သူ့ရဲ့ ထူးခြားတဲ့ အနုပညာအရည်အချင်းတစ်ခုကို ထုတ်ပြလိုက်တဲ့ Jung Hae In

IG/holyhaein
Sponsored

သရုပ်ဆောင် Jung Hae In ကတော့ သူဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ကို ပြပြီး ပရိသတ်ကို အံ့သြစေခဲ့ပါတယ်လို့ koreaboo ကနေ ရေးသားထားခဲ့ပါတယ်။

 

 

View this post on Instagram

 

‘어느 가을날, 한강 그리고 노을’ -정해인-

A post shared by 정해인 (@holyhaein) on

Sponsored

သရုပ်ဆောင်တစ်ယောက်အနေနဲ့ သူ့ရဲ့ အနုပညာအရည်အချင်းကို ပရိသတ်တွေက သိနေခဲ့ကြပေမယ့် အခုလိုမျိုး သူ့ရဲ့ စွမ်းရည်အသစ်ကိုတော့ ပရိသတ်တွေက အံ့သြခဲ့ကြရပါတယ်။ သူကတော့ ပန်းချီဆွဲထားတဲ့ ပုံကို One fall day, Han River and Sunset ဆိုတဲ့ စာသားနဲ့အတူ IG မှာ တင်ထားခဲ့ပါတယ်။ ဒီအတွက် ပရိသတ်တွေက အံ့သြခဲ့ကြပါတယ်။

 

သူက Puradak Chicken နဲ့ အလုပ်တွဲလုပ်နေခဲ့တာ ဖြစ်ပြီး Puradak Chicken ရဲ့ ထုတ်ပိုးမှုအတွက် ဒီဇိုင်းကို ပန်းချီဆွဲပေးခဲ့တာ ဖြစ်ပါတယ်။ သူ ပန်းချီဆွဲနေခဲ့တာကိုလည်း ဗီဒီယို အဖြစ် ရိုက်ကူးထားခဲ့ပါသေးတယ်။

READ
တစ်ဘဝလုံးစာ လက်တွဲဖော်အဖြစ် ရွေးချယ်သင့်တဲ့ ယောက်ျားမျိုးဆိုတာ....

 

 

View this post on Instagram

 

#푸라닭 @holyhaein Edition #홀리해인_에디션

A post shared by 정해인 (@holyhaein) on

ကြော်ငြာအတွက်လို့ ဆိုပေမယ့် Puradak Chicken ဘက်ကတော့ ဒီဇိုင်းအတွက် ဘာတစ်ခုမှ တောင်းဆိုညွှန်ကြားမှု မလုပ်ထားပါဘူးလို့ ပြောပါတယ်။

ရုပ်ရည်နဲ့ သူ့ရဲ့ သရုပ်ဆောင်ပိုင်းအရည်အချင်းတွေအပြင် သူကတော့ ပန်းချီဆွဲနိုင်တဲ့ အနုပညာအရည်အချင်းပါ ရှိနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ “ဒီလိုမျိုး ပန်းချီပါ ဆွဲတတ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး” “ဘယ်လိုတွေတောင် အရည်အချင်းတွေက ပြည့်စုံနေတာလဲ” “သူဆွဲထားတယ်ဆိုတာကို လုံးဝ မယုံနိုင်လောက်အောင် အံ့သြမိတယ်” စသဖြင့် မှတ်ချက်ပေးထားခဲ့ကြပါတယ်။

READ
ဖေဖော်ဝါရီလဖွားလေးတွေရဲ့ မွေးရာပါစိတ်နေစိတ်ထားနဲ့ သူမတူတဲ့အားသာချက် (၁၀) မျိုး

Kham

sponsored