လိုတာထပ်ပိုပြီး ခေါင်းလျှော်မိတဲ့အခါ ဖြစ်လာနိုင်မယ့် ဆံသားပြဿနာများ

Freepik- prostooleh
Sponsored

ခေါင်းလျှာ်တာဟာ ဦးရေပြားနဲ့ ဆံသားတွေမှာရှိနေတဲ့ ဖုန်တွေ၊ အညစ်အကြေးနဲ့ ချေးတွေကိုပြောင်စေတယ်ဆိုပေမယ့်လို့ တစ်ဖက်မှာလည်း ခေါင်းအရမ်းလျှော်လိုက်တဲ့အခါ ကိုယ့်ရဲ့ဆံသားဟာ မလိုအပ်ဘဲ ခေါင်းလျှော်ရည်တွေနဲ့ ခဏခဏ ထိတဲ့အတွက်ကြောင့် တစ်ဖက်မှာ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ ဆံသားအခြေအနေကို လိုက်ပြီး သင်ဟာ ခေါင်းအရမ်းလျှော်နေမိပြီလားဆိုတာ ကြည့်ရအောင်။

(၁) ဆံသားတွေငြိနေပြီဆိုရင်

Sponsored

ခေါင်းခဏဏလျှော်ခြင်းဟာ ဆံသားတွေမှာရှိနေတဲ့ ကောင်းမွန်းတဲ့အဆီအနှစ်တွေကို ကုန်ခမ်းစေတဲ့အတွက်ကြောင့် ဆံသားတွေဟာ ကြမ်းလာာပြီးတော့ ငြိလာမှာပါ။ ဒါကြောင့် ခေါင်းလျှော်ပြီးတိုင်း ပြန်လည်အားဖြည့်ပေးတဲ့ ပေါင်းဆေးတို့၊ အဆီတို့သုံးပါလို့ ပညာရှင်တွေက ညွှန်ကြားကြတာပါ။

Freepik- beststudio

(၂) ဆံသာနှစ်ခွပြဿနာ

ခေါင်းလျှော်တဲ့အခါ ဆံပင်ကို ပွတ်တိုက်ခြင်းကြောင့် ဆံပင်အဖျားတွေမှာ နှစ်ခွဖြစ်တာတွေ ပိုပြီးများလာပါလိမ့်မယ်။ နောက် ဆံသားလည်း ပြတ်လွယ်လာမှာပါ။

(၃) ဗောက်ထခြင်း

ခေါင်းလျှော်ရည်တွေဟာ ချေးကင်းစင်အောင် သေချာလုပ်ထားတဲ့အတွက် ခေါင်းလျှော်ရည်နဲ့ ထိတွေ့မှုများလာတဲ့ ဦးရေပြားတွေဟာ အဆီအနှစ်မရှိတော့ဘဲ ခြောက်ကပ်လာမှာပါ။ ဒီအတွက် ဆောင်းတွင်းမှာ အရေပြားတွေ ခြောက်ပြီး အဖတ်တွေလန်သလိုမျိုး ဦးရေဟာလည်း ဗောက်တွေထလာမှာပါ။ တချို့က ဗောက်ထတာဟာ ခေါင်းမလျှော်လို့လို့ ထင်နေကြတာ မဟုတ်ပါဘူးနော်။ ခေါင်းအလျှော်လွန်လို့ ဗောက်ထတာပါ။

READ
လူငယ်ဘဝမှာ တစ်ခါလောက် ညှပ်ဖူးကြည့်သင့်တဲ့ ဆံပင်အတို ပုံစံများ
Freepik- reportazh

(၄) ဆံသားတောာက်ပြောင်မှု

ခေါင်းလျှော်ရည်အရမ်းအသုံးများတဲ့အခါ ပြင်ပက ချေးနဲ့အညစ်အကြေးတွေကို ကာကွယ်ပေးနေတဲ့ ဆံသားရဲ့ အပေါ်ယံအဆီလွှာဟာ မရှိတော့ပါဘူး။ ဒါကြောင့် ဆံသားရဲ့တောက်ပြောင်မှုကိုလည်း လျော့နည်းသွားစေပါတယ်။

(၅) ဆံပင်အရောင်မှကြည့်ခြင်း

သင်ဟာ ဆံပင်ဆိုးထားမယ်ဆိုရင်တော့ ခေါင်းလျှော်တာ အရမ်းများနေပြီလားဆိုတာကို ဆံပင်အရောင်ကိုကြည့်ရင်း ဆုံးဖြတ်နိုင်ပါတယ်။ ဆံပင်အရောင်တွေ မွဲလာတာ၊ ခပ်မြန်မြန်အရောင်တွေကျလာပြီဆိုရင်တော့ သင်ဟာ ခေါင်းကို လိုတာထက်ပိုပြီး လျှော်နေမိလို့ပါပဲ။

Freepik- freepik

penny

sponsored