ကြက်သွန်ဖြူစားသုံးပေးခြင်းဖြင့် ရရှိစေမယ့် ကျန်းမာရေးကောင်းကျိုးများ

Photo by Nick Collins from Pexels
Sponsored

ကြက်သွန်ဖြူက အနံ့ပြင်းတဲ့ အစားအစာ တစ်မျိုး ဖြစ်လို့ ခံတွင်းနံ့ကို ဆိုးစေပါတယ်။ ဒါပေမယ့်လည်း တခြားသော ကျန်းမာရေး ကောင်းကျိုးတွေလည်း ရှိလို့ နေပါသေးတယ်။ ကြက်သွန်ဖြူကို ကြိုက်နှစ်သက်သူတွေနဲ့ ကြက်သွန်ဖြူစားတဲ့သူတွေအတွက် ကြက်သွန်ဖြူက ပေးတဲ့ ကျန်းမာရေး ကောင်းကျိုးတွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ်။

၁။ အစာကြေစေပါတယ်

Sponsored

အများသိတဲ့အတိုင်း ကြက်သွန်ဖြူက အစာခြေစနစ်ကို ပံ့ပိုးပေးတဲ့ စားစရာ တစ်မျိုး ဖြစ်ပါတယ်။ အစားစားတဲ့အခါ ကြက်သွန်ဖြူကို တွဲဖက်စားသုံးပေးမယ်ဆိုရင် အစာခြေစနစ်ကို ပိုပြီး ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အစားစားတဲ့အခါ ကြက်သွန်ဖြူကို ထည့်သွင်းစားသုံးပေးခြင်းဖြင့် ပိုပြီး အစာမြိန်စေပါတယ်။

Photo by Buenosia Carol from Pexels

၂။ အရိုးတွေကို သန်မာစေတယ်

အမျိုးသမီးတွေက အသက်ကြီးလာလေ အရိုးတွေရဲ့ သန်စွမ်းမှုက အမျိုးသားတွေထက် ပိုပြီး လျော့ကျလေပါပဲ။ အရိုးတွေရဲ့ သန်စွမ်းမှုတွေ ကောင်းမွန်နေစေဖို့ ကြက်သွန်ဖြူကို အမြဲတမ်း စားသုံးပေးလို့ ရပါတယ်။ ကြက်သွန်ဖြူက အရိုးတွေ ပျက်ဆီးတာကို နည်းသွားစေမယ့် အကောင်းဆုံး အားဖြည့်အစားအစာ တစ်ခု ဖြစ်ပါတယ်။

READ
ဒီအချက်တွေနဲ့ကိုက်ညီနေပြီဆိုရင် သင်ဟာဆွဲဆောင်မှုရှိတဲ့မိန်းကလေးတစ်ယောက်ပါ
Photo by Min An from Pexels

၃။ အယ်လ်ဇိုင်းမား ရောဂါကို ကာကွယ်တယ်

ကြက်သွန်ဖြူမှာ ဓာတ်တိုးဆန့်ကျင်စေတာမျိုးတွေ များစွာ ပါဝင်ပါတယ်။ ဒါကြောင့် ဆဲလ်တွေ ပျက်စီးတာနဲ့ အိုမင်းလာတာရဲ့ ဆိုးကျိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီအချက်ကနေပဲ အယ်လ်ဇိုင်းမာ ရောဂါ ဖြစ်နိုင်ချေကို ပိုပြီး လျှော့ချပေးနိုင်ပါတယ်။

Photo by Artem Beliaikin from Pexels

၎။ အဖျားပျောက်စေတယ်

ကြက်သွန်ဖြူက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရ ကြက်သွန်ဖြူကို နေ့တိုင်း စားပေးတဲ့အခါ ဖျားနာမှုနှုန်းကို ၆၃ ရာနှုန်းအထိ လျှော့ချပစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် တစ်ချို့ဆိုရင် နေမကောင်းဖြစ်တဲ့အခါ ဆေးမသောက်ဘဲ ကြက်သွန်ဖြူစားတာမျိုးကို ပြုလုပ်လေ့ ရှိပါတယ်။

Photo by Skitterphoto from Pexels

၅။ ဗီတာမင်ဓာတ်တွေ ပါဝင်တယ်

ကြက်သွန်ဖြူက ကယ်လိုရီ ပါဝင်မှု အရမ်းနည်းပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူတာ၊ ဗီတာမင် စီ၊ ဗီတာမင် B6 နဲ့ မဂ္ဂနီဆီယမ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေကို ကြက်သွန်ဖြူက ပေးစွမ်းပြီး ခန္ဓာကိုယ်ကို ထိခိုက်မှာမျိုး မရှိပါဘူး။

READ
အချစ်ရေးအပေါ် သူမရဲ့အမြင်ကို ပြောပြလာခဲ့တဲ့ မင်းသမီးချော Ha Jiwon

Kham

sponsored