အနုပညာရှင်တစ်ယောက်ကို သဘောကျခြင်းကြောင့် ရလာမယ့် ကောင်းကျိုးလေးများ

IG/leeminho_mino
Sponsored

ရုပ်ရှင်ကားတွေကို ကြည့်ရင်း သီချင်းတွေကို နားထောင်ရင်း အနုပညာရှင်တစ်ယောက်ယောက်ကို သဘောကျလိုက်တာဆိုပြီး သူ့ရဲ့ ပြုမူပုံတွေကအစ သူ့ရဲ့ အလုပ်တွေကိုပါ ကြွေရတာမျိုးကို နားလည်ကြမယ် ထင်ပါတယ်။ ချစ်သူထားဖို့ ခံစားချက် မဟုတ်ပါဘဲ ကိုယ်က သူ့ကို သဘောကျနေတတ်တာမျိုးပါ။ ဒီလို အနုပညာရှင် တစ်ယောက်ယောက်ကို သဘောကျနေမိတာက အခုလိုကောင်းကျိုးတွေ ရှိနေပါတယ်။

၁။ စိတ်ဖိစီးမှုကို လျော့ကျစေတယ်

Sponsored

အနုပညာရှင် တစ်ယောက်ကို နှစ်သက်နေရတာက တကယ်ပဲ စိတ်ကျေနပ်စရာ ကောင်းပါတယ်။ သူ့ရဲ့ တလွဲလုပ်ဟန်လေးတွေ၊ ရယ်တဲ့ပုံစံလေးတွေ၊ သူ ဘာတွေ လုပ်နေတယ်ဆိုတာကို သိရတာလေးတွေက ကိုယ့်ရဲ့ တစ်နေ့တာ အမောတွေကို ပြေစေရုံသာမက စိတ်ညစ်တဲ့ အချိန်ဆိုရင် စိတ်ဖိစီးနေတာတွေကိုတောင် လျော့ကျသွားစေနိုင်ပါတယ်။

Photo by Andrea Piacquadio from Pexels

၂။ ပျော်ရွှင်ရစေတယ်

ပျော်စရာကောင်းတဲ့ အချက်လည်း ဖြစ်နေပါသေးတယ်။ ဓာတ်ပုံအသစ်ထွက်တိုင်း လိုက်ကြည့်တာ၊ သူ့ရဲ့ ဇာတ်လမ်းအသစ်ကို လိုက်ကြည့်တာမျိုးကလည်း ကိုယ့်ကို ပျော်ရွှင်မှု ပေးပါတယ်။ သူ ရယ်လိုက်တာနဲ့ ကိုယ်ပါ လိုက်ရယ်မိတဲ့အထိ ကိုယ်ကြိုက်တဲ့ အနုပညာရှင်က ကိုယ့်ကို အဲ့သလို ပျော်ရွှင်စေနိုင်ပါတယ်။

READ
စစ်မှုထမ်းတာဝန်ပြီးမြောက်ပြီး ပရိသတ်တွေဆီပြန်လာပြီဖြစ်တဲ့ Kim Soo Hyun
Photo by Andrea Piacquadio from Pexels

၃။ အနားယူဖြစ်တယ်

အနုပညာရှင် တစ်ယောက်ကို သဘောကျမိတဲ့အခါ သူ့အတွက် အချိန်ပေးဖို့ပါ ကြိုးစားမိတတ်လာပါတယ်။ သူ့ရဲ့ အနုပညာအလုပ်တွေက ဘာတွေလဲ လိုက်ကြည့်ဖြစ်သလို သူ့ရဲ့ ပွဲအသစ်ကို အချိန်တစ်ခုပေးပြီး ကြည့်ဖြစ်မယ်။ သူ့ရဲ့ ရုပ်ရှင်အသစ်ကို အိပ်ရာပေါ်မှာ ဇိမ်နဲ့ ကြည့်မယ်၊ စသဖြင့် အချိန်ပေးဖြစ်ပြီး ကိုယ့်ကိုယ်ကို အနားယူရတဲ့ အချိန် ပေးဖြစ်သွားတတ်ပါတယ်။

Photo by Andrea Piacquadio from Pexels

၎။ စိတ်ကြည်လင်စေတယ်

အနုပညာရှင် တစ်ယောက်ကို ကြိုက်မိတဲ့သူအဖို့ သူ့ရဲ့ ပုံရိပ်တွေကို ကိုယ့်အနားမှာ အလှဆင်ထားတတ်ပါတယ်။ ဖုန်းထဲမှာ wallpaper အဖြစ် ထားထားတာ၊ အိပ်ခန်းထဲမှာ သူ့ပုံလေးတွေ ကပ်ထားတာ၊ စသဖြင့် သူ့ပုံရိပ်တွေက ကိုယ့်အနားမှာ အမြဲ ရှိနေတာပါ။ ဒီအချက်က ကိုယ်က သူ့ကို တွေ့လိုက်တိုင်း ကိုယ့်စိတ်တွေကို လန်းဆန်းသွားစေပြီး ကြည်လင်မှုတွေပါ ဖြစ်သွားစေပါတယ်နော်။

READ
ဇနီးသည်ဟာ သူ့ဘဝရဲ့ ဆုလာဘ်လေးပါလို့ တင်စားလိုက်တဲ့ သားငယ်
Photo by Andrea Piacquadio from Pexels

၅။ ခွန်အားရတယ်

စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေ ရှိနေတဲ့ ဘဝကြီးမှာ ကိုယ့်ကြိုက်တဲ့ အနုပညာရှင်က ကိုယ့်အတွက် ခွန်အားတစ်ခုပါပဲ။ လူတွေက ကိုယ်နဲ့ ခံစားမှုချင်းနီးစပ်တဲ့သူ၊ ကိုယ့်စိတ်ကူးအိပ်မက်အတိုင်း ရှိတဲ့သူကိုသာ နှစ်သက်မိကြတာပါ။ ကိုယ့်အနုပညာရှင် ရင်ဖွင့်တဲ့ ခံစားချက်တွေ၊ သူက ဘဝမှာ စိတ်ပင်ပန်းချိန်မှာ ဘယ်လိုနေထိုင်တယ်ဆိုတာတွေကို ကိုယ့်ကိုပါ ခွန်အား ဖြစ်စေပြီး သူ့လိုမျိုး သူ့နည်းအတိုင်း နေထိုင်မယ်ဆိုတဲ့ စိတ်ခွန်အားတွေပါ ဖြစ်သွားစေတတ်ပါသေးတယ်။

Kham

sponsored