သရုပ်ဆောင် တစ်ယောက်အနေနဲ့ သူကြုံရတဲ့ အခက်အခဲတွေကို ပြောပြခဲ့တဲ့ Lee Do Hyun

IG/ldh_skylark
Sponsored

မကြာသေးခင်က Dazed Korea မဂ္ဂဇင်းမှာ ဓာတ်ပုံရိုက်ကူးမှုနဲ့ အတူ အင်တာဗျူးတစ်ခုကို သရုပ်ဆောင် Lee Do Hyun က ပြုလုပ်ခဲ့ပါတယ်။ ဒီအင်တာဗျူးမှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ သူ ကြုံရတဲ့ အခက်အခဲတွေနဲ့ သရုပ်ဆောင်ဘဝက သူ့ရဲ့ နေ့စဉ်ဘဝကိုပါ ဘယ်လောက်ထိ သက်ရောက်မှု ရှိနေလဲဆိုတာကို ပြောပြခဲ့ပါတယ်။

 

Sponsored

သူကတော့ JTBC က ထုတ်လွှင့်နေတဲ့ 18 Again မှာ ပါဝင်သရုပ်ဆောင် နေပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ ဇာတ်ရုပ်နှစ်မျိုး ကို သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်က သူ့အတွက် ပိုပြီး နာမည်ရလာစေတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

READ
သံပရိုရေနွေး တစ်နေ့တစ်ခွက် သောက်ခြင်းဖြင့်ရလာမယ့် အံ့မခန်းအကျိုးကျေးဇူး (၆)မျိုး

 

သူကတော့ သူ့ရဲ့ သရုပ်ဆောင်အလုပ်နဲ့ ပတ်သတ်ပြီး သူ့မှာ ကြုံရတဲ့ အရာတွေကိုလည်း ပြောပြခဲ့ပါတယ်။ သူက ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေ ကြည့်နေတဲ့အခါ ဘယ်သူတွေက ဘယ်လို သရုပ်ဆောင်သွားတယ်ဆိုတာကို အမြဲ ကြည့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး ကြည့်တဲ့အခါမှာ သြော် သူကတော့ ဒီလိုနေရာမှာ ဒီလို အသက်ရှူ အသွင်း၊အထုတ်ကို ပြောင်းလဲလိုက်တာကိုး စသဖြင့် ကြည့်ရှုပြီး ကိုယ် သရုပ်ဆောင်တဲ့အခါ ဒီလိုမျိုး ပြန်ကြိုးစား သရုပ်ဆောင်ကြည့်မယ်ဆိုပြီး တွေးဖြစ်တတ်ပါတယ်လို့ ဆိုပါတယ်။

 

 

View this post on Instagram

 

오늘은 #18어게인 #에이틴어게인 #이도현

A post shared by 이도현 (@ldh_sky) on

Lee Do Hyun ကတော့ သူ့ရဲ့ ဒီလို အကျင့်က သူ့ကို အခက်အခဲ ဖြစ်စေတဲ့အရာကို ထပ်ပြီး ပြောခဲ့ပါသေးတယ်။ တကယ်တော့ ကျွန်တော်က ရုပ်ရှင်ကို သက်တောင့် သက်သာလေး ကြည့်ချင်မိတယ် ပရိသတ် တစ်ယောက်လိုပေါ့၊ ဒီလိုမျိုး ရုပ်ရှင်ကနေ သရုပ်ဆောင် ပညာကို သတိမထားဘဲ ပရိသတ်လို ကြည့်နိုင်ဖို့ ကျွန်တော့်အတွက် အတော့်ကို ခက်ခဲပါတယ်လို့ သူက ပြောခဲ့တာပါ။

READ
ရင်းနှီးသူတွေ အပေါ်ကိုတောင်မှ မနာလို ဝန်တိုစိတ်ရှိသူတွေရဲ့ အမူအကျင့်များ

 

သူ့ရဲ့ သရုပ်ဆောင်ခြင်းနဲ့ ပတ်သတ်တဲ့ ရည်မှန်းချက်ကိုလည်း အင်တာဗျူးမှာ ဖြေခဲ့ပါသေးတယ်။ ကျွန်တော်က လူတွေ ယုံကြည်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာချင်ပါတယ်။ ပရိသတ်တွေက Lee Do Hyun ပါတဲ့ ဇာတ်လမ်းဆိုရင် ကြည့်မယ်ဆိုတာမျိုး ပြောတာတွေကို လိုချင်မိပါတယ်။ ကျွန်တော့်ရဲ့ သရုပ်ဆောင်နိုင်စွမ်းကို ပရိသတ်တွေက ယုံကြည်လာတာမျိုးကို ဖြစ်စေချင်ပါတယ်လို့ ဖွင့်ဟခဲ့ပါတယ်လို့ soompi ကနေ ရေးသားထားခဲ့ပါတယ်။

Kham

sponsored