လှူဒါန်းမှုတွေအတွက် ဒေါ်လာ ၁၀ သန်းကျော် သုံးစွဲခဲ့တဲ့ သရုပ်ဆောင် Jang Na Ra

IG/nara0318
Sponsored

ရွေးနီမလေးရဲ့ ချစ်ပုံပြင်ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့အတူ မြန်မာပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ခဲ့တဲ့ မင်းသမီးလေး Jang Na Ra ကတော့ အလှူအတန်းတွေ ပြုလုပ်ရာမှာ ရက်ရောလွန်းတဲ့သူလို့ နာမည်ကြီးတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ အသက် ၃၉ နှစ် ရှိနေပြီ ဖြစ်ပြီး အောင်မြင်နေဆဲ သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

Sponsored

သူမကတော့ လှူဒါန်းမှုတွေ ပြုလုပ်ရာမှာ နာမည်ကြီးသလို သတင်းမီဒီယာတွေ မသိအောင်လည်း လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ သတင်းတွေအရတော့ သူမရဲ့ လှူဒါန်းထားမှုတွေ စုစုပေါင်းက တောင်ကိုရီးယား ဝမ် ၁၃ ဘီလီယံကျော် ရှိနေပြီ အမေရိကန်ဒေါ်လာနဲ့ဆို ၁၀ သန်း ကျော် ရှိနေပြီ ဖြစ်ပါတယ်လို့ allkpop ကနေ ဖော်ပြထားပါတယ်။ တကယ်တမ်းတော့ လူမသိ သူမသိနဲ့ မီဒီယာတွေ မသိလိုက်တဲ့ လှူဒါန်းမှုတွေလည်း အများကြီးရှိတဲ့အတွက် တကယ် လှူဒါန်းထားတဲ့ စုစုပေါင်းငွေကိုတော့ အတိအကျ မသိနိုင်ပါဘူး။ သူမကတော့ ကြော်ငြာ ရိုက်ကူးရေးတွေ လုပ်လို့ ရသမျှ ငွေတွေကို လှူဒါန်းတဲ့သူဆိုတာကိုလည်း ပရိသတ်တွေက သိထားပြီးသား ဖြစ်ကြပါတယ်။

 

 

View this post on Instagram

 

시작은 좋았다..ㅎ

A post shared by 장나라 (@nara0318) on

သူမ ဖြေခဲ့ဖူးတဲ့ အင်တာဗျူးတစ်ခုမှာတော့ ဘာကြောင့် မီဒီယာတွေကို အသိမပေးဘဲ အလှူလုပ်ရတာလဲဆိုတဲ့ အမေးကိုလည်း ဖြေခဲ့ပါသေးတယ်။ ဒီငွေတွေက ပရိသတ်တွေကြောင့် သူ ရရှိလာတဲ့ ငွေတွေဖြစ်လို့ သူ့ငွေ အစစ်အမှန်တော့ မဟုတ်ပါဘူး လို့ ဖြေသွားခဲ့တာပါ။ သူမရဲ့အေဂျင်စီကလည်း “မင်းသမီး Jang Na Ra က ငွေတွေ ပေါလွန်းလို့ လှူဒါန်းနေတာမျိုးတော့ မဟုတ်ပါဘူး။ သူမက မိသားစုရဲ့ ဆောင်ပုဒ်တစ်ခုဖြစ်တဲ့ ပန်းတွေကို မျှဝေပေးလိုက်တာက ကိုယ့်လက်ထဲ ရနံ့တွေတော့ ကျန်စေပါတယ် ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြုမူနေတာပါ”လို့ ဆိုပါတယ်။

မျှဝေတတ်တဲ့ စိတ်နှလုံးသားကောင်းကြောင့် အခုလိုမျိုး အရွယ်တင်နုပျိုလှပနေတဲ့ ပုံရိပ်နဲ့အတူ သူမကတော့ အမြဲ လန်းဆန်းနုပျိုနေတာပါပဲနော် …

Kham

sponsored