်တို့နှစ်ယောက်ကြားပြဿနာက ပိုရှုပ်သွားတယ်။ သင်တို့လင်မယားနှစ်ယောက် ရန်ဖြစ်တဲ့ကိစ္စတွေကို မိဘကို တိုင်ပြောပြီး ဖြေရှင်းခိုင်းတာ ကောင်းတဲ့ရလဒ်တော့ ဖြစ်လာမယ်မထင်ပါဘူး။ လင်မယားဆိုတာက လျှာနဲ့သွား လိုပါပဲ။ ရန်ဖြစ်တိုင်း မိဘတွေ ၊ မိသားစုဝင်တွေကို ကြားဝင်ဖြေရှင်းခိုင်းနေရင် သင်တို့အိမ်ထောင်ရေးအတွက်မကောင်းနိုင်ပါဘူး။

(၂) အကြမ်းဖက်တာတွေ မလုပ်မိပါစေနဲ့ 

Sponsored

ရန်ဖြစ်ကြတဲ့အခါ လူတွေက သူတို့ရဲ့ဒေါသတွေကို မထိန်းချူပ်နိုင်တော့ဘဲ အဆိုးဆုံးတွေဖြစ်လာတတ်တယ်။ တချို့က လက်ပါတတ်တယ်။ အကြမ်းဖက်တာတွေလုပ်တတ်တယ်။ ဘယ်လောက်ထိပဲ ဒေါသထွက်နေကြပါစေ သင့်ကိုယ်သင်ရော နဲ့ သင့်ယောကျာ်းကိုလည်း အကြမ်းဖက်တာတွေ လုပ်ဖို့ခွင့်မပြုမိစေနဲ့။ သင်ချစ်ရတဲ့သူကို အကြမ်းဖက်လိုက်တာက သင့်ကိုချစ်ရတဲ့သူတစ်ယောက်လျော့နည်းသွားစေပြီး အချစ်တွေကနေ အငြိုးတွေဖြစ်လာစေတယ်။

READ
စတိုင်ကျ၊ လှပပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ စူပါ မေမေဖြစ်အောင်... ဒီစာလေးကိုဖတ်ပေးပါ။

(၃) မဆီမဆိုင် အရင်က အကြောင်းတွေ ထည့်မပြောမိပါစေနဲ့ 

ရန်ဖြစ်ရတဲ့အကြောင်းရင်းက သေးသေးလေးဆိုရင်တောင် မဆီမဆိုင် အရင်ကအကြောင်းတွေနဲ့ ရောနှောပြီးထည့်မပြောမိပါစေနဲ့။ သင်က ဒီပြဿနာကို မကျေနပ်တာဆိုရင် ဒီပြဿနာအကြောင်းကိုပဲ ပြောသင့်ပါတယ်။ အရင်ကမကျေမနပ်တာတွေကိုပါ စုပေါင်းပြီးပြောနေရင် ပြဿနာက ပိုကြီးသွားစေပြီး သင့်တို့ရဲ့ အိမ်ထောင်ရေးဘ၀ကို အဖုအထစ်တွေဖြစ်လာစေတယ်။

(၄) အများရှေ့မှာ ဘယ်တော့မှ ရန်မဖြစ်ကြပါနဲ့ 

တကယ်လို့ မကျေနပ်စရာရှိခဲ့ရင်တောင် အများရှေ့မှာ ရန်ဖြစ်လိုက်ဖို့ သင့်ကိုယ်သင်ရော ၊ သင့်ယောကျာ်းကိုရော ခွင့်မပြုမိပါစေနဲ့။ တကယ်လို့ အများရှေ့မှာ တစ်ယောက်ကို တစ်ယောက် အော်ဟစ်ပြောဆိုနေတာက တစ်ယောက်ကိုတစ်ယောက် လေးစားမှုမရှိတာပါ။ ဒါကြောင့် ရန်ဖြစ်မယ်ဆိုရင်တောင် တစ်ယောက်ကိုတစ်ယောက် ငဲ့ပြီး အိမ်ရောက်မှ အေးအေးဆေးဆေးဖြေရှင်းကြတာကောင်းပါတယ်။

(၅) ကွာရှင်းဖို့ အကြောင်း မပြောသင့်ပါဘူး

ရန်ဖြစ်နေတဲ့အချိန်မှာ ကွာရှင်းရအောင် ဆိုတဲ့စကားကို မပြောမိပါစေနဲ့ ။ ဒီစကား အပြောခံလိုက်ရတဲ့သူ အတွက်လည်း အကြီးအကျယ်ထိခိုက်စေတယ်။ ရန်ဖြစ်တိုင်း ဒီစကားကို ထပ်ခါထပ်ခါပြောနေရင် ကွာရှင်းရဖို့က တကယ်ဖြစ်လာတတ်တယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြရင် ဘယ်တော့မှာ ကွာရှင်းရဖို့ကို မပြောမိပါစေနဲ့။

READ
တကယ့်မီးတွေနဲ့ Wedding Photo ရိုက်ခဲ့တဲ့သတို့သမီး​နောက်ဆုံးဘာဖြစ်သွားလဲ
Hannwe Soe (Auntymay) 
sponsored