ဒရမ်မာဇာတ်ကား တစ်ပိုင်းစာကို ရတဲ့ အနုပညာကြေးက မင်းသား တစ်ယောက် နဲ့ တစ်ယောက် မတူပါဘူး။မသိမသာ ကွာ တာ ရှိသလို တစ်ယောက် နဲ့ တစ်ယောက် ကြေးက အရမ်းကွာတာ မျိုးတွေ လည်း ရှိပါတယ်။ဒါကတော့ အဲ့ဒီ မင်းသားရဲ့ နာမည် ကျော်ကြားမှု၊ အနုပညာဝမ်းစာ ပြည့်မှု၊ပရိသတ်အားပေးမှု အပေါ် မူတည်ပြီး ကွာခြားတာပါ။ဒရမ်မာဇာတ်ကား တစ်ပိုင်းစာ အတွက် အမြင့်ဆုံး အနုပညာကြေး ရခဲ့ဖူးတဲ့ မင်းသားစာရင်းကိုတော့ kstarlive မှာ အခုလို ဖော်ပြထားပါတယ်။
#5 Lee Jongsuk
View this post on Instagram
Lee Jongsuk ကလည်း ကိုရီးယားရဲ့ နာမည်ကြီး မင်းသားတွေ ထဲက တစ်ယောက်ပါ။အနုပညာကြေး မြင့်တဲ့ မင်းသားတွေထဲမှာ ပါပါတယ်။’While You were Sleeping’ ဇာတ်ကားရိုက်တုန်းက ဆိုရင် တစ်ပိုင်းစာကို အမေရိကန် ဒေါ်လာ 110,000 ရခဲ့ပါတယ်။ဒီကားမှာ အပိုင်း (၁၆) ပိုင်း ပါဝင်ပါတယ်။မင်းသမီးက တော့ Suzy ပါ။
#5 Lee Seunggi
View this post on Instagram
‘Vagabond’ မှာ သူရတဲ့ အနုပညာကြေး တော်တော်များပါတယ်။ဒီကားမှာ မင်းသမီးက Suzy ပါ။တစ်ပိုင်းစာကို အမေရိကန် ဒေါ်လာ 110,000 ရခဲ့ တာပါ။အပိုင်း ၁၆ ပိုင်း ပါဝင်ပါတယ်။
#4 Lee Byunghun
View this post on Instagram
Lee Byunghun ကလည်း ကိုရီးယားရဲ့ ၀ါရင့်စီနီယာ ထိပ်တန်း မင်းသားတစ်ယောက်ပါ။’Mr. Sunshine’ မှာ သူရတဲ့ တစ်ပိုင်းစာ အနုပညာ ကြေးက အမေရိကန် ဒေါ်လာ 135,000 ပါ။အပိုင်းကလည်း ၂၄ ပိုင်း တောင် ပါပါတယ်။
#2 Song Joongki
View this post on Instagram
‘Arthdal Chronicles’ နဲ့ သူရတဲ့ အနုပညာကြေးက တော့ အမေရိကန်ဒေါ်လာ 165,000 ပါ။Season 1 မှာ အပိုင်း ၁၈ ပိုင်း ပါဝင်ပါတယ်။နောက် Season တွေ ဘယ်တော့ လာ မလဲ ဆိုပြီး ပရိသတ် စောင့်မျှော်နေကြပါတယ်။
#2 Kim Soohyun
View this post on Instagram
Kim Soohyun က တော့ တောင်ကိုရီးယားရဲ့ ၀င်ငွေ အကောင်းဆုံး မင်းသားပါ။ဇာတ်ကားတစ်ကားဆို ဆိုသလောက် ရတဲ့ အနု ပညာ ကြေးက တော်တော်များပါတယ်။’It’s Okay to Not Be Okay’ ဇာတ်ကားမှာတော့ တစ်ပိုင်းစာကို အမေရိကန်ဒေါ်လာ 165,000 ရပါတယ်။ အပိုင်း ၁၆ ပိုင်း ပါဝင်ပါတယ်။
#1 Bae Yongjoon
View this post on Instagram
နံပါတ်တစ်နေရာမှာ ရှိနေသူက တော့ မင်းသား Bae Yongjoon ပါ။၂၀၀၀ ခုနှစ်ဝန်းကျင် တုန်းက ဆိုရင် သူ့ရဲ့ ဒရမ်မာဇာတ်လမ်း တွဲ တွေ ကို TV မှာ ထိုင် စောင့်ကြည့်ခဲ့ရတာပါ။သူ့ခေတ်သူ့ အခါ တုန်းက အရမ်းကို အောင်မြင်ခဲ့တဲ့ မင်းသားပါ။သူရိုက်ခဲ့တဲ့ ‘The Legend’ ဆိုတဲ့ ဇာတ်ကား ဆိုရင် တစ်ပိုင်းကို အမေရိကန် ဒေါ်လာ 230,000 ရခဲ့ပါတယ်။အပိုင်းကတော့ ၂၄ ပိုင်း ပါပါတယ်။
View this post on Instagram
View this post on Instagram
#AUNTYMAY